Wednesday, May 6, 2009

တပ်မဟာ ၃နှင့် ၄နယ်မြေတွင် ကေအဲန်ယူနှင့် နအဖ တိုက်ပွဲဖြစ် နအဖအများအပြား သေဆုံးဒဏ်ရာရ

ဧပြီလကုန်ပိုင်းနှင့် မေလဆန်းပိုင်းအတွင်း ကေအဲန်ယူ၏ တပ်မဟာ ၃(ညောင်လေး ပင်ခရိုင်)နှင့် တပ်မဟာ ၄(ဘိတ်ထားဝယ် ခရိုင်)၌ နအ ဖတပ်နှင့် ကေအဲန်ယူတပ်တို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားရာတွင် နအဖအများအပြား ကျဆုံး ဒဏ်ရာရရှိ ခဲ့သည်။
ဧပြီလ၂၆ရက်နေ့တွင် တပ်မဟာ ၄တပ် ဖွဲ့ဝင်တချို့မှ နအဖခြေမြန်တပ်ရင်း ၁၀၄ ကို ခြုံခိုပစ်ခတ်ရာတွင် နအဖ ၁၂ယောက် သေဆုံးပြီး ၁၁ယောက် ထိခိုက်ဒဏ် ရာရရှိသည်ဟု တပ်မဟာ ၄ပြောရေး ဆိုခွင့်၏ ထုတ်ပြန်ပြောဆိုမှုအပေါ် ကိုးကားပြီး ကွယ်ကလူဝက်ဆိုက်က ဖော်ပြထားသည်။ အဆိုပါသေဆုံးသည့်အထဲတွင် အရာရှိ ၂ဦး ပါဝင်ပြီး အခြားအရာရှိတဦးမှာလည်း ပြင်းထန်စွာဒဏ်ရာ ရရှိသည်။

တပ်မဟာ ၃ညောင်လေးပင်ခရိုင်တွင်လည်း အလားတူတိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ၈ယောက်သေဆုံးပြီး လက်နက် ၈လက်ကို ရရှိသည်ဟု ညောင်လေးပင်ကေအဲန်ယူ ခရိုင်`၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်အရ တပ်မဟာ၃စစ်ကြောင်းတကြောင်းမှ နအဖခြေမြန်တပ်ရင်း ၃၃၈တို့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပြီး အခင်းတိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်ဖြစ်သည်ဟု သိရှိရသည်။

အလားတူ တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် ပအိုဝ့်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းအဖွဲ့သည် လွန်ခဲ့သည့် မတ်လ ၃ရက်နေ့က ဆီဆိုင်မြို့နယ်တွင် လူအင်အား ၁၂ပါ နအဖခမရ ၄၂၆စစ်ကြောင်းကို ၀င်ရောက်ပစ်ခတ်ခဲ့ရာ အားလုံးသေဆုံးသွားသည်ဟု မီဒီယာသတင်းများအရ သိရှိရသည်။
သတင်း-အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment