Thursday, December 30, 2010

ဒီကေဘီအေမှ နအဖတပ်သားတဦးကို ဖမ်းမိတဲ့ သတင်းနဲ့ အခြားတိုက်ပွဲသတင်း

တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေ ဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို မနေ့(ဒီဇင်ဘာလ ၂၉ရက်နေ့)က ဖမ်းဆီးရရှိခဲ့ပါတယ်။ နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင် ကျော နေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော် ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။

မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်။ လို့ ပြောပြသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဒီကေဘီအေတပ်ဖွဲ့မှ စစ်ပြေပြင်မှာ ဖမ်းဆီးရရှိခဲ့တဲ့ နအဖတပ်မှ G3 တာဝန်းကို ထမ်းဆောင် နေတဲ့ ဗိုလ်ကြီး သက်နိုင် ကိုလည်း ကောင်းမွန်စွာ စစ်ဆေးမေးမြန်းပြီး မြန်မာပြည် မြဝတီဘက်ကမ်းကို ချောမောစွာနဲ့ ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း သိရှိရပါတယ်။

ဝေါ်လေမှာ ဒီမနက်(ဒီဇင်ဘာလ ၃၀ရက်နေ့)ကစလို့ နေ့လည်းပိုင်းရောက်တဲ့အချိန်ထိ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေဟာ မောကလို့ လို့ခေါ်တဲ့ နေရာမှာ ဖြစ်ပါတယ်။ ဒီကေဘီအေ ဘက်က စစ်ကူလာတဲ့ နအဖ တွေကို စောင်ကြိုတိုက်ခိုက်တာလို့လည်း သိရှိရပါတယ်။ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်သုံးရက်လောက်က ဖလူးနဲ့ ဝေါ်လေဒေသတွေမှာ တိုက်ပွဲသံတွေ ခဏတိတ်ခဲ့ပါတယ်။ ခုရက်ပိုင်းတွေမှာ ထိုင်းနိုင်ငံရဲ့ ဘုရင့်သမီးတော်ဟာ မဲဆောက်မြို့ ကို ရောက်ရှိလာပြီး ထိုင်းမြန်မာနယ်စပ်က ထိုင်းရွာတွေကို သွားရောက် လည်ပတ်နေတဲ့ အချိန်မှာ တိုက်ပွဲတွေမဖြစ်ဖို့ကို ထိုင်းအာဏာပိုင်းတွေက တိုက်ပွဲတွေဖြစ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ တပ်တွေကို မေတ္တာရပ်ခံထားတဲ့အတွက်ကြောင်းလည်း တိုက်ပွဲသံတွေ ငြိမ်သွားခဲ့တာလို့လည်း သိရှိရပါတယ်။(သတင်း-နေ့သစ်)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment