နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ က နိုင်ငံရေးအကျဉ်းသား စောဝီလျံနဲ့ စောဖရန်စစ်တို့ရဲ့ မိသားစုတွေဆီကို သွားရောက် အားပေးခဲ့တယ်လို့ မှတ်တမ်း ဓါတ်ပုံ ဖြစ်ပါတယ်။ ပဲခူး ဗုံးဖောက်ခွဲမှုနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ဖမ်းဆီးထောင်ချခဲ့တဲ့ အမှုတွဲမှာ ၁၂ ဦး ပါဝင်ပါတယ်။
စောဖရန်စစ်က ပုဒ်မ ၁၇-၁၊ ၁၃-၁ နဲ့  ထောင်ဒဏ် ၅ နှစ်၊
စောဝီလျံ ကတော့ ၁၃-၁ နဲ့  ထောင်ဒဏ် ၃ နှစ် အသီးသီးနဲ့ အင်းစိန်ထောင်မှာ ကျခံနေရပါတယ်။ မိသားစုတွေကတော့ မှော်ဘီမှာ နေပါတယ်။
သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ကိုထွန်းကြည်က အခုလို ကရင့်နိုင်ငံရေး အကျဉ်းသားနှစ်ယောက်ရဲ့ အခြေအနေကို အခုလို ပြောသွားပါတယ်။
"သူတို့မိသားစုတွေက ဗမာလိုတောင် သိတ်မရည်လည်ကြပါဘူး။ ကရင်တိုင်းရင်းသားတွေ အလွန်ရိုးပါတယ်။ စောဝီလျံက အဖေမရှိတော့ပါဘူး။ အမေက အသက် ၆၅ နှစ်ရှိပါပြီ။ စောဝီလျံက လူပျိုပါ။ စောဖရန်စစ်က အဖေမရှိတော့ပါဘူး။ မိခင်အိုကြီးက အသက် ၇၅ နှစ်ရှိပါပြီ။ တော်တော်လေး ဆင်းရဲပါတယ်။ စောဖရန်စစ်ကတော့ ခလေး ၃ ယောက်ရှိပါတယ်။ ဇနီးသည် မအေးမာက သူ့မိဘတွေဆီ သူပြန်ပြီးတော့ လုပ်ကိုင်စားသောက်နေပါတယ်။ သူတို့ကို စာအုပ်တို့၊ ပန်ကန်ပြားတို့၊ ဇလုံတို့၊ ခေါက်ဆွဲခြောက်တို့၊ နို့မှုန့်အစားအသောက်လောက်ပဲ ကျွန်တော်တို့ပေးနိုင်ပါတယ်"
ကျနော်တို့ ကရင်တွေလည်း သူတို့အတွက် တတ်နိုင်တဲ့ ဘက်ကနေ တခုခု လုပ်ပေးကြဖို့ ဒီနေရာကနေ နိုးဆော်လိုက်ပါတယ်။
ဓါတ်ပုံ-နေ့သစ်