Tuesday, May 19, 2009

နယ်ခြားစောင့်တပ်အဖြစ် စစ်သည်အင်အား ၄၀ဝ၀ဝ ပြည့်အောင် စုဆောင်းသွားရမည်ဟု ဒီကေဘီအေ ပြောဆို

မေလ ၁၉ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)ကို နယ်ခြားစောင့်တပ်အဖြစ် သတ်မှတ်ထားသည့် စစ်သည်အင် အား ၄၀၀ဝ၀ပြည့်အောင် စုဆောင်းသွားရမည်ဟု မေလ ၁၇ရက်နေ့က ပြီးစီးသွားခဲ့သည့် တပ်မဟာ(၉၉၉)၏ တပ်ရင်းများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု ကရင်သတင်းစဉ်က စုံစမ်းသိရှိရသည်။

ကရင်အမျိုးသားအလံတော်နှင့် ဒီကေဘီအေအဖွဲ့အလံကို ကိုင်ဆောင်ထားသည့် ဒီကေဘီအေ အလံကိုင်တပ်ဖွဲ့ပုံ။
မြဝတီမြို့နယ်၊ ရွေကုက္ကိုကျေးရွာ၏ ခမ်းမဆောင်တွင် မေလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ငါးရက်ကြာ ကျင်းပသည့် ဒီကေဘီအေ တပ်မ ဟာ(၉၉၉)၏ တပ်ရင်းပေါင်းစုံအစည်းအဝေးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက သဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး တပ်ရင်းတရင်းလျှင် စစ်သည် အင်အား ၃၂၆ဦးဖြင့် ဒီကေဘီအေအဖြစ်မှ နယ်ခြားစောင့်တပ်အနေဖြင့် စုစုပေါင်းအင်အား ၄၀ဝ၀ဝအထိ သတ်မှတ်ထားရှိ သွားရမည်ဟု အစည်းအဝေး တွင် ပြောဆိုသွားကြောင်း ဒီကေဘီအေ အရာရှိတဉီးက ပြောသည်။

သူက “ဒီကေဘီအေရဲ့တပ်အင်အားကို ၄၀ဝ၀ဝအထိ ပြည့်အောင်ဖြည့်တင်းရမယ်လို့ သဘာပတိက အစည်းအဝေးမှာ ပြောတယ်။ တပ် ရင်းတရင်းကို ၃၂၆ဦး သတ်မှတ်ထားတယ်။ အဲလိုကောက်ယူစုဆောင်းတဲ့နေရာမှာ ကျေးရွာသူကြီးတွေကလည်း ကိုယ့်ရွာရဲ့လူဉီးရေ အနည်းအများအ လိုက် တာဝန်ယူပေးရမယ်။ အင်အားပြည့်တာနဲ့ နအဖတပ်တွေက နယ်စပ်မှာမနေတော့ဘဲ နောက်တန်းကိုပြန်ဆုတ်သွားမယ်လို့ ပြောတယ်”ဟု အဆို ပါအရာရှိက ကရင်သတင်းစဉ်ကို ပြောသည်။

ထိုအစည်းအဝေးတွင် (၉၉၉)လက်အောက်ခံ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရုံးထိုင်မှူး၊ တပ်ရေးဗိုလ်၊ ဘဏ္ဍဏ္ဍာရေးမှူးများအ ပြင် ၄င်းတပ်ရင်းများ အခြေစိုက်ရာျျေးရွာပေါင်း ၅၀ကျော်မှ ရွာသူကြီးများလည်း တက်ရောက်ခဲ့ကြရာ ကျေးရွာသူကြီးတဉီးက “ကောင်းမယ်ထင်လို့လုပ်တာဆိုရင် ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး”ဟု အစည်းအဝေးတွင် ပြောကြားသွားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဒီကေဘီအေမှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောကျော်သန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူတို့ နေပြည်တော်သို့သွား ရောက်၍ နအဖစစ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ရာမှ ယခုလိုညွန်ကြားပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ထိုနေ့အစည်းအဝေးတွင် ဗျူဟာမှူး က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
နအဖ၏ ညွန်ကြားချက်များ၌ အသက် ၅၀ကျော်သူများအား တလလျှင် ကျပ် ၃၀ဝ၀နှင့် အငြိမ်းစားပင်စင်ပေးသွားရန်၊ သာမန်စစ်သည်တဦးလျှင် လစာငွေကျပ် ၂၅၀ဝ၀မှ တပ်ရင်းမှူးတဉီးလျှင် ကျပ်ငွေတသိန်းခွဲအထိ ရာထူးအဆင့်လိုက် ပုံမှန်ထောက်ပံ့သွားမည်ဟု သတ်မှတ်ထားသည်။ ထိုအတူပင် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်းလျှင် ဗိုလ်မှူး ၆ဦးသတ်မှတ်ကာ အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်မှူးအဆင့်ထိသာ ထားရှိသွားမည်ဖြစ်သော် လည်း ထိုအခြေအနေကို ဒီကေဘီအေ ဗဟိုအတိုင်းအတာတခုလုံးက လက်မခံနိုင်ကြောင်း နေပြည်တော်သို့ တင်ပြထားသည်ဟု သိရသည်။

ယခု တပ်မဟာအတိုင်းအတာနှင့် အစည်းအဝေးပြီးနောက် တပ်ရင်းတခုစီမှ ၄င်းတို့တာဝန်ကျရာ နယ်မြေများတွင် ရွာသူကြီးများနှင့် ရွာသူ ရွာသားများကို ဒေသဆိုင်ရာတပ်ရင်းများက တပ်အင်အားစုဆောင်းရေးကိစ္တနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြကာ စစ်သည်အင်အားဖြည့်တင်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗိုလ်မှူးကြီးစောချစ်သူပုံ။ ဖူ့တာမိက် ဘလော့မှ ကူးယူသည်။

(၉၉၉)တပ်ရင်းအခြေစိုက်ရာ လှိုင်းဘွဲမြို့နယ်မှ ဝင်းဖလရွာသူတဉီးက “ကျမတို့ရွာမှာက အိမ်ခြေတရာကျော်လောက်ပဲရှိတယ်။ ရွာသားတွေ က စားဝတ်နေရေးကြပ်တည်းနေရတဲ့အထဲ ဘယ်သူမှ စစ်သားမလုပ်ချင်ကြဘူး။ စစ်သားမပေးနိုင်ရင် သူကြီးတွေကလည်း ရွာသားတွေဆီက ပိုက်ဆံ ကောက်ပြီး လူစားထိုးငှားနေကျဆိုတော့ အခုလည်း အဲလိုပဲလုပ်မယ်ထင်တယ်။ သူတိုပေးမဲ့လခ နှစ်သောင်းခွဲက အခု ကုန်ဈေးနှုန်းနဲ့ဆိုရင် စားလို့မှမ လောက်ပဲ။ ဒီအတိုင်းသာဆိုရင် သိပ်တော့လွယ်မှာမဟုတ်ဘူး”ဟု ကရင်သတင်းစဉ်ကို ပြောသည်။

ဒီကေဘီအေတပ်များသည် အင်အားဖြည့်တင်းပြီးပါက မိမိတိုကိုင်ဆောင်ထားသည့် လက်နက်များကို နအဖထံ ပြန်လည်အပ်နှံကာ ၂၀၁၀ မတိုင်ခင် နအဖတပ်မှ ကိုင်ဆောင်သည့် လက်နက်အမျိုးအစားအတိုင်း ၄င်းတို့အား ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး အစိုးရမသိအောင် လက်နက် ပုန်းများ ကိုင်ဆောင်ခွင့်မရှိဘဲ လျှို့ဝှက်သိမ်းဆည်းထားသည်ကို သိရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးသဘာပတိက တဆင့်ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းသို့ စစ်သည်အင်အားစာရင်းနှင့် လက်နက်စာရင်းများ တင်ပြကာ လက်နက်ပြောင်းလဲတပ်ဆင်ပြီးမှသာ နယ်ခြားစောင့်တပ်သင်တန်းကို ပို့သွားမည့်အပြင် နယ်ခြားစောင့်တပ်ရင်းများအတွက် နအဖမှ စစ်သုံးကားများနှင့် တပ်ရိက္ခာများလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်အစိုးရသည် ကရင်အပစ်ရပ်အဖွဲ့များအနက် အင်အားအများဆုံးဖြစ်သည့် ဒီကေဘီအေတဖွဲ့တည်းကိုသာ လက်နက်ဝယ်ယူခွင့်ပေးခြင်း၊ လက် နက်ဖြည့်တင်းခွင့်ပေးခြင်း စသည့် (Gun Power) ပေးထားပြီး ကျန်အပစ်ရပ်အဖွဲ့များကို လက်နက်ဝယ်ယူဖြည့်တင်းခွင့်ပေးထားခြင်းမရှိဟု သိရသည်။

ထိုကိစ္တနှင့်ပတ်သက်၍ “ဒီကေဘီအေက ကျနော်တို့ အပစ်ရပ်ကရင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးအဖွဲ့လည်းဖြစ်တယ်။ နောက်တခုက ကေအဲန်ယူကို ပြန်တိုက်နေတဲ့အဖွဲ့လည်းဖြစ်တော့ နအဖက အဲဒီအတွက် သူတို့ကို လက်နက်ဖြည့်ပေးတာရှိတယ်။ နောက်ပြီး သူတို့ငွေတွေနဲ့ သူတို့ဖာ သာ လက်နက်ဝယ်ယူမယ်ဆိုလည်း နအဖက မသိချင်ယောင်ဆောင်နေလိုက်တယ်။ စီးပွားရေးမှာလည်း တခြားအဖွဲ့တွေထက် အခွင့်အလမ်းသာတယ်” ဟု မကြာခင်ကမှ ကေအဲန်ယူသို့ပြန်လည်ရောက်ရှိလာသူ ငြိမ်းချမ်းရေးကောင်စီ (၇၀၄)တပ်ရင်းမှ ဒုရင်းမှူးဗိုလ်မှူးစောလေးမူးက ပြောသည်။

၂၀၁၀နောက်ပိုင်းတွင် နယ်ခြားစောင့်တပ်ဖြစ်သွားမည့် ဒီကေဘီအေ၏ နယ်မြေကို ကရင်ပြည်နယ်တလျှောက် နယ်စွန် တနသာရီတိုင်းမှ ကယားပြည်နယ်အထိ သတ်မှတ်ပေးထားသည်ဟု ယေဘုယျအားဖြင့် သိရသည်။ လက်ရှိအချိန်တွင် လက်အောက်ခံတပ်ရင်း (၇)ရင်းရှိသည့် တပ်မဟာ (၉၉၉)တွင် စစ်သည်ဦးရေ ၂ဝ၀ဝ ၀န်းကျင်ရှိပြီး ကျန်တပ်မဟာ (၃၃၃)၊ (၅၅၅)၊ (၆၉၉) ဗဟိုလယ်ယာတပ်ဖွဲ့ အပါအဝင် စုစုပေါင်း စစ်သည်အင်အား ၄ဝ၀ဝနီးပါးရှိသည်ဟု သိရသည်။

ဒီကေဘီအေသည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းသွားပြီး ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ကြီးတခု ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment