Tuesday, November 3, 2009

ပညာတင့်မှ အမျိုးတင့်မည်

စောကညော
မြန်မာ ပုဆိုးဝတ်တာ ကုလားအမွေလို့ ဒေါက်တာ သန်းထွန်းက ပြောလို့သိရတယ်။ အဲ့ဒီတော့ ကရင်တွေက သဘောကျတယ် ကုလားအမွေ ခိုးထားတဲ့ကောင်တွေ ပါကွာဆိုပြီး ဟားတိုက်ကြတယ်လေ၊ သိပ်ပြီးလဲ သဘောမကျကြနဲ့ ကိုယ့်လူတို့ရေ ... ကရင်ပုဆိုးဝတ်တာကရော ကုလားအမွေလား မြန်မာတွေ ဆီကနေ အတုမြင်အတတ်သင်လား ဘယ်သူ့အမွေလဲ၊ ဒီလိုမေးရင်တော့ စိတ်မဆိုးနဲ့နော် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကရင်သမိုင်းကို ဒီလောက်ထိလိုက်တဲ့ ကရင်လူမျိုးဘာလို့မရှိသေးတာလဲ။ မြန်မာလူမျိုးတွေက မြန်မာသမိုင်းကို ပုဆိုးဝတ်တာက အစ လိုက်နိုင်ကြပြီ။ ကျွန်တော်တို့ ဘယ်ကနေဆင်းသက်လာလဲဆိုတာ အခုထိ တစ်ယောက်တစ်ပေါက် ဖြစ်နေတုန်းဘဲ။
တစ်ယောက်က ဗာဗူလုံ မြို့ကလို့ပြောလိုပြော၊ ဂျူးလူမျိုး (၁၂) မျိုးထဲက အကိုအကြီးဆုံး အမျိုး ရူဘင်မျိုးလို့ပြောလိုပြော၊ နောက်ကျတော့လဲ အရှေ့အလယ်ပိုင်းကလိုလို အီဂျစ်ကလိုလိုနဲ့ နောက်ဆုံးတော့ တိဘက်ကိုဖြတ် တရုတ်ကိုကျော်ပြီးမြန်မာနိုင်ငံထဲ ရောက်လာခဲ့ကြတယ်လို့ဘဲ ဂိတ်ဆုံးသွားရော။ ဒီကြားထဲ တချို့က ထိုင်းဘက်ကပါတ်ဝင်တာတို့ အိန္ဒိယဘက်က ပါတ်ဝင်တာတို့က ရှိသေးတယ်။ ဦးပညာရေးထားတဲ့ ကရင်ရာဇဝင်ဆိုကျတော့လဲ ဗြမ္မာကြီး လေးဦးကနေ အစချည်လိုက်တာကို ဖတ်ရတော့ စိတ်ပါညစ်သွားတယ်။ မြန်မာတွေလဲ ဘယ်ကဆင်းလာသလဲ ဆိုတာကို အတိအကျမသိသလို့ ကရင်တွေ လည်းဘယ်ကဆင်းလာသလဲဆိုတာ အတိအကျမသိပါဘူး။

ဒါပေမဲ့ မြန်မာအစ တကောင်းက (မြန်မာသမိုင်းအခြေခံမူလတန်းတွင်သင်ခဲ့ရသည်) လို့ အယူအလွဲမျိုးကို ကရင်တွေ လဲမဖြစ်ဖို့ အရေးကြီးပါတယ်။ တော်တော်ကြာ ကရင်အစ တိဘက်ကဖြစ်နေဦးမယ် နိုင်ငံတော်အလံခြင်းကလဲ ခပ်တူတူ လူပုံခြင်းကလဲ ခပ်ဆင်ဆင် ဖြစ်နေတာကိုး။ ဒါတွေကတော့ မတိုးတက်သေးတဲ့ခေတ်မှာဖြစ်ခဲ့ပြီးပြီ အခု တိုးတက်တဲ့ ခေတ် IT ခေတ်ကိုရောက်နေပြီ ကရင်တွေ မကြိုးစားကြသေဘူး။ လက်ရှိ ထက်မျက်ထွန်းပေါက်တဲ့ကရင်တွေ ရှိပါတယ် ဒါပေမဲ့ လက်ချိုးရေလို့ရတယ်။ ကျွန်တော်တို့ကရင်လူငယ်တွေ အပျော်အပါ အသောက်အစားနဲ့ ဘဲ အချိန်ကုန်နေကြတယ်။ အထူသဖြင့် ကရင်လူမျိုးတွေမှာ ပြောစမတ်ဖြစ်နေတာ အရက်ပါ။ လုံးဝမသောက်နဲ့ လို့ မပြောလိုပါ သောက်တတ်ရင်သောက်ပါ ဘဝပျက်တဲ့အထိတော့ မသောက်သင့်ဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကရင်လူမျိုးအများစုဟာ ဖိနှိပ်ခံ လူတန်းစားဘဝမှာ ကျွန်တော်တို့လူမျိုးတွေ ကြိုးစားပြီး ထိုးဖောက်ရမဲ့အစား မကြိုးစားဘူး။

မြန်မာတွေ အနိုင်ကျင့်တယ် မတရားဘူးဘဲအော်နေတယ်။ ရှေ့ဆက်အနိုင်မကျင့်ခံရအောင် ငါတို့ဘယ်လိုလုပ်မလဲ မစဉ်းစားဘူး။ အနိုင်ကျင့်တာ ကျင့်ခြင်တိုင်းကျင့်လို့မရပါဘူး ကိုယ်ကသူ့အပေါ်ကဆို သူကိုယ့်ကို ဘယ်လိုအနိုင်ကျင့်မလဲ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗမာလူဦးရေနဲ့ ကရင်လူဦးရေ မကွာပါဘူး။ ဒါကို သူများအပေါ်ကိုရောက်အောင်မကြိုးစားဘဲ ခပ်ပေါ့ပေါ့ဘဲနေနေကြတယ် လူကြားကောင်းအောင်ငါတို့ကရင်လူမျိုးက ရောက်ရဲ တင်းတိမ်တတ်တယ်ဆိုတဲ့စကားနဲ့ ပြန်လည်တုန့်ပြန်တတ်ကြတယ်။ တကယ်တော့ ဒါဟာ ခပ်ညံညံ အတွေးတွေပါ။ ပညာသင်ခွင့်ရနေတဲ့ ကျွန်တော်တို့ တတွေ ကြိုးစားရမယ်။ ဒါမှကိုယ့်လူမျိုးဂုဏ်ကိုယ်ပြန်မြင့်နိုင်မှာပါ။မြန်မာစကားပုံတစ်ခုလို ပညာမြှင့်မှ အမျိုးတင့်မည် ဆိုတာမျိုးပေါ့။ အခုတော့ကျွန်တော်တို့ လူမျိုးအများစုဟာ ပညာမတတ်မဟုတ်ဘဲ ရိုးရိုး တောင်သူလယ်သမားဘဝကနေ အခုထိ မတက်နိုင်သေးပါဘူး၊ ဗမာ မင်းတွေ နှိပ်စက်လို့ ထွက်ပြေးနေတဲ့ဘဝကနေအခုထိမလွတ်နိုင်သေးပါဘူး။

အစ္စရေး ကိုယ်နိုင်ငံကိုယ်ပြန်တည်ထောင်သွားတာကို ကျွန်တော်တို့လူမျိုးတွေ အတုယူသင့်တယ်။ ဘာလို့ပြန်လည်တည်ထောင်နိုင်လဲဆိုတော့ အဓိကအကြောင်းအရင်းကတော့ ပညာတတ်နဲ့ လူချမ်းသာများလို့ဘဲ။ ကျွန်တော်တို့လည်းကိုယ့်နိုင်ငံကိုယ်ပြန်လည်တည်ထောင်ခြင်ရင်တော့ ပညာတတ်နဲ့လူချမ်းသာတွေ ကရင်လူမျိုးထဲမှာများဖို့လို့ပါတယ်။ ချမ်းသာဖို့ဆိုတာလဲ ပညာတတ်မှ ဖြစ်နိုင်မဲ့ အရာတခုပါ။ ပညာမတတ်ဘဲ သူဌေးဖြစ်တဲ့သူ ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးတိုင်းရင်းသားက ကရင် လူမျိုးတွေပါ။ မွန်လူမျိုးတွေကို ကြည့်ပါ ကရင်ပြည်နယ်နဲ့ ဘေးခြင်းကပ်မှာ နေပေမဲ့လည်း ပညာတတ်တွေ မွန်လူမျိုးမှာများစွာကို ကျွန်တော်တို့မြင့်တွေနိုင်ပါတယ်။ ကျွန်တော်တို့လူမျိုးမှာ ပညာတတ်တွေ အရမ်း ကိုနည်းလွန်းပါတယ် ဒါဟာအင်မတန်ဝမ်းနည်းစရာပါ။

ဒါကြောင့်ကျွန်တော်တို့ ဖိနှိပ်ခံ ဘဝတွေကနေ ဖောက်ထွက်နိုင်ဖို့ တခုတည်းသော နည်းလမ်းက တခြားသူတွေထက်သာအောင်ကြိုးစားဖို့ နည်းလမ်းတစ်ခုတည်းသာ ရှိပါတော့သည်။

စောလင်းနက်စ်ဘလော့မှ ကူးယူဖော်ပြထားသည်၊
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

6 comments:

Nge Naing said... at November 3, 2009 at 5:15 PM

မြန်မာနိုင်ငံမှာ ရှိတဲ့ ဗမာကလွဲရင် တခြား တိုင်းရင်းသားတွေအထဲမှာ ကရင်က အများဆုံးဆိုတာတော့ သိပါတယ်။ ဒါပေမယ့် ကရင်လူဦးရေနဲ့ ဗမာလူဦးရေ မကွာဘူးဆိုတာတော့ မဟုတ်ဘူးထင်တယ်။ သန်းခေါင်စာရင်း အတိအကျတော့ မကြည့်မိဘူး ဒါပေမယ့် ကျွန်မသိထားတာ ဗမာလူဦးရေက အနည်းဆုံး မြန်မာပြည်ရဲ့ စုစုပေါင်း လူဦးရေ တ၀က်တော့ ကျော်ပါတယ်။

မင်းစိုးစံ said... at November 3, 2009 at 6:34 PM

ဟုတ်ပါတယ်။ ဗမာလူဦးရည် များရ,တယ်ဆိုတာက ဗမာနဲ့ကရင် အိမ်ထောင်
ကျလို့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားအချင်းချင်း အိမ်ထောင်ကျရင်ပဲဖြစ်ဖြစ်၊
ဗမာနဲ့တိုင်းရင်းသားတွေ အိမ်ထောင်ကျရင်ပဲဖြစ်ဖြစ်
မွေးလာတဲ့ကလေးတွေကို ဗမာစာရင်းထဲသွင်းလိုက်တော့ ဗမာလူဦးရည်
များရ,တာလို့ ပြောရင်ရ,နိုင်ကောင်းတယ်လို့ထင်ပါတယ်။

onestar said... at November 4, 2009 at 1:20 AM

ဟုတ်ပါတယ်။ကျွန်တော်ကိုယ်တွေ့အရ ကျွန်တော်တို့ဘက်မှာသန်းခေါင်စာရင်းကောက်တော့
ကရင်အစစ် ဗုဒ္ဓဘာသာဝင်တွေကို မြန်မာ ဗုဒ္ဓ ဆိုပြီးရေးပါတယ်။ တချို့ မကျေနပ်သူတွေက
သွားပြောရင်ပြန်ပြင်ပေးပါတယ်။ဒါပေမဲ့ အများစု တောင်သူလယ်သမားတွေကမပြောကြပါဘူး။
မဆလ ခေတ်ကတည်းကပါ။ရိုးရိုးသားသား မှားတာမဖြစ်နိုင်ပါဘူး။

Nge Naing said... at November 4, 2009 at 11:45 PM

မင်းစိုးစံ ပြောတာနဲ့ ပတ်သက်ပြီး ဒုတိယ မျိုးဆက်တွေရဲ့ ခံယူမှုနဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ စနစ်တကျ သန်းခေါင်စာရင်း ကောက်တဲ့စနစ် မရှိလို့လည်း ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ငယ်ငယ်က ကျောင်းတက်တုန်းကတော့ ကရင်ကို ဗမာလုပ်ပြီး Form ဖြည့်ရတာ တခါမှ မတွေ့ရဘူး။ ကပြားတချို့က သူတို့ကိုယ်သူတို့ ကရင်ခံယူရင် ကရင်လို့ ဖြည့်ပြီး ဗမာခံယူရင် ဗမာလို့ ဖြည့်တာတော့တွေ့ပါတယ်။ ဘာသာလည်း အဲဒီလိုပဲ သူတို့ ယုံကြည်တဲ့ ဘာသာကို သူတို့ ဖြည့်ကြတာ တွေ့တယ်။

onestar ပြောတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မ အခုမှ ကြားဖူးတာ အမှန်ပဲ။ကျွန်မတို့ မသိခဲ့ပေမယ့် ဒီလိုတွေ ရှိခဲ့တယ်ဆိုတာကို အခုသိရတဲ့အတွက် onstar ကို ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လိမ်ညာပြီး စာရင်းမကောက်ပဲ အမှန်တိုင်းစာရင်းကို ကောက်မယ်ဆိုရင်လည်း ကရင်ပြည်နယ်က လူဦးရေတခုတည်းကို ကောက်တာမဟုတ်ပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် ဗမာက တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံးမှာ ရှိတဲ့အတွက် ဗမာဦးရေကတော့ တခြားတိုင်းရင်း သားတွေထက် အဆမတန် ပိုများမှာကတော့ သေချာပါတယ်ဆိုတာ ယုတ်တိကျကျ စဉ်းစားကြည့်လို့ သိနိုင်ပါတယ်။ အခုလို ပြန်ဆွေးနွေးပေးကြတာကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မဘလော့ဂ်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

onestar said... at November 5, 2009 at 8:00 AM

ကျွန်တော်ဆိုလိုခြင်တာကမြန်မာပြည် သန်းခေါင်စာရင်း ဟာမမှန်ဘူးလို့ဆိုခြင်တာပါ။
လူမျိုးများတာမများကို မဆိုလိုပါဘူး။နယ်တွေမှာဖြစ်တဲ့ အဖြစ်တွေဟာတချို့သူတွေမသိကြပါဘူး။

မင်းစိုးစံ said... at November 5, 2009 at 7:40 PM

ကျုပ် ၁၉၈၂ ခုနှစ်မှာ ရန်ကုန်ကိုပြန်ပြီး အလုပ်လျှောက်ခဲ့ဘူးတယ်။
ကျုပ်သူငယ်ချင်းနဲ့ အလုပ်အတူတူလျှောက်တာ ကျုပ်သူငယ်ချင်းက
သူ့လျှောက်လွှာမှာ ဗမာ လို့ဖြည့်တဲ့အတွက် အလုပ်ချက်ခြင်းရတယ်။
ဆိုလိုချင်တာက မ,ငယ်နိုင်ပြောသလို ပြည်နယ်နဲ့တိုင်း ၁၄ခုမှာ
ဗမာတွေ ပေါက်ရောက်နေထိုင်တာမှန်ပေမယ့် ခွဲခြားဆက်
ဆံတဲ့ မူဝါဒကြောင့် မျိုးဆက်သစ်တွေလည်း (ကပြား) အစိုးရ
ဌာနတွေမှာ အလုပ်ရနိုင်ဘို့ မဖြစ်မနေ ဗမာလုပ်လိုက်ရတာတွေ့
အများကြီးရှိနေလေတော့ ဗမာတွေများလာတာပါ။
တခြားအကြောင်းတွေကြောင့် ကိုယ့်ကိုယ်ကို ဗမာလို့ခံယူသူတွေ
ကြောင့်လည်း ဗမာများတာလည်း ဖြစ်နိုင်ပါတယ်

Post a Comment