Saturday, July 3, 2010

အနာဂတ်ကြယ်စင်အတွက်



တကယ်တော့.....
ကိုယ်ပိုင်အလင်းမဲ့ကြယ်စင်တိုင်းဟာ
သူရိန်နေမင်းကို
အရှင်သခင်အဖြစ်
ယုံကြည်အားထားနေရတာပါ။ ။

အရှေ့အရပ်ကနေ
လင်းရောင်ခြည်ဖြာထွက်
အမှောင်တွေကိုဖြိုခွင်း
အလင်းနေ့တွေ ဖန်ဆင်းပြီး
ပန်းလေးတွေ ဖူးပွင့်ဝေဆာစေတဲ့
ဘုန်းတန်ခိုးရှင်နေမင်းမို့။

ဝေဟင်မှာတော့
ဟိုတစ်စု ဒီတစ်စု
လင်းတစ်ချို့၊ မလင်းတစ်ချို့နဲ့။

ကြယ်ချင်းတူပေမဲ့
အချင်း၊ အဆင်း
တမင်တကာ မတူခဲ့ကြ။

အို...အရှင်ရယ်
ကောင်းကင်မှာ
ယုံကြည်ခြင်းဗိမ္မာန် တည်ဆောက်ဖို့
ညီတူညီမျှတဲ့ အလင်းရောင်ကို
စွန့်ကြဲပေးဖို့ မဖြစ်နိုင်သည့်တိုင်
အနာဂတ်ကြယ်စင်တွေအတွက်
စည်းလုံးခြင်းခွန်အား ကိုတော့
ပေးသနားတော်မူပါ။

တကယ်တော့....
ကိုယ်ပိုင်အလင်းမဲ့ ကြယ်စင်တိုင်းဟာ
သူရိန်နေမင်းကို
အရှင်သခင်အဖြစ်
ယုံကြည်အားထားနေရတာပါ။ ။
ကဒေါင်ဆွေ့:

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment