KNU အဖွဲ့က မြန်မာအစိုးရတို့နှင့်တွေ့ဆုံပွဲတွင် အောက်ပါ အချက် ၆ချက်ကို တောင်းဆိုခဲ့သည်။ ၄င်းအချက်များမှာ-
၁။ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများအတွင်း ဖြစ်ပွား နေသည့် စစ်မက်များ အမြန်ဆုံး ရပ်ဆဲရမည်၊
၂။ ကြောက်ရွံ့ ခြင်း ကင်းသည့် ပြည်သူပြည်သား ဘ၀ အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်၊
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်၊
၎။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ပုံစံမျိုးဖြင့် ငွေကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်း ခိုင်းခြင်း၊ အခြားအခြားသော ငွေကြေး ကူညီစေခြင်းများ မပြုရန်၊
၅။ အကျဉ်းသားများ လွှတ်ပေးရန်နှင့်
၆။ ပြည်သူပြည်သားများ ဘ၀ပြန်လည် ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာ ကိစ္စများကို ဖြေရှင်းပေးရန်၊ စောင့်ကြပ် ကြည့်ရှုပေးတဲ့ အဖွဲ့ဖွဲ့ရန် တို့ဖြစ်သည်။