Monday, March 7, 2011

အမေရိကန်နိုင်ငံ ပါဒူးတက္ကသိုလ်က ပဒိုမန်းရှာကို ဆုချီး မြင့်မှုသတင်း

လုပ်ကြံမှုကြောင့် ကွယ်လွန်သွားခဲ့သူ ကရင်အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းကို အမေရိကန် ပြည်ထောင်စု IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က National Equality Award ခေါ် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆုကို လွန်ခဲ့တဲ့ မတ်လ ၅ရက်နေ့က ပေးအပ်ချီးမြင့်ခဲ့သည်။

ဆုတက်ရောက်ရယူခဲ့သူ စလုံဖန်းကို ၂၀၀၈ခုနှစ် 
ဖခင်ဈာပနအခမ်းအနားတွင် တွေ့ရပုံ။ 
အဆိုပါ ဆုကို ပဒိုမန်းရှာလားဖန်း၏ သားသမီးတွေ တည်ထောင်ထားသည့် ဖန်းဖောင်ဒေးရှင်းမှ ပဒိုမန်းရှာ၏ သားငယ်  စလုံဖန်းမှ လက်ခံရရယူခဲ့သည်။

အဆိုပါ ဆုချီးမြင့်ပွဲတွင် စလုံဖန်းမှ အမှာစကား ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့သူ ပဒိုမန်းရှာ၏ သားသမီးများက ဖခင် ပဒိုမန်းရှာနှင့် မိခင် နန့်ကျင်ရွေတို့ကို ရည်စူးပြီး ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ကာ လူမှုအကျိုးပြု လုပ်ငန်းများကို အရှိန်မြင့်စွာ ဆောင်ရွက်လျှက်ရှိသည်ဟူ သိရှိရသည်။

အဲခေါင်သောင့်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment