ခုတလောကရင့်ရေးရာနဲ့ ပါတ်သက်တဲ့သတင်းတွေထဲမှာပြီးခဲ့တဲ့ဖေဖေါ်ဝါ ရီလ လည်လောက်
က ``ဘာသာရေးနှီးနှောဖလှယ်ပွဲ``ဆိုတဲ့သတင်းဟာ ကျနော်အတွက်စိတ်ဝင်စားစရာ
သတင်း တပုဒ်ဖြစ်ခဲ့ပါတယ်။စိတ်ဝင်စားမိတယ်ဆိုတာက ဒီလိုနှီးနှောဖလှယ်ပွဲမျိုး ဖြစ်စေချင်တဲ့ဆန္ဒ၊ ကျနော့်မှာ အချိန်ကြာမြင့်စွာကတည်းက ရှိထားလို့ ပါ။ ဒီလိုမျိုးနှီးနှောဖလှယ်ပွဲမျိုး ကရင်အမျိုးသားထုကြားမှာ မရှိမဖြစ်အလွန်လိုအပ်လှပါတယ်။
ဒီနှီးနှောဖလှယ်ပွဲမှာ ပြည်တွင်း၊ပြည်ပကဘာသာရေးခေါင်းေ
ဘာသာရေးခေါင်းဆောင်တွေ၊ ထိုင်းနိုင်ငံက ကရင်ဘာသာရေးခေါင်းဆောင်တွေပါ စုံလင်စွာ
တက်ရောက်တဲ့အတွက် အလွန်အားရစရာကောင်းတဲ့ တွေ့ ဆုံပွဲတခုလို့ မြင်မိပါတယ်။
အမျိုးသားစည်းလုံးညီညွတ်မှု အတွက် ကရင်ဘာသာရေးခေါင်းဆောင် သိက္ခာတော်ရဆရာတွေ၊ ဘုန်းတော်ကြီးတွေများက အမျိုးသားရေးအပေါ် ရတဲ့မအေးဖြစ်ရပြီး ဒီလိုနှီးနှောဖလှယ်ပွဲ ကျင်းပကြတာ
လို့  သုံးသပ်မိပါတယ်။
ကျနော်တို့ ကရင်တော်လှန်ရေးအင်အားစုကြီးဘာသာရေးကိုအကြောင်းပြပြီး ၉၄/၉၅ ခုနှစ်က
ကမ္ဘာသိ ခွဲထွက်မှုဖြစ်ပွါးပြီးကတည်းက ကရင်မျိုးနွယ်စုတွင်းမှာ လက်နက်ကိုင်အင်အားစု
များသာမက ပြည်သူတွေကပါ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်ခဲ့ပါတယ်။ ငှင်းနောက်ပိုင်း အမြင်ကျယ်တဲ့
ဘာသာရေးကောင်းဆောင် တွေ အမျိုးကိုချစ်တဲ့လူပုဂ္ဂိုလ်တွက အမျိုးသားပြန်လည်စည်း
လုံးညီညွတ် ဖို့ အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ဥပမာ..ပြည်တွင်းမှာ ကရင်ဘာသာရေးခေါင်းတွေ၊
မျိုးချစ်အရပ်ဘက်လူပုဂိုလ်တွေ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့် က KPC ကို ဖွဲ့ စည်းခဲ့ပါသေးတယ်။
ဘယ်လောက်အထိ ထိရောက်မှုရှိလဲတော့ မသိပါ။
ဒီဖေဖေါ်ဝါရီလတုံးက နယ်စပ်တနေရာမှာကျင်းပတဲ့ဘာသာရေးနှီးနှောဖလှယ် ပွဲကျတော့
ပြည်တွင်းပြည်ပကဘာသာရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးနယ်မြေက ဘာသာရေးခေါင်း
ဆောင်တွေအပြင်ကေအင်န်ယူအဖွဲ့ ကပါ တက်ရောက်တဲ့အတွက် မျှော်လင့်ချက်တခု
ထားမိတာအမှန်ပါဘဲ။
ထားမိတာအမှန်ပါဘဲ။
အဆောက်အဦတခု တည်ဆောက်တဲ့နေရာမှာ အခြေခံအုပ်မြစ်ခိုင်မာမှုက အရေးအကြီး
ဆုံးဖြစ်ပါတယ်။ ကရင်လူမျိုးတွေခိုင်မာတဲ့စည်းလုံးညီညွတ်မှုအတွ က် ကိုးကွယ်ယုံကြည်မှုများပြားတဲ့၊
မျိုးနွယ်စုများပြားတဲ့ အခြေခံအကြောင်းရင်းများစွာထဲက အခြေခံအကျဆုံးဖြစ်တဲ့ တူညီတဲ့အမျိုး
မျိုးနွယ်စုများပြားတဲ့ အခြေခံအကြောင်းရင်းများစွာထဲက အခြေခံအကျဆုံးဖြစ်တဲ့ တူညီတဲ့အမျိုး
သားရေးအမြင်ရှိဖို့ ဆိုတဲ့အခြေခံအုပ်မြစ် ခိုင်မာမှသာ ရှေ့ ဆက်ခရီးလျှောက်လှမ်းနိုင်မယ်။ ကိုးကွယ်ယုံကြည်မှု၊ မျိုးနွယ်စုများတဲ့ကျနော်တို့  ကရင်လူမျိုးတွေ သူ့ ဘာသာသူနေ၊ ကိုယ့်ဘာသာ
ကိုယ်နေ၊ ဒီလိုမျိုးမလုပ်ဘဲ တဦးနဲ့ တဦး စကားပြောဆို၊ ၀င်ထွက်သွားလာ၊ အမျိုးသားရေးအကြောင်းတွေ အချင်းချင်းပြောဆိုဆွေးနွေး၊ ချစ်ခင်ရင်းနှီးမှု နားလည်မှုတွေရှိမှ တူညီတဲ့အမျိုးသားရေးအမြင်ရှိလာ မှာဖြစ်တယ်။
အချို့ က အခြေခံကျတဲ့အုတ်မြစ်ကို ခိုင်မာအောင်အရင်မတည်ဆောက်ဘဲမသိကျိုးကျွံလုပ်ပြီး
အဆင့်ကျော်သွားကြတယ်၊ ပန်းတိုင်ခရီးကိုကိုယ့်ဘာသာကိုယ်သွားလဲ ရောက်နိုင်တာဘဲလို့ 
ခံယူပြီး လျှောက်သွားကြတယ်။နောက်ဆုံးတော့ ဆွဲစားခြင်းခံလိုက်ရတာဘဲ။
ကရင်လူမျိုးတွေစည်းလုံးညီညွတ်မှုအတွက် ကရင်အဖွဲ့ ပေါင်းများစွာစည်းဝေးလုပ်တဲ့ေ နရာ
မှာ၊ နှီးနှောဖလှယ်ပွဲတွေမှာ ကရင်လူမျိုးစည်းလုံးညီညွတ်ဖို့ အတွက် ပုဂိုလ်စွဲ၊၀ါဒစွဲ၊ အဖွဲ့ အ
စည်းဂိုဏ်းဂနစွဲ၊ ကိုးကွယ်ယုံကြည်မှုဘာသာစွဲများ မထားရန်ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိ
ပါတယ်။ ဒါပေမဲ့လက်တွေ့ မှာ အကောင်အထည်ပေါ်လာတာ သိပ်မတွေ့ ရပါဘူး။အဟန့် အ
တားတွေလည်း အများကြီးတွေ့ မြင်ရပါတယ်။ ကိုးကွယ်မှုဘာသာကွဲပြားမှုကြော င့်
အမျိုးသားစည်းလုံးညီညွတ်မှု အဟန့် အတားက အခုထိ ကြီးစိုးနေဆဲပါ။ဒီလိုဖြစ်ရတဟာ
အမျိုးသားစည်းလုံးညီညွတ်မှု အဟန့် အတားက အခုထိ ကြီးစိုးနေဆဲပါ။ဒီလိုဖြစ်ရတဟာ
ဘာသာပေါင်းစုံက တချို့ ကရင့်ဘာသာရေးခေါင်းဆောင်တွေ အမျိုးသားရေးအပေါ် တွေးခေါ်မှု လွှဲချော်နေတယ်လို့ ဘဲ ဆိုရမှာပါ။
တကယ်တော့ ယနေ့ ကရင်လူငယ်တွေရဲ့ ဦးနှောက်ထဲ၊ အသွေးအသားထဲမှာ ဘာသာရေးအ
စွဲတွေ များစွာ စွဲကပ်နေတယ်ပါတယ်။ ဒီလိုဖြစ်ရတာလဲ အမျိုးသားရေးကို ဦးစီးဦးဆောင်လုပ်သူ၊
သက်ဆိုင်ရာဘာသာရေးခေါင်းဆောင် တချို့ ရဲ့ မှိုင်းတိုက်မှု ဒဏ်ကြောင့်ဆိုရင်မမှားပါဘူး။အချို့ 
သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်
ဆိုရင် သာဓုခေါ်သံကြားရင် နားခါးတယ်၊```အာမေ.``.လို့ အသံကြားရင် နားခါးတယ်ဆိုတဲ့အထိရှိလာ
ပါတယ်။
ဒီကေဘီအေခွဲထွက်ခါစက ငှင်းတို့ ရဲ့ ကြီးစိုးတဲ့ဒေသတွေမှာ ``ငါတို့ ရဲ့ ဘာသာသာသနာ
ကိုကါကွယ်(လက်နက်နဲ့ )ရမယ်။ကေအင်န်ယူရဲ့ လုပ်ရပ်ဟာ အလုပ်မဖြစ်ဘူး...သူတို့ တွေက
မျက်စိမှိတ်သမားတွေ(ခေါင်းပေါင်းမဲအုပ်စုလို့ လဲခေါ်)``လို့ လူငယ်တွေရဲ့ ခေါင်းထဲမှာ
ရိုက်သွင်းခြင်းခံခဲ့ရပါတယ်။
တကယ်တော့ဘာသာတရားဆိုတာ လက်နက်တွေ အာဏာတွေနဲ့ ကါကွယ်လို့ မရသလို၊
တိုက်ယူလို့ လဲမရပါဘူး။ ရရင်လဲ အပေါ်ရံလောက်သာရမယ်။ ဘာသာတရားဆိုရာ
အလွန်နက်ရှိုင်းပြီး ဘာသာရေးရဲ့ အဆုံးအမတွေ မိမိတို့ ရဲ့ ရင်ထဲ၊နှလုံးသားထဲမှာ
ကိန်းအောင်းဝင်ပြီး တကယ်ကျင့်ကြံနေထိုင်နိုင်မှသာလျှင် သင့်တော်ပါတယ်။
အပေါ်ရံယုံကြည်ကိုးကွယ်မှုအနေနဲ့ တော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။
ဒီဘက်တော်လှန်ရေးနယ်မြေမှာလဲ ဘာသာဝင်အတူတူဖြစ်ပေမဲ့ ကိုယ့်အသင်းက သူ
့အသင်းထက် ခေါင်းတလုံးပိုသာတယ်လို့ ခံယူသူလဲရှိပါတယ်။ဒါဟာကောင်းတဲ့ 
အလားအလာမဟုတ်ပါ။
ဒီဘက်တော်လှန်ရေးနယ်မြေမှာလဲ ဘာသာဝင်အတူတူဖြစ်ပေမဲ့ ကိုယ့်အသင်းက သူ
့အသင်းထက် ခေါင်းတလုံးပိုသာတယ်လို့ ခံယူသူလဲရှိပါတယ်။ဒါဟာကောင်းတဲ
အလားအလာမဟုတ်ပါ။
ကေအင်န်ယူ မှာ အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ ခါင်းဆောင်တယော က်က
``ကရင်လူမျိုးတွေအားလုံး.... ..........ဘာသာဝင်ဖြစ်ရင် ကရင်တိုင်းပြည်ရတာကြာပြီ``
လို့  မဆင်မခြင်လူသိရှင်ကြားဖွင့်ပြောခဲ့ဘူးပါ တယ်။ အဲဒီစကားကြောင့် ကိုးကွယ်ယုံကြည်မှု
ဘာသာများတဲ့ ကရင်လူမျိုးတွေကြားမှာ အလွန်ဂရက်ရိုက်ခတ်သွားပါတယ်။နော က်ဆုံးတော့ အဲဒီခေါင်းဆောင်ဆိုတဲ့လူလည်း ပြည်ပြေးဘ၀ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားကိုမထွက်ခင် ဘန်ကောက်နယ်
ဘာသာများတဲ့ ကရင်လူမျိုးတွေကြားမှာ အလွန်ဂရက်ရိုက်ခတ်သွားပါတယ်။နော
မှာစာရေးသူကိုယ်တိုင် အခမ်းအနားမှူးလုပ်ပေးတဲ့ ကရင်လူထုတွေ အစည်းအဝေးတခုမှာ
အဲဒီခေါင်းဆောင်ဆိုတဲ့လူက ``ငါ ကရင့်အမျိုးသားတော်လှန်ရေးလုပ် ခဲ့တာ မှန်တယ်...ဒါပေမဲ့
ကရင်ပြည်သူတွေကိုငါဘာမှမလုပ်ပေး နိုင်ခဲ့ဘူး...အထူးသဖြင့်ကရင်လူ ငယ်တွေအတွက်ကို...``.
အဲဒီခေါင်းဆောင်ဆိုတဲ့လူက ``ငါ ကရင့်အမျိုးသားတော်လှန်ရေးလုပ်
ကရင်ပြည်သူတွေကိုငါဘာမှမလုပ်ပေး
ဆိုပြီးကရင်လူငယ်တွေကို ပြန်လည်တောင်းပန်ပြီး သူ့ ရဲ့ မျက်ဝန်းမှာ မျက်ရေတွေစီးဆင်းတဲ့ မြင်ကွင်း
ကို....ခုထိစာရေးသူ မြင်ယောင်နေဆဲပါဘဲ.....
ဒါဟာ ဘာကြောင့်ဖြစ်လဲဆိုတော့..အမျိုး သားတော်လှန်ရေးလုပ်ပြီး.တော်လှ န်ရေးရဲ
့မှန်ကန်တဲ့ အခြေခံသဘောတရားကို နားမလည်လို့ ဖြစ်တယ်။
.............................. ................
ဒါဟာ ဘာကြောင့်ဖြစ်လဲဆိုတော့..အမျိုး
့မှန်ကန်တဲ့ အခြေခံသဘောတရားကို နားမလည်လို့ ဖြစ်တယ်။
..............................
ဖေဖေါ်ဝါရီလတုန်းက ဘာသာရေးနှီးနှောဖလှယ်ပွဲလိုမျိုး၊ ပြည်တွင်းမှာလဲ
ကျင်းပစေချင်သလို၊ အထူးသဖြင့် အခြားနိုင်ငံတကါမှာရောက်နေတဲ့
ကရင်အသိုင်းအ၀ိုင်းတွေကြားမှာလဲ ကျင်းပစေချင်ပါတယ်။အခုအချိန်အခါ မှာ
နိုင်ငံတကါမှာ ခေတ်ပညာသင်ယူနေတဲ့ ကရင်လူငယ်တွေများစွာရှိပါတယ်။
ခေတ်ပညာတတ်တွေဖြစ်ပြီး အမျိုးသားရေးအပေါ်ခံယူချက်မလွှဲဖို့ အထူးလိုအပ်လှပါတယ်။
ကျင်းပစေချင်သလို၊ အထူးသဖြင့် အခြားနိုင်ငံတကါမှာရောက်နေတဲ့
ကရင်အသိုင်းအ၀ိုင်းတွေကြားမှာလဲ ကျင်းပစေချင်ပါတယ်။အခုအချိန်အခါ
နိုင်ငံတကါမှာ ခေတ်ပညာသင်ယူနေတဲ့ ကရင်လူငယ်တွေများစွာရှိပါတယ်။
ခေတ်ပညာတတ်တွေဖြစ်ပြီး အမျိုးသားရေးအပေါ်ခံယူချက်မလွှဲဖု
နိုင်ငံတကာမှာ ရောက်နေကြတဲ့ ကရင်လူငယ်တွေကြားမှာ ..............ဘာသာ ကရင်လူငယ်များတွေ့ ဆုံပွဲတွေမှာ အခြားဘာသာက ကရင်လူငယ်တွေ ခွဲခြားဆက်ဆံ
ခံရတာ၊ ပူးပေါင်းပါဝင်မှုမရှိတာ၊ပူးပေါင်းပါဝင်ခွင့်မရတာတွေဟာ မဖြစ်သင့်တဲ့ကိစ္စတခုဖြစ်သလို၊
.(...........)ဘာသာဝင်ပွဲတော်တွေ မှာလဲ အခြားဘာသာဝင်ကရင်လူငယ်တွေက ပါဝင်ဖို့  အဟန့် အတားရှိတာဟာလဲ လုံးဝမဖြစ်သင့်တဲ့ကိစ္စတခုပါ။
.(...........)ဘာသာဝင်ပွဲတော်တွေ
ဒီလိုမျိုးလုပ်ဆောင်ခြင်းဟာ ရန်သူရဲ့ ထိုးနက်ချက်လို့ ထပ်စွပ်စွဲနေသေးရင်လုံးဝမှားသွ
ဒါဟာ ကိုယ့်လူမျိုးစည်းလုံးညီညွတ်ဖို့ ၊ တိုးတက်ဖို့ အတွက် ကိုယ်ကိုယ်တိုင် ဘောင်ခတ်လိုက်တာ
(ဆွဲချ)လိုက်တြာ ဖစ်ပါတယ်။အချို့ နေရာတွေမှာ လူငယ်သဘောသဘာဝအရ ဘာသာရေးပွဲတော်
တွေမှာ အတူတကွဆင်နွှဲကြမယ်၊ အားကစားပွဲတွေမှာလဲ အတူတကွပါဝင်ယှဉ်ပြိုင်ကြမယ်...
သမီးရည်းစားကိစ္စတွေက အဆုံး နီးစပ်ချင်ပေမဲ့ ခေါက်ရိုးကျိုးနေတဲ့ လှည်းအိုကြီးတွေက ယိုင်တိယိုင်တိုင်သွားနေတဲ့ သူတို့ ရဲ့ လမ်းကြောင်းတွေမှာဘဲ လူငယ်တွေကို ဆက်သွားစေဖို့  မိုင်းတိုက်နေပါတယ်။
နိုင်ငံကြီးတွေမှာ နေထိုင်ခွင့်ရတာကို ဘ၀င်မြင့်နေစရာမဘိုဘဲ ကိုယ်ဘာကြောင့်ဒီကိုရောက်လာသလဲ၊ ကိုယ်ဘယ်အကြောင်းနဲ့ ဒီကိုရောက်လာလဲဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ကိုယ့်လူမျိုးတွေရဲ့ 
အချင်းချင်းသဘောထားမကြီးမှြုေ ကာင့်လဲ လူမျိုးခြားတွေကြားမှာ သိက္ခကျ၊ အရှက်ရစေပါတယ်။
ကမ္ဘာ့ခေတ်ရေစီးကြောင်းက မြန်ဆန်ပါတယ်။ အထူးသဖြင့် အခုနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံ
ရဲ့ နိုင်ငံရေးခေတ်ရေစီးကြောင်းက ပိုပြီးမြန်ဆန်ပါတယ်။ကရင်လူမျိုးတွေဟာ ပြည်ထောင်စုမြန်
မာနိုင်ငံရဲ့ တိုင်းရင်းသားတခုဖြစ်တဲ့အတွက် အခြားတိုင်းရင်းသား လူမျိုးတွေကနိုင်ငံကို
ဘယ်လိုဦးဆောင်ရမလဲ( ဘယ်လိုအုပ်ချုပ်ရမလဲ).... ပြည်သူတွေ၊ကိုယ့်လူမျိုးတွေကို
ဘယ်လိုပေးဆပ်ရမယ်ဆိုတဲ့တွေးခေါ်လုပ်ဆောင်တဲ့အချိန်မှာ ကိုယ့်ကရင်လူမျိုးတွေက
(အားလုံး ကိုမဆိုလို)၊အထူးသဖြင့် ကရင်လူငယ်တွေက ကိုးကွယ်မှုအစွဲ၊ မျိုးနွယ်စုအစွဲ ကနေ
ရုန်းမထွက်နိုင်သေးဘူးဆိုရင်ြ ဖင့်.......အနာဂါတ်ကရင်လူမျိုးေ တွအတွက်
ရုန်းမထွက်နိုင်သေးဘူးဆိုရင်ြ
ဆက်မတွေးရဲလောက်အောင်ဘဲ....
ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးခေတ်တုန်းက နိုင်ငံခြားကဘွဲ့ ရလာတဲ့ ကရင်ပညာတတ်တွေ လက်ချိုးပြီးရေတွက်ယူလို့ ရတယ်။ ဒါပေမဲ့ သူတို့ တွေဟာ အမျိုးသားရေးကို ထိပ်ထိပ်ကျဲ ဦးစီးဦးဆောင်လုပ်နိုင်တယ်။ ယနေ့ နိုင်ငံတကါဘွဲ့ ရကရင်တွေ ရာဂဏန်းမက
ထောင်ဂဏန်းလောက်ရှိတယ် ။ဒါပေမဲ့ လူငယ်ပညာတတ်တွေဟာ လမ်းကြောင်းလွှဲချော်ပြီး သမိုင်းပေးအမျိုးသားရေးတာဝန်ကို မထမ်းဆောင်နိုင်ဘူးဆိုရင် ညံ့လွန်းရာကျသွားမယ်။
ကိုးကွယ်ယုံကြည်မှုနဲ့ မျိုးနွယ်စုများပြားတဲ့ ကရင်လိုမျိုးတွေ ကောင်းကင်နိုင်ငံတော်၊
နိဗာန်တွေကို မမြင်တွေ့  မသွားရောက်ခင်မှာ ကရင်လူမျိုးဖြစ်တဲ့အတွက် ကရင်ပြည်ကို
နိဗာန်တွေကို မမြင်တွေ့  မသွားရောက်ခင်မှာ ကရင်လူမျိုးဖြစ်တဲ့အတွက် ကရင်ပြည်ကို
အရင်မြင်တွေ့ ၊အရင်သွားရောက်စေချင်လို့ ဒီစာစုကိုရေးဖြစ်တာပါ။ ဒီလိုရေး တာ
လဲ ကိုယ့်လူမျိုးရဲ့ အနာအဆာတွေကိုရှာဖွေဖေါ်ထုတ်ရေးသားတာမဟုတ်ဘဲ
အပြုသဘောနဲ့ ရေးသားခြင်းကြောင်း ရိုးသားစွာ ၀န်ခံလိုတယ်။
ကရင်လူမျိုးတွေအနေနဲ့ ကိုယ့်ရဲ့ အခြေအနေအမှန်၊ ကိုယ့်ရဲ့ အားနည်းချက် အမှန်ကို
ကိုယ်မြင်နိုင်ရမယ်။ မြင်တဲ့အတိုင်းလဲ ကိုယ်လက်ခံနိုင်မှ ကိုယ်ပြုပြင်လို့ ရမယ်...
ကိုယ်မြင်နိုင်ရမယ်။ မြင်တဲ့အတိုင်းလဲ ကိုယ်လက်ခံနိုင်မှ ကိုယ်ပြုပြင်လို့ ရမယ်...
ကိုယ့်ရဲ့ လိုအပ်ချက်တွေကို မပြောမဆို၊ မပြုပြင်၊ မပြန်လည်သုံးသပ်ဘဲနဲ့ တော့ ဘယ်တော့မှတိုးတက်လာမှာမဟုတ်ပါဘူး။
အခုရေးသားတင်ပြချက်တွေဟာ ပါးပါးလေးဘဲရှိပါသေးတယ်။ထူထူလေး ရေးဖို့ ကလည်း မ၀ံမရဲဖြစ်နေပါတယ်။ ဒီလိုဖြစ်တာလည်း ရလာခဲ့တဲ့သင်ခန်းစာတွေကြောင့်မို့ ပါ။
ဒီပါးပါးလေးကိုဘဲ ရေလဲသုံးပြီးဆက်တွေးခေါ်လို့ ရပါတယ်။
နောက်တခုက ရန်သူဟာ ကိုယ့်ရဲ့ အကြောင်း၊ ကိုယ့်ရဲ့ အားနည်းချက်ကို
သာမန်ကိုယ့်လူမျိုးတယောက်ထက် ပိုသိတယ်၊ ပိုမြင်တယ်ဆိုတာ
ကိုယ်ကြပ်ကြပ်သတိထားရပါမယ်။
သာမန်ကိုယ့်လူမျိုးတယောက်ထက် ပိုသိတယ်၊ ပိုမြင်တယ်ဆိုတာ
ကိုယ်ကြပ်ကြပ်သတိထားရပါမယ်။
.............................
ဖေဖေါ်ရီလက ကျင်းပတဲ့ ဘာသာရေးနှီးနှောဖလှယ်ပွဲကို ကမကထပြုလုပ်ပေးတဲ့
ဂျပန်နိုင်ငံက ဘာသာရေးအဖွဲ့ ကို ကျေးဇူးတင်ရှိကြောင်း ဒီနေရာမှာပြောကြားလိုပါတယ်..... ..
ဂျပန်နိုင်ငံက ဘာသာရေးအဖွဲ့ ကို ကျေးဇူးတင်ရှိကြောင်း ဒီနေရာမှာပြောကြားလိုပါတယ်.....
ဒီထက်မက နိုင်ငံတကါအဆင့် ဘာသာရေးခေါင်းဆောင်တွေ တွေ့ ဆုံတဲ့နှီးနှောဖလှယ်ပွဲကြီး ဆက်လက်ကျင်းပနိုင်ပြီး တခုတည်းသောကရင့်အမျိုးသားအလံတော်ကြီးအောက်မှာ ကရင်တမျိုးသားလုံးပြန်လည်စုစည်းနိုင်ပါစေလို့ ဆန္ဒပြုရင်း...
အားလုံးကိုလေးစားလျှက်...
မန်းပစ်တိုင်းထောင်
www.karentimes.blogspot.com