ကရင်လူမျိုးတို့သည် မိမိတို့၏ ၀မ်းရေးအတွက် လယ်ယာ၊ ခြံ လုပ်ငန်းတို့ဖြင့် နှစ်ထောင် နှင့်ချီ၍ လုပ်ကိုင်စားသောက်လာခဲ့ကြ သည်။ ခေတ်တခုစနစ်တခုတိုးတက်ပြောင်းလဲမှု အရ ဓနရှင်၊ ဓနရှင်ပေါက်စ (ခေတ်ပညာတတ်)၊ လယ်သမားတောင်ယာသမား၊ အလုပ် သမားဟူ၍ အကြမ်းအားဖြင့် လူတန်းစား (၄)ရပ်အနက် ကရင်လူမျိုးအများစုမှာ လယ်သမား၊ တောင်ယာသမားများ ဖြစ်ခဲ့ကြသည်။ ၎င်းတို့၏ လယ်မြေ၊ ခြံမြေကို တွယ်တာသည့်နည်းတူ ထိုလယ်မြေ၊ ခြံမြေကိုစွန့်၍ အခြားလူမျိုးများနည်းတူ မြို့ ပေါ်တက်၍ ကုန်ရောင်း ကုန်ဝယ်လုပ်ငန်းတို့ကို စိတ်မ၀င်စားကြပါ။
ထို့ကြောင့် မြန်မာပြည်တွင် မဆလခေတ်မှ ယနေ့ နအဖ စစ်အာဏာရှင်ထိတိုင် ကရင်လယ်သမား ခြံသမားများတို့သည် အခြား လူမျိုးများထက်ပို၍ လူတန်းစားအရ အဖိနှိပ်ခံနေကြရဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကရင်အများစုမှာ ထိုလုပ်ငန်းတို့ဖြင့် အသက်ရှင်ရပ်တည်နေကြရခြင်းကြောင့်ဖြစ်သည်။
လယ်ယာ ခြံမြေကို ခင်တွယ်ကြသည့် Australia ရောက် ကရင် (၂၀)ဦးသည် AKCO (Australia Karen Culture Organization) ၏ အစီအစဉ်ဖြင့် Certificate II Agriculture Course ကို လွန်ခဲ့သည့် 21st July, 2009 မှ စတင်ကာ သင်တန်းကာလနှင့် လက်တွေ့အပါအ၀င် (၈)လခန့် သင်ကြားရမည်ဖြစ်သည်။ မိမိတို့၏ ဆန္ဒအပေါ်မူ တည်၍ Certificate III, IV, Diploma အထိ တက်ရောက်သင်ကြားနိုင်ကြမည်ဖြစ် ဖြစ်သည်။ ထို Course မှာ ကရင်အမျိုးသားများအတွက် အထူးသင်ကြားပို့ချပေးသော သင်တန်းဖြစ်သည်။ ယခုလည်း အခြားသောကရင်များ တက်လိုက enrollment လုပ်နိုင်ပြီ ဖြစ်သည်။ အခြားအစီတခုမှာ Australian ပုဂ္ဂလိကလယ်သမားနှင့် AKO အစီအစဉ်ဖြင့် သင်တန်း ပေးပြီး လက်တွေ့လုပ်ငန်းခွင်သို့ ၀င်ရောက်စေကာ လောလောဆယ်အရ အချို့ကရင်များကို အလုပ်သွင်းပေးနေပြီဖြစ်သည်။
ယခုမိမိတို့၏ သင်တန်းကာလအတွင်း အပင်များကို ကိုင်းကူး ကိုင်းဆက်နည်း၊အပင်ပျိုးနည်း၊မြေသြဇာအမျိုးအစားအလိုက်သုံးနည်း၊ ရေသွယ်နည်း၊ ရေသွင်းနည်း၊ ခြံစည်း ရိုးပြုလုပ်နည်း ပြုပြင်နည်း၊ ထွန်စက်ကြီး၊ ငယ်မောင်းနည်း၊ ထွန်ယက်နည်းတို့နှင့် ပိုး သတ်ဆေးဖြန်းနည်းတို့အပြင် နွားမွေးမြူရေး၊ သိုးမွေးမြူရေး၊ ကွန်ပြူတာသုံးနည်း အစ ရှိသော ပညာရပ်တို့ကို မိမိတို့အား ပို့ချ ပေးလျှက်ရှိသည်။ ထို့အပြင် အပြင်ဗဟုသုတရ ရှိနိုင်အောင် ဘတ်စ်ကားဖြင့် ဆရာများကိုယ်တိုင် ကြီးကြပ်စီစဉ်၍ (၂)ရက်ကြာ ခရီး ထွက်စေခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ မိမိတို့ သင်တန်းမှာ April 2010 မှ သင်တန်း Course ပြီးဆုံးမည်ဖြစ်သည်။
စစ်အာဏာရှင်စနစ်အောက်တွင် ကရင်လူမျိုးအပြင် အခြားတိုင်းရင်းသား လူထုလူတန်းစားများအားလုံး ဒုက္ခရထားကြီးဖြင့် မျိုးဆက်ပေါင်းများစွာ ခရီးသွားနေရခြင်းမှ လွတ်ကင်း၍ ထိုစုန်းပြူးကဲ့သို့ စစ်အာဏာရှင်သည်လည်း မြန်မာပြည်တွင် အမြန်ဆုံး ကျဆုံးပါစေဟု ဆန္ဒပြုအပ်ပါသည်။