Friday, March 4, 2011

ကရင်လူထု ၈သောင်းကျော်၏ မေတ္တာရပ်ခံစာကို အင်္ဂလန် ၀န်ကြီးချုပ်ရုံးထံ သွားရောက်ပေးအပ်

မြန်မာပြည်အတွင်း ပြည်တွင်းစစ်ပွဲကြီးကို ရန်တန့်ဖို့ ကူညီဆောင်ရွက်ပေးရန် ကရင်ပြည်သူ ၈ သောင်း ကျော်မှ လက်မှတ်ရေးထိုး ပန်ကြားလွာကို အင်္ဂလန် ၀န်ကြီးချုပ်ရုံးထံတွင်လည်း သွားရောက် ပေးအပ်ခဲ့သည်။
ကေအဲန်ယူ ကိုယ်စားလှယ် နန့်ဘွားဘွားဖန်း ဦးဆောင်တဲ့ ကေအဲန်ယူ ကိုယ်စားလှယ် ၅ယောက်က လန်ဒန်မြို့ရှိ အင်္ဂလန် ၀န်ကြီးချုပ်ရုံးတွင် သွားရောက်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဒါ့အပြင် အဆိုပါ ပန်ကြားလွာကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလအတွင်းရေး မှူးချုပ်ရုံးထံတွင် ကေအဲန်ယူ ကိုယ်စားလှယ်များဖြစ်သည့် နော်ထူးဖောနှင့် စောစတီဗင်ဒွန်းက သွားရောက်ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ပန်ကြားလွာတွင် ကရင်ပြည်သူများသည် နအဖစစ်တပ်၏ အဓမ္မ လုပ် အားပေးခံရခြင်း၊ လု ယက်ခြိမ်းခြောက်ခံရခြင်း၊ အိုးအိမ်လယ်ယာ ဖျက်ဆီး ပြောင်းရွှေ့ခံရခြင်း၊ အကြောင်းမဲ့ အသတ် ခံရခြင်းအ ပြင် အမျိုးသမီးနှင့် ကလေးသူငယ်များမှာ မတရား နှိပ်စက် အဓမ္မပြုကျင့်ခံရခြင်းများကို ဆယ်စုနှစ် များစွာ ခံစားရသူများဖြစ်ကြ သည်ဟု ဖော်ပြထားသည်။
၎င်းအပြင် ဗမာပြည်အရှေ့ပိုင်းမှ ကရင်ကျေးရွာပေါင်း ၃,၆၀၀ကျော်မှာ ပြီးခဲ့သည့် ၁၅နှစ်အတွင်း ဖျက်ဆီးခံရပြီး ပျှမ်းမျှ အားဖြင့် တပတ်လျှင် ၄ရွာနှုန်း ဖြစ်သည်ဟု သိရှိရပါသည်။
အဆိုပါ လက်မှတ်ရေးထိုး ပန်ကြားလွာကို ကရင်လူထု၏ တောင်းဆိုချက်ဖြင့် နိုင်ငံတကာရောက် ကရင် လူမှုအဖွဲ့အစည်း ၃၁ဖွဲ့၏ ပံ့ပိုးမှုဖြင့် ကရင်လူထုကိုယ်စား ကေအဲန်ယူမှ ပထမဆုံးအကြိမ် တောင်းဆို လွာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ (အဲခေါင်သောင့်)

အင်္ဂလန် ၀န်ကြီးချုပ်ရုံးမှာ KNUကိုယ်စားလှယ်တွေ 
သွားရောက်ပေးပို့တဲ့ မှတ်တမ်းဓါတ်ပုံ။
အင်္ဂလန် ၀န်ကြီးချုပ်ရုံးမှာ KNUကိုယ်စားလှယ်တွေ 
သွားရောက်ပေးပို့တဲ့ မှတ်တမ်းဓါတ်ပုံ။
ဓါတ်ပုံပေးပို့သူ သက်ဆိုင်သူကို ကျေးဇူးတင်ရှိပါသည်။
အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment