ကရင် တမျိုးသားလုံး၏ စည်းလုံး ညီညွတ်မှုသည် ကရင်အမျိုးသား တရပ်လုံး၏ အောငိမြင်မှု ပန်းတိုင်အတွက် အဓိက မောင်းနှင်အား ဖြစ်တယ်။ ကရင် တမျိုးသားလုံး၏ စုစည်း ညီညွတ်မှု ပြသသော နေ့ကို အောက်မေ့ သတိရပြီး တမျိုးသားလုံး ညီညီ ညွတ်ညွတ်ဖြင့် ကရင် အမျိုးသား အလံတော် အောက်တွင် ကေအဲန်ယူမှ ချမှတ်ထားသော နိုင်ငံရေး လမ်းစဉ် အောက်တွင် အတူတကွ လှုပ်ရှား ဆောင်ရွက်ရင်း အောင်မြင်မှု ပန်းတိုင်ကို ဆွတ်ခူးသွားကြပါ။ (KNU ဥက္ကဌ ဗိုလ်ချုပ် တာမလာဘော၏ ၆၄နှစ်ပြည့် ကရင့်အမျိုးသားနေ့ သ၀ဏ်လွာမှ)
နိုင်ငံရေးအရ ဆွေးနွေးမယ့် အခါကျရင် ကျနော်တို့က ဘယ်လို တောင်းဆိုလဲ ဆိုလို့ရှိရင် ကျနော်တို့ ကရင်တွေ အားလုံး စုစုစည်းစည်းနဲ့ ကေအဲန်ယူရော ကလိုထူးဘော တို့ရော ကျနော်တို့ရော အားလုံး တခြား အဖွဲ့အစည်းတွေ ကရင် အဖွဲ့အစည်းတွေ စုပေါင်းပြီး ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျနော်တို့ လုပ်မှာ ဖြစ်ပါတယ်။ ( KNU/KNLA ငြိမ်းကောင်စီမှ ဗိုလ်မှူးချုပ် တီမသေ၏ RFAနှင့် အင်တာဗျူးမှ)
ကရင် လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပ ကရင် လူမှု အဖွဲ့အစည်းတွေ ဘာသာရေး နိုင်ငံရေး အဖွဲ့အစည်းတွေပါ အားလုံး ပါဝင်နိုင်တဲ့ အမျိုးသား ညီလာခံကြီး ဆောင်ရွက်ဖို့လည်း မျှော်လင့်ပါတယ်။ (DKBAကလိုထူးဘော ပြောခွင့်ရ ဗိုလ်မှူး စောလုံ့လုံ၏ ဒီဗီဘီနှင့် အင်တာဗျူးမှ)
ကျနော်တို့ အမြဲတမ်း ပြောနေတာ ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့နဲ့ DKBAဟာ ရန်သူမဟုတ်ပါဘူး၊ ကျနော်တို့လည်း သူတို့နဲ့ မတိုက်ချင်ပါဘူး။ ကျနော်တို့ အချိန်မရွေး သူတို့နဲ့ စကားပြောနိုင်ပါတယ်။ (KNU မှ ဗိုလ်မှူးချုပ် စောဆာာဂေ၏ ဧရာဝတီနှင့် အင်တာဗျူးမှ)
ကြံဖွံ-သိန်းစိန် အစိုးရမှ ကရင့် တော်လှန်ရေးကို အပြီးသတ် ခြေမှုန်းရန် ဥာဏ်နီ ဥာဏ်နက်များ ထုတ်သုံးပြီး တစိုက်မှတ်မှတ် လုပ်ဆောင်နေသည့် အချိန် မိမိတို့မှ အောက်ပါ အတိုင်း ပြင်ဆင်ရန် အကြံပြုပါသည်။
(၁) ကရင့်တော်လှန်ရေးကို ကျားကန်ရန် (နိုင်ငံတကာ ကရင်အဖွဲ့ချုပ်ကို ဖွဲ့စည်းကြ)
(၂) ကရင် လူမှု အဖွဲ့အစည်းအတွင်း ကျယ်ပြန့်သည့် (ကရင့် အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းကြ) (ကရင့်တပ်မှူးဟောင်း မန်းရောဘတ်ဇန်၏ ကေအဲန်ယူသို့ ပေးစာမှ)
အဲခေါင်သောင့် ရှာဖွေ တင်ပြသည်။
Sunday, February 12, 2012
ကရင့် ခေါင်းဆောင် အချို့၏ အမျိုးသား ညီညွတ်မှု အပေါ် သဘောထား ကောက်နှုတ်ချက်များ
Posted by
အဲခေါင်သောင့်
at
1:53 AM
Subscribe to:
Post Comments (Atom)