Monday, February 6, 2012

ဖိနှိမ့် အနိုင်ကျင့်မှု ရှိလျှင် တန်ပြန် တော်လှန်မှုတွေ ရှိနေစမြဲ

ဆယ်စု နှစ်ပေါင်းများစွာ အာဏာရှင် စနစ်ကို ကျင့်သုံးပြီး နိုင်ငံကို အုပ်ချုပ်နေသည့် မြန်မာ အာဏာရှင် အဆက်ဆက်တို့သည်  ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသား ပြည်သူများကို ထင်ရာစိုင်းပြီး ရမ်းကား ချင်တိုင်း ရမ်းကား နေလျှက် ရှိသည်။ ထိုအထဲ အဆိုးဝါးဆုံးမှာ လူလို ဆက်ဆံ မခံရသည့် အကျဉ်းသား ပေါ်တာ များပင် ဖြစ်သည်။ စစ်အာဏာ ရှင်တို့သည် တိုင်းရင်းသား နယ်မြေအတွင်း စစ်ဆင်ရေး ပြုလုပ်တိုင်း အကျဉ်းသား ပေါ်တာများကို လူသားဒိုင်း အဖြစ်သော် လည်းကောင်း၊ မိုင်းရှင်း ကိရိယာ အဖြစ် သော်လည်းကောင်း၊ အဆမတန် လေးလံသည့် လက်နက် ပစ္စည်းများကို သယ်ယူရာတွင် လည်းကောင်း ခိုင်းစေ အသုံးပြု ခဲ့ကြသည်။ သို့သော်လည်း နေထိုင်မကောင်း ဖြစ်သည့် ပေါ်တာ အကျဉ်းသားများကို ဆေးဝါး ကုသမှု မပေးခြင်း၊ အားအင် ပြတ်လတ်နေသူများကို  လူစိတ်ကင်းမဲ့စွာ ပြစ်ထားခဲ့ခြင်း၊ ပစ်သတ်ခြင်းများကို လူမဆန်စွာ ကျူးလွန်လျှက်ရှိသည်။ ထို ရက်စက် ကြမ်းကြုတ်သည့် ငရဲခန်းကနေ အကျဉ်းသားတချို့ ထွက်ပြေး လွတ်မြောက်မှုများ ရှိခဲ့ပါသည်။ အဆိုပါ အနိုင်ကျင့်မှု ဒဏ် ခံရသည့် လွတ်မြောက် သူများသည် ထို ဖိနှိမ့် အနိုင်ကျင့်မှုတွေကြောင့် ၄င်းတို့ ကိုယ်စီ၏ စိတ်ထဲတွင် နာကျဉ်မှု ဒဏ်ရာကို ရရှိခဲ့ကြပြီး လူမဆန်စွာ အနိုင်ကျင့် ဖိနှိမ့်သူတွေကို ရွံရှာမုန်းတီးသည့် စိတ်ဒဏ်ရာတွေ ရရှိခဲ့ကြသည်။ ထို စိတ်ဒဏ်ရာတွေကြောင့် တချို့ အကျဉ်းသားများ တော်လှန်ရေး အဖွဲ့တွေနှင့် ပူးပေါင်းပြီး လူမဆန်သည့် အာဏာရှင်တွေကို  တန်ပြန် ဆန့်ကျင် တော်လှန်နေကြပြီ ဆိုတာကို အောက်ပါ မှတ်တမ်းက သက်သေပြနေလျှက် ရှိပါသည်။


ယခုမှတ်တမ်းသည် လွန်ခဲ့သည့် နှစ်က ကေအဲန်ယူ၊ ဒီကေဘီအေနှင့် ကျောင်းသားတပ်မတော်တို့ ပြုလုပ်ခဲ့သည့် မာနယ်စိုး စစ်ဆင်ရေးမှ ဖြစ်သည်.။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment