ဖားအံဆက်ဆံရေးရုံး ကေအဲန်အယ်လ်အေအနေဖြင့် ဖွင့်လှစ်မည်။
ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်ရပ်တည်ချက်၏ အခြားတဘက်မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး |
စက်တင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ် မြို့တော်ဖားအံ၌ စက်တင်ဘာလ ၂၉ရက်နေ့တွင် ဖွင့်လှစ်သွားမည့် ဆက်ဆံရေးရုံးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး
“ဖားအံမှာဖွင့်မဲ့ ရုံးက ကေအဲန်ယူ ဗဟိုအနေနဲ့ မဟုတ်ပါဘူး။ စစ်ဦးစီးချုပ်က
သွားဖွင့်မှာမို့ KNLA အနေနဲ့ဖွင့်တဲ့ ဆက်ဆံရေးရုံးပါ။ အခု ချိန်ဟာ
အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှု တည်ဆောက်နေတဲ့ကာလမို့ အပြန်အလှန်
ယုံကြည်ပြီးမှသာ နိုင်ငံရေးစကားကို စားပွဲ ပေါ်မှာ ဆွေးနွေးသွားမယ်
ဆိုတဲ့သဘောပါ”ဟု ရုံးဖွင့်ပွဲကို ကိုယ်တိုင်သွားရောက်ခဲ့သူ အဆိုပါ
တပ်ဖက်ခေါင်းဆောင်က ပြောသည်။
အဆိုပါရုံးဖွင့်လှစ်ရန် သွားရောက်သူများထဲတွင် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်များအဖြစ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ၊
ပဒိုစောဒေးဗစ်ထောနှင့် ပဒိုစောရောဂျာခင်တို့ ပါဝင်ကြပြီး
ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ် ဂျော်နီတို့နှင့်အတူ
အခြားအရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင် ၃၁ဦးမှာ ယနေ့မနက်တွင် မြ၀တီမြို့မှ
ဖားအံမြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။
မြ၀တီရှိ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အဖွဲ့ဝင်တစ်ဦးက “ဒီမနက်စောစောပဲ ကေအဲန်ယူ လူကြီးတွေ အတော်များများ ဖားအံကို ဆင်းသွားပါတယ်။ လူဦးရေနဲ့ အမည် အတိအကျကို ကျနော်တို့ မေးမြန်းညှိနှိုင်းနေဆဲမို့ လောလောဆယ် မပြောနိုင်သေးပါဘူး”ဟု ယနေ့ နေ့လည်က ကေအိုင်စီသို့ ပြောဆိုသည်။
ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ယခုလ ၃ရက်နှင့် ၄ရက်နေ့များက ကေအဲန်ယူ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် အစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဖက် လိုက်နာရမည့် ကျင့် ၀တ်စည်းကမ်းများကို မူအားဖြင့် ဆွေးနွေးသဘောတူခဲ့ကြသည်။
သို့သော်လည်း ဆက်ဆံရေးရုံးဖွင့်လှစ်မည့် ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်အချို့က နှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ်ဆိုင် ရာများ၊ နိုင်ငံရေးစကားဝိုင်းများကို နောက်ပိုင်းမှသာ ဆွေးနွေးသင့်ကြောင်း အမြင်ရှိကြသည်ဟု နီးစပ်သူများက ပြောသည်။
ဖားအံမြို့သို့ ထွက်ခွာသွားသူများအနက် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်အချို့ ပါဝင်သွားခဲ့သလို ကရင်ဒုက္ခသည်ကော်မတီနှင့် ဒုက္ခ သည်စခန်းကော်မတီဝင် အချို့လည်း ရုံးဖွင့်ပွဲကို သွားရောက်ခဲ့သည်ဟု သိရသည်။
ထို့အတွက် ယနေ့ပြုလုပ်သည့် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးတွင် လူစုံတက်ရောက်နိုင်မည် မဟုတ်သော်လည်း လုပ်ထုံးလုပ်နည်းအရ လူဦးရေ ထက်ဝက်ကျော်လျှင် အစည်းအဝေးဖြစ်မြောက်နိုင်ြေ ကာင်း အမည်မဖော်လိုသူ KNLA တပ်မှူးတစ်ဦးက ပြောသည်။
“အခု ဖားအံဆင်းသွားတဲ့အထဲမှာ အီးစီ(ဗဟိုအလုပ်အမှုဆောင်)က သုံးဦးပါနေတာတော့ ဟုတ်ပါတယ်။ အီးစီအားလုံးက ၁၁ဦးရှိတယ်ဆို တော့ ၆ဦးပြည့်ရင်ပဲ အစည်းအဝေးက အထမြောက်ပါတယ်”ဟု အဆိုပါ KNLA တပ်မှူးက ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံးသည်
ယခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့က အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့်
ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များထဲတွင် ဆက်ဆံရေးရုံး
ဖွင့်လှစ်သွားရန်ပါရှိပြီး ဧပြီလမှစ၍ ယခုအချိန်ထိ ကျောက်ကြီး၊ ထားဝယ်၊
ဘုရား သုံးဆူ၊ မြ၀တီမြို့များတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပြီးစီးခဲ့ရာ
ယခု ဖွင့်လှစ်မည့် ဖားအံမြို့ ဆက်ဆံရေးရုံးမှာ ပဉ္စမမြောက် ဖြစ်သည်။
ဖားအံမြို့တွင် ဖွင့်လှစ်မည့် KNLA ဆက်ဆံရေးရုံးသို့ အစိုးရဘက်မှ ပြည်ထောင်စုအဆင့် မည်သူတက်ရောက်မည်ကိုသိရန် ပြည်နယ်ဝန် ကြီးချုပ်၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးများထံ ယနေ့ ဆက်သွယ်ရာ ဖုန်းလိုင်းမကောင်း၍ ဖြေကြားချက် မရရှိခဲ့ပေ။
မြန်မာအစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာသွေးခွဲစည်းရုံးမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ၎င်း၏ စစ်ရေးအဖွဲ့ဖြစ်သော KNLA အကြား သဘောထား တိုက်ဆိုင်ခြင်း မရှိသဖြင့် အဖွဲ့အတွင်း နှစ်ခြမ်းကွဲသွားပြီဟု လေ့လာသူများက ပြောသည်။
အဆိုပါရုံးဖွင့်လှစ်ရန် သွားရောက်သူများထဲတွင် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်များအဖြစ်
မြ၀တီရှိ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ) အဖွဲ့ဝင်တစ်ဦးက “ဒီမနက်စောစောပဲ ကေအဲန်ယူ လူကြီးတွေ အတော်များများ ဖားအံကို ဆင်းသွားပါတယ်။ လူဦးရေနဲ့ အမည် အတိအကျကို ကျနော်တို့ မေးမြန်းညှိနှိုင်းနေဆဲမို့ လောလောဆယ် မပြောနိုင်သေးပါဘူး”ဟု ယနေ့ နေ့လည်က ကေအိုင်စီသို့ ပြောဆိုသည်။
ဖားအံမြို့ ဇွဲကပင်ဟိုတယ်တွင် ယခုလ ၃ရက်နှင့် ၄ရက်နေ့များက ကေအဲန်ယူ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် အစိုးရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်
သို့သော်လည်း ဆက်ဆံရေးရုံးဖွင့်လှစ်မည့် ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက်ခေါင်းဆောင်အချို့က နှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ်ဆိုင် ရာများ၊ နိုင်ငံရေးစကားဝိုင်းများကိ
ဖားအံမြို့သို့ ထွက်ခွာသွားသူများအနက် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်အချို့ ပါဝင်သွားခဲ့သလို ကရင်ဒုက္ခသည်ကော်မတီနှင့် ဒုက္ခ သည်စခန်းကော်မတီဝင် အချို့လည်း ရုံးဖွင့်ပွဲကို သွားရောက်ခဲ့သည်ဟု သိရသည်။
ထို့အတွက် ယနေ့ပြုလုပ်သည့် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်များ အစည်းအဝေးတွင် လူစုံတက်ရောက်နိုင်မည် မဟုတ်သော်လည်း လုပ်ထုံးလုပ်နည်းအရ လူဦးရေ ထက်ဝက်ကျော်လျှင် အစည်းအဝေးဖြစ်မြောက်နိုင်ြေ
“အခု ဖားအံဆင်းသွားတဲ့အထဲမှာ အီးစီ(ဗဟိုအလုပ်အမှုဆောင်)က သုံးဦးပါနေတာတော့ ဟုတ်ပါတယ်။ အီးစီအားလုံးက ၁၁ဦးရှိတယ်ဆို တော့ ၆ဦးပြည့်ရင်ပဲ အစည်းအဝေးက အထမြောက်ပါတယ်”ဟု အဆိုပါ KNLA တပ်မှူးက ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံးသည်
ဖားအံမြို့တွင် ဖွင့်လှစ်မည့် KNLA ဆက်ဆံရေးရုံးသို့ အစိုးရဘက်မှ ပြည်ထောင်စုအဆင့် မည်သူတက်ရောက်မည်ကိုသိရန် ပြည်နယ်ဝန် ကြီးချုပ်၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးများထံ ယနေ့ ဆက်သွယ်ရာ ဖုန်းလိုင်းမကောင်း၍ ဖြေကြားချက် မရရှိခဲ့ပေ။
KNU နဲ့ ၎င်း၏ စစ်ရေးအဖွဲ့ သဘောထားကွဲ ခေါင်းစီးဖြင့် ဧရာဝတီသတင်း
မြန်မာအစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာသွေးခွဲစည်းရုံးမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ၎င်း၏ စစ်ရေးအဖွဲ့ဖြစ်သော KNLA အကြား သဘောထား တိုက်ဆိုင်ခြင်း မရှိသဖြင့် အဖွဲ့အတွင်း နှစ်ခြမ်းကွဲသွားပြီဟု လေ့လာသူများက ပြောသည်။
လာမည့် စနေနေ့ ဗဟိုအဆင့်ဆက်ဆံရေးရုံး ဘားအံမြို့တွင် ဖွင့်လှစ်ရန် KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော KNU
ခေါင်းဆောင်အချို့ ပါဝင်မည့် (၃၁) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဗဟို၏
ခွင့်ပြုချက်မပါဘဲ မနက်ဖြန်တွင် နယ်စပ်မှ ထွက်ခွာမည့် ကိစ္စနှင့်ပတ်သက်၍
လေ့လာသူများက သုံးသပ်ပြောဆိုနေကြခြင်းဖြစ်သည်။
လေ့လာသူတဦးက ”KNU မှာ
လက်ရှိဗဟိုနဲ့စစ်တပ် ကွဲသွားပြီး စစ်တပ်က ဗဟိုအမိန့်ကို နာခံမှုမရှိဘဲ
သူလုပ် ချင်တာကိုသူရွေးလိုက်ပြီ။ စစ်ဦးစီးချုပ်ကို ဗဟိုက အတန်တန်
တားနေတဲ့ကြားကနေ ဘားအံမှာ ဗဟိုဆက်ဆံရေးရုံး သွားဖွင့်ဘို့
မနက်ဖြန်သွားတော့မယ်။ ဒီဖွင့်ပွဲကို သမတရုံးဝန်ကြီး ဦးအောင်မင်းက လာရောက်
ဖွင့်လှစ်ပေးမှာ ဆိုတော့ အစိုးရရဲ့ သွေးခွဲစည်းရုံးမှု သဘောထားက
ပေါ်လွင်သွားပြီ” ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့်
ပြည်ထောင်စုအဆင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ
ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းတို့ ဦးဆောင်ပြီး KNU ဗဟိုဆက်ဆံရေးရုံးကို ယခုလ
၂၉ ရက်နေ့တွင် ဘားအံမြို့၌ ဖွင့်လှစ်မည်ဖြစ်သည်။
မနက်ဖြန်မဲဆောက်မှ
စတင် ထွက်ခွာမည့်အဖွဲ့တွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုဒေးဗစ်ထော၊
ပဒိုရွှေမောင်း၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်မှူးချုပ်ဂျော်နီနှင့်
ပဒိုအောင်မော်အေးတို့ ပါဝင်ပြီး အများစုမှာ KNU တပ်မဟာ ၄-၆-၇ မှ
အဆင့်မြင့်ခေါင်းဆောင်များ ဖြစ်သည်။
၎င်းအဖွဲ့ဝင်အချို့သည်
ဗဟိုခွင့်ပြုချက်မပါဘဲ ယခုလ ၁၅ ရက်နေ့ညက ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်တွင်
ဆက်ဆံရေးရုံးဖွင့်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်
လှို့ဝှက်တွေဆုံခဲ့ကြသည်ဟု ဆွေးနွေးပွဲတွင်ပါဝင်သူတဦးက ပြောသည်။
KNU ဗဟို၏သဘောထားသည်
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာများ ကို
နှစ်ဘက်လိုက်နာရမည့် ကိစ္စရပ်များ ဆွေးနွေးဖြေရှင်းပြီးမှသာလျှင်
ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးမည်ဟုသိရှိရသည်။
သို့သော်
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့က
မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီးမှသာ လျှင် မိမိတို့
လိုအပ်ချက်များကိုတောင်းဆိုခြင်းက ပို၍ လက်တွေ့ကျပြီးဖြစ်နိုင်ခြေရှိသည်
ဟုပြောသည်။
လက်ရှိအခြေအနေနှင့်
ပတ်သက်၍သိရှိနိုင်ရန် KNU ဗဟို ထိပ်တန်းခေါင်းဆောင်များကို ဆက်သွယ်မေးမြန်း
ခဲ့သော်လည်း တစုံတရာ သဘောထားပေးရန် ငြင်းဆိုခဲ့ကြသည်။
မနက်ဖြန်တွင် KNU က
အရေးပေါ် အစည်းအဝေးခေါ်ယူထား ပြီး ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး
ဦးဆောင်သည့်အဖွဲ့ ဘားအံတွင် ဗဟိုဆက်ဆံရေးရုံးဖွင့်မည့် ကိစ္စနှင့် ပတ်သက်၍
ကြေညာချက် ထုတ်ပြန်ရန်ရှိသည်ဟု သိရသည်။
KNU ဗဟိုနှင့်
စစ်ဦးစီးချုပ်တို့အကြား ယခု လဆန်းမှစတင်ကာ တဘက်နှင့်တဘက် အမိန့်နာခံမှုနှင့်
အပြန် အလှန်လေးစားမှု မရှိတော့ဘဲ ကြေးနန်းဖြင့်သာ နှစ်ဘက် သဘောထားများကို
အပြန်အလှန် ပေးပို့ခဲ့ကြသည်။
ဘားအံတွင်ဖွင့်လှစ်မည့်
ဗဟိုဆက်ဆံရေးရုံးကိစ္စနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးရန်ရှိသည့် အတွက် လတ်တလော
ဖွင့်လှစ်ခြင်း မပြုလုပ်ရန် ယခုလ ၈ ရက်နေ့က KNU အထွေထွေအတွင်းရေးမှူးချုပ်
နော်စီဖိုးရာစိန်က ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး
လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊
ဦးခင်ရီ၊ ဦးစိုးသိန်းတို့ထံ အကြောင်းကြားစာပေးပို့ခဲ့သော်လည်း
မျက်နှာလွှဲခဲပစ် လုပ်ခဲ့သည်ဟု KNU ခေါင်း ဆောင်တဦးက ပြောသည်။
KNU ဗဟိုက အလားတူ
ကြေးနန်းတစောင်ကို ယခုလ ၁၁ ရက်နေ့က ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးထံ
ပေးပို့ခဲ့သော်လည်း တဘက်က ငြင်းဆန်ခဲ့သဖြင့် အချည်းနှီးဖြစ်ခဲ့ရသည်ဟု
KNUဘက်က ပြောသည်။
မြန်မာအစိုးရ၏
ယခုလုပ်ရပ်ကြောင့် နှစ်ဘက်အကြား လုပ်ဆောင်နေသည့်
ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ် များ ပျက်စီးသွားနိုင်သည်ဟု
ငြိမ်းချမ်းရေးအကျိုးဆောင်အချို့က သုံးသပ်ပြောဆိုသည်။