Tuesday, June 16, 2009

ဒီကေဘီအေမှ ကေအဲန်ယူတပ်ရင်း သုံးနေရာသို့ ၀င်ရောက် တပ်ရင်းတနေရာကို မီးရှို့ခဲ့

နန်းဖောဂေ(ကေအိုင်စီ)
တိုးတက်သောဗုဒ္မဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(ဒီကေဘီအေ)သည် ဇွန်လ(၁၄)ရက်နေ့က ကရင်အမျိုး သားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)လက်အောက်ခံ တပ်ရင်းသုံးရင်းနေရာသို့ ဝင်ရောက်ခဲ့ပြီး တပ်ရင်း(၂၁) စခန်းနေရာကို ဝင်ရောက်မီးရှို့ခဲ့သည်ဟု သိရသည်၊

မီးလောင်နေသည့် ကေအဲန်အယ်လ်အေ တပ်ရင်း ၂၁မှ အဆောက်အအုံတလုံးပုံ။ ဓါတ်ပုံ-KIC
ထိုနေ့ မွန်းလွဲ (၂)နာရီခန်ဏ္ဍတွင် ကေအဲန်အယ်လ်အေ တပ်ရင်း (၂၂)။ တပ်ရင်း(၁၀၁)နှင့် ဒီကေဘီအေ (၉၉၉)တပ်ဖွဲ့ဝင်များ နာရီဝက်ခန့်ကြာ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ထိခိုက်မကို မသိရဘဲ ကေအဲန်အယ်လ်အေဘက်မှ ပြန်ဆုတ်ခဲ့ရသည်ဟု သိရသည်၊

၎င်းအပြင် ညနေ (၄းဝ၈)နာရီခန်ဏ္ဍတွင် ဒီကေဘီအေ ဗဟိုလုံခြုံရေးတပ်ဖွဲ့နှင့် (၉၉၉)တပ်မဟာတို့က နေရာရွေ့ပေးလိုက်သည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)စခန်းနေရာကို ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်၊

ထိုကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ကျနော်တို့အနေနဲ့ ကိုယ့်လူတွေကို ပြန်ဆုတ်ခိုင်းလိုက်တာပဲ၊ နှစ်ဖက်ထိခိုက်မှုမှာ ကရင်တွေချည်းပဲဖြစ်နေတော့ နအဖကိုသာ တိုးလာခိုင်း၊ နအဖဟာ ကရင်အချင်းချင်းကို ပြန်တိုက်ခိုင်းနေတာဖြစ်တဲ့အတွက် မင်းတို့မတက်လာနဲ့လို့ ဒီကေဘီအေကို ပြောထားပေမဲ့ တက်လာရင်တော့ ဘယ်တတ်နိုင်မှာလဲ၊ ကိုယ့်ကိုလာပစ်ရင်တော့ ပြန်ပစ်ရမှာပဲပေါ့၊ ဒီကေဘီအေအနေနဲ့ အသေခံနိုင်ရင် တိုးလာပေါ့၊ ဒါ သူ့အခြေအနေကို သူသိရမှာပဲ၊ ရေရှည်အတွက်ကိုကြည့်ပြီး ကျနော်တို့က လုပ်နေတာ”ဟု ကရင်သတင်းစဉ်ကို
ပြောသည်၊

ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်နေ့ မနက် (၆)နာရီကျော်တွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)တွင် ပစ်ခတ်မဖြစ်ပွားခဲ့ပြီး ဒီကေဘီအေဘက်မှ ဗိုလ်ကြီးဆဒါ့ဘူ(ဗျတျွှ)။ ဒုဗိုလ်ဖားနိုကလဲနှင့် တပ်သားတဦး ကျဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်၊

ဇွန်လ (၁၂)ရက်နေ့ မနက် (၈း၃၀)နာရီမှစှု တနာရီကြာဖြစ်ပွားသည့် တိုက်ပွဲတွင် ဒီကေဘီအေ (၉၉၉)မှ တပ်ခွဲမှူးတဦး ထိခိုက်မိပြီး ခလယ့်ကာ့ရွာဘက်တွင်မူ ဒီကေဘီအေ (၃၃၃)မှ တပ်သား၃ဦး ဗုံးထိမှန်ခဲ့ကြောင်း နယ်မြေခံကေအဲန်ယူသတင်းများအရ သိရသည်၊

၎င်းအပြင် ယမန်နေ့ မွန်းလွဲ(၃း၁၉)နာရီတွင် ဗုံးတလုံးပေါက်ကွဲပြီး ဒီကေဘီအေ ဗဟိုလုံခြုံရေးတပ်ဖွဲ့မှ အရာရှိတဦးဖြစ်သူ ဗိုလ်မြင့်ဦး အပါအဝင် ၄ဦး ဒဏ်ရာရရှိခဲ့ပြီး ည (၆း၄၈)နာရီတွင် ဗုံးတလုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယနေ့အထိ ဒီကေဘီအေတပ်ဖွဲ့ဝင် (၁၄၈)ဦးရှိပြီဖြစ်ကြောင်း ကရင်သတင်းစဉ်က စုံစမ်းသိရှိရသည်၊

ယင်းသိုဏ္ဍ ဆယ်ရက်ခန့်ကြာဖြစ်ပွားခဲ့သည့် ထိုးစစ်ကာလအတွင်း ဒီကေဘီအေ တပ်မဟာ(၉၉၉)ဘက်မှ ရိကျှာပြတ်လပ်မများရှိနေကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ အများစုကို မြဝတီမြို့။ ရွေကုက္ကိုကျေးရွာဆေးရုံတွင် သီးသန့်ထားကာ ကုသပေးလျှက်ရှိသည်ဟုလည်း ဒီကေဘီအေ အသိုင်းအဝိုင်းနှင့် နီးစပ်သူများ. ပြောပြချက်အရ သိရသည်၊

ဒီကေဘီအေနှင့် နီးစပ်သူ အမည်မဖော်လိုသူတဦးက “ဒီကေဘီအေကတော့ ဒီထိုးစစ်အတွက် သူ့လူတွေကို အနည်းဆုံး ၅၀ဝလောက်အသေခံမဲ့သဘောမှာ ရှိတယ်၊ ကုက္ကိုဆေးရုံမှာဆိုရင် ထိခိုက်ဒဏ်ရာရတဲ့ ဒီကေဘီအေရဲဘော်တွေ အပြည့်ပဲ၊ ဆံ့တောင် မဆံ့တော့ဘူး၊ အရပ်သားလူနာတွေကိုတောင် လက်ခံလို့မရတော့ဘူး”ဟု ဆိုသည်၊

ဒီကေဘီအေ တပ်မဟာ(၉၉၉)။ (၅၅၅)။ (၃၃၃)နှင့် ဗဟိုလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ တပ်ရင်းနေရာများကို အပြုတ်တိုက်ရေးထိုးစစ်ဖြင့် ဇွန်လဆန်းကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်၊
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment