ဗိုလ်မှူးမောင်လေးနှင့် ဗိုလ်မှူးဆန်းအောင်
ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသရှိ DKBAတပ်ဖွဲ့ပိုင် ကားတစီးကို BGFမှ ပစ်ခတ်ရာ တဦးသေဆုံးပြီး အဆိုပါ သေဆုံးသွားသူမှာ ကားကြုံစီးလာသူ BGFတပ်မှူးတဦး ဖြစ်သည်ဟု သိရသည်။
DKBA ကလို့ထူးဘောမှ ဗိုလ်မှူး မောင်လေးပိုင်ကားကို BGFတပ်ရင်း (၁၀၁၉)မှ ဗိုလ်တင်ညွန့်က ကားကြုံစီးလာစဉ် မြိုင်ကြီးငူအနီး ရင်ပိုင် တံတားထိပ်တွင် BGFတပ်ရင်း ၂၀၁၂မှ စောင့်ကြိုပစ်ခတ်ခြင်း ဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ဗိုလ်တင်ညွန့် သေဆုံးသွားပြီး ယဉ်မောင်း တဦးလည်း ပျောက်ဆုံးနေသည်ဟု သိရသည်။
ယခုလို ပစ်ခတ်လိုက်ခြင်းအပေါ် DKBA ကလိုထူးဘောမှ ဗိုလ်မှူး မောင်လေးပိုင် ကားဖြစ်သဖြင့် သူ့ကို တမင်သက်သက် လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်းနှင့် BGF (၁၀၁၂) မှ ဒုရင်းမှူး ဗိုလ်မှူး သောဘိုး၏ လက်ချက်ဖြစ်ဖွယ် ရှိသည်ဟုလည်း ဒီကေဘီအေဘက်က ယူဆ နေပါသည်။