ဇန်န၀ါရီ ၁၄ရက်၊ ၂၀၁၂
ကြံဖွံ မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ ငြိမ်းချမ်းရေး တည်ဆောက်စဉ် ကာလအတွင်း ကရင်ပြည်နယ် ရှေ့တန်း တပ်စခန်းများအတွက် လူသူ လက်နက်ရိက္ခာများ ဖြည့်တင်းလျှက်ရှိသည်ဟု မြင်မျက် သက်သေများက ဆိုသည်။
်
ကေအဲန်ယူနှင့် ကြံဖွံ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က စစ်ကား အများအပြား ကော့ကရိတ် မြ၀တီ ကားတန်း အတက်နေ့တွင် တက်ရောက်လာတာကို တွေ့မြင်ရပြီး အလုံပိတ်ထားသည့် စစ်ကားများလည်း ပါဝင်သည်ဟု မျက်မြင်သက်သေတဦးဖြစ်သည့် ကျုံဒိုးနယ်သား ခရီးသည်တဦးက ပြောဆိုသည်။
အချို့ကားများတွင် စစ်သားများကို တင်ဆောင်ပြီး အလုံပိတ်သည့် ကားများတွင် ရိက္ခာ(သို့မဟုတ်) လက်နက်များကို တင်ဆောင်ခြင်း ဖြစ်နိုင်သည်ဟုလည်း ၄င်းက ဆိုသည်။
ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်ကို အခွင့်ကောင်းယူပြီး တပ်မဟာ ၆နယ်မြေအတွင် ရိက္ခာများ သယ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာ တပ်မဟာ၆ တာဝန်ရှိသူတွေထံ လူလွတ် ခွင့်တောင်းမှုများ ရှိနေသော်လည်း စောသေးသည်ဟုသာ အကြောင်းပြန်လိုက်သည်ဟု တပ်မဟာ ၆ အရာရှိတဦးက ပြောဆိုသည်။
Saturday, January 14, 2012
Subscribe to:
Post Comments (Atom)