Wednesday, May 20, 2009

ဗြိတိသျှ ပါလီမန်သို့ ဗြိတိန်ရောက်ကရင်များ သွားရောက် လေ့လာသည့် ဓါတ်ပုံသတင်း

အဆိုပါခရီးစဉ်တွင် ဗြိတိန်ရောက် ကရင်တိုင်းရင်းသား ၂၀သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UKက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ခရီးစဉ်အတွင်း ဗြိတိသျှပါလီမန်အမတ် Alan Beithနှင့် ဆွေးနွေးခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ကရင်ဒေသအတွင်း နအဖစစ်တပ်၏ ထိုးစစ်များ ရပ်တန့်စေရေး ဖိအားပေးရန် တိုက်တွန်းခဲ့သည်ဟု သိရှိရသည်။
ကျနော်၏ တောင်းပန်ပူဆာမှုကြောင့် တဆင့်ခံဓါတ်ပုံပေးပို့လာသူ ကွယ်ကလူဝက်ဆိုက်ဘ် အယ် ဒီတာ စောအယ်နာကို ကျေးဇူးတင်ရှိပါသည်။
ဗြိတိန်ကရင်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ၄င်းတို့ ထုတ်ပြန်ချက်များကိုလည်း အောက် တွင် ဆက်လက်ဖတ်ရှူနိုင်ပါသည်။

ပုံကြီးချဲ့ လိုလျှင် တချက်နှိမ့်လိုက်ပါ။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment