Monday, May 4, 2009

နာဂစ်တနှစ်ပြည့် ဆုတောင်းပွဲ ဆစ်ဒနီတွင် ကျင်းပပြုလုပ်

နာဂစ်မုန်တိုင်းတိုက်ခတ်မှု တနှစ်ပြည့် ဆုတောင်းပွဲကို သြတြေးလျားနိုင်ငံ ဆစ်ဒနီမြို့တွင် လွန်ခဲ့သည့် ဧပြီလ ၂ရက်နေ့က Queen Victoria Building ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆုတောင်းပွဲကို မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသည့် ဆစ်ဒနီအခြေစိုက် Burma Compaigm Australia က ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး တက်ရောက်လာသူပေါင်း ၅၀ကျော်ရှိသည်ဟု သိရှိရသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာဘုန်းတော်ကြီးတပါးနှင့် အဖွဲ့အစည်း တာဝန်ရှိသူများက အမှာစကား ပြောကြားခဲ့ကြပြီး မီးထွန်းဆုတောင်းကာ ၀မ်းနည်းသည့်အနေဖြင့် တမိနစ် ငြိမ်သက်စွာ နေခဲ့ကြသည်။
သတင်းနှင့် ဓါတ်ပုံ-အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment