Monday, November 9, 2009

မဲဘုန်း၊ သြစတြေးလျားနိုင်ငံမှ ကရင်နှစ်သစ်ကူးနေ့ အစီအစဉ်

သြစတြေးလျားနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် မဲဘုန်းမြို့ ရောက် ကရင်အမျိုးသားများမှ ကရင့်နှစ်သစ်ကူးနေ့ အခမ်း အနားကို လာမည့် ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်၊
ဗစ်တိုရီးယားပြည်နယ်ရောက် ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင့်ဘာသာရေး အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင် သည့် အဆိုပါပွဲကို ကရင်အမျိုးသားအများစု စုပေါင်း နေထိုင်ရာ ဝေလဘီ(Werribee)အရပ်တွင် စည်းကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်၊
မနက်၁၀နာရီမှ ညနေ ၃နာရီအထိ ကျင်းပပြုလုပ်မည့် ကရင့်နှစ်သစ်ကူးပွဲတွင် ကရင်ရိုးရာအတီး အမှုတ်အစီအ စဉ်များ၊ ကရင့်ရိုးရာ ဒုံးကပြမည့် အစီအစဉ်များ၊ ခေတ်ပေါ် တေးဂီတ အစီအစဉ်များ၊ အစားအသောက် ကျွေးမွေး မည့် အစီအစဉ်နှင့် အားကစားအစီအစဉ်များ ပါဝင်မည် ဖြစ် သည်။

အသေးစိတ်သိရှိလိုပါက အောက်ပါ အီးမေးလ်နှင့် ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Thamay-0433089874
Keh Blut-0421010745


akovictory@live.com.au
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment