ဒီဇင်ဘာလ ၂၈ရက်နှင့် ၂၉ရက်နေ့က နော်ဝေနိုင်ငံ Nyborgတွင် ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ်မြောက် အီးယူကရင်နက်ဝပ် ညီလာခံ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု (EKN) တာဝန်ရှိသူများက ပြောဆိုသည်။
အဆိုပါ ဒုတိယ အကြိမ်ညီလာခံကို EKNမှ ကမကထ ပြုလုပ်ခြင်းဖြစ်ပြီး ဂျာမနီ၊ ဒိန်းမတ်၊ ဆွစ်ဒင်၊ နော်ဝေနှင့် အင်္ဂလန်နိုင်ငံတို့မှ ကရင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းမှာ မြန်မာပြည် လွတ်မြောက်ရေးအတွက် ဥရောပရောက် ကရင်လူမှုအဖွဲ့အစည်းများအနေဖြင့် တဖက်တလမ်းမှာ ကူညီထောက်ပံ့သွားနိုင်ရန် ဖြစ်သည်ဟု သိရှိရသည်။
ဒါ့အပြင် မြန်မာပြည်မှာ ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲဟာ ကရင်လူမျိုးများနှင့် မြန်မာပြည်သူ လူထုတရပ်လုံး အတွက် အပြောင်းအလဲ ဖြစ်စေမှာ မဟုတ်ကြောင်း၊ ခိုင်မာသော ဖယ်ဒရယ် ဒီမိုကရက်တစ် နိုင်ငံ တရပ်ဖြစ်ပေါ်လာဖို့ တွေ့ဆုံဆွေးနွေး အဖြေရှာရန်လိုကြောင်း၊ ကရင်အမျိုးသား တိုးတက်ရေးအတွက် တကမ္ဘာလုံးမှာ ရှိနေသည့် ကရင်လူမှုအဖွဲပအစည်းများကို ဖိတ်ခေါ်ကြောင်း (EKN) ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားသည်။
(EKN)အဖွဲ့ကို ဥရောပရောက် ကရင်တိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
(EKN)အဖွဲ့ကို ဥရောပရောက် ကရင်တိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
အီးယူကရင်နက်ဝပ် (EKN)မှ ထုတ်ပြန်တဲ့ ကြေညာချက်၊
ပေးပို့သူ-နန့်ဇိုယာဖန်း(EKNဥက္ကဌ)