တလနီးပါးကြာ အဆိုပါခရီးစဉ်အတွင်း ဆစ်ဒနီ၊ မဲဘုန်း၊ ဒါဝင်စသည့် မြို့များကို ရောက်ရှိကာ သက်ဆိုင်ရာ ကရင်ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့တာဝန်ရှိသူများ၊ လူငယ်များကို တွေ့ဆုံခဲ့သည့်အပြင် သြစတြေး လျားရောက် ကရင်မိသားစုများ၏ အခြေအနေများကိုလည်း လာရောက်လေ့လာသွားခဲ့သည်။
ထို့သို့လာရောက်လည်ပတ်သွားရာတွင် နယ်စပ်ရှိ ကရင်ဒုကသည်များအခြေအနေနှင့် အိုင်ဒီပီများ၏ အခြေအ နေများကိုလည်း ကရင်အမျိုးသားများ စုံစုံလင်လင်သိရှိနိုင်ရန် ရှင်းလင်းပြောဆိုပွဲများကိုလည်း ပြုလုပ်သွားခဲ့သည်။
ထို့အပြင် နိုင်ငံတကာရောက် ကရင်အမျိုးသားများအား ပညာရေးကို အဓိ ကထားဦးစားပေးသင်ယူကြရန် အဓိကပြောဆိုသွားခဲ့သည်။
နော်ဘလူးမင်းနိုင်ဇန်သည် ကရင်အမျိုးသမီးအစည်းအရုံး၏ ခေါင်းဆောင်တဦးဖြစ်သည့်အပြင် ကရင်အမျိုး သားအစည်းအရုံး(KNU)၏ အရံဗဟိုကော်မတီဝင်တဦးလည်း ဖြစ်သည်ဟု သိရှိရသည်။
ဓါတ်ပုံနှင့်သတင်း-အဲခေါင်သောင့်