ဗိုလ်မှူးမောင်လေးနှင့် ဗိုလ်မှူးဆန်းအောင်
ဒီကေဘီအေတပ်ဖွဲ့၏ လက်နက်ကို ဘီဂျီအဖ်မှ သိမ်းယူအပြီး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကို ဖြေရှင်းရန် ဒီကေဘီအေ ကိုယ်စားလှယ်မှ ဗိုလ်မှူးမောင်လေးနှင့် ဗိုလ်မှူးဆန်းအောင်တို့ အဖွဲ့မှ ယခုလ ၂၁ရက်နေ့တွင် သွားရောက် ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအတွင်း အချက် သုံးချက်ကို တင်ပြ တောင်းဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ အချက် သုံးချက်မှာ--
(၁) သိမ်းထားသည့် လက်နက် ပြန်အပ်ရန်၊
(၂) ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသကို လက်နက် ကင်းမဲ့သည့် ဇုန်အဖြစ် သတ်မှတ်ရန်၊
(၃) မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ ဝေယျာဝိစ္စနှင့် လုံခြုံရေးအတွက် DKBA နှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅၄ ဦး ရွေးချယ်ပေးရန် တို့ဖြစ်သည်။
အဆိုပါ အချက်သုံးချက်ကို တောင်းဆိုခဲ့သော်လည်း နံပါတ် ၁အချက်နှင့် ပတ်သက်ပြီး သဘောမတူညီ မှုတွေ ရှိခဲ့ပြီး ကျန်အချက်များမှာတော့ အတည်ပြုနိုင်ခြင်း မရှိသေးပေ၊