Thursday, July 21, 2011

ဒီ​ကေဘီ​အေစခန်း​ကို နယ်ခြား​စောင့်​တပ်နှင့်​အစိုး​ရတပ် ပူး​ပေါင်း​ထိုး​စစ်ဆင်

ကရင်ပြည်နယ် လှိုင်း​ဘွဲ့​မြို့​နယ် မြိုင်ကြီး​ငူအ​ခြေစိုက် ဒီ​ကေဘီ​အေတပ်စခန်း​ကို နယ်ခြား​စောင့်​တပ်နဲ့​အစိုး​ရတပ်တို့​ ပူး​ပေါင်း​ပြီး​ ထိုး​စစ်စဉ်ခဲ့​ပါတယ်။

မ ​နေ့​ကစပြီး​ မြိုင်ကြီး​ငူရဲ့​အ​ရှေ့​ဘက် ၅ မိုင်အကွာ ဝါကလယ်​တောင်မှာ ရှိတဲ့​ ဒီ​ကေဘီ​အေ တပ်စခန်း​ကို ဗိုလ်ချုပ်ဖား​နွံဦး​ဆောင်တဲ့​ နယ်ခြား​စောင်တပ်နဲ့​ အစိုး​ရတပ် ပူး​ပေါင်း​အင်အား​ ၁၀၀ ​ကျော်က ထိုး​စစ်ဆင်တာဖြစ်ပါတယ်။
မ ​နေ့​ ည​နေ ၄ နာရီကစပြီး​ လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်ခဲ့​ပြီး​ ဒီ​နေ့​ ​နေ့​ခင်း​အထိ ကြိုး​ကြား​ကြိုး​ကြား​ လက်နက်ငယ်​တွေနဲ့​ ပစ်ခတ်မှုဖြစ်ပွား​နေတယ်လို့​ မြိုင်ကြီး​ငူ ​ဒေသခံတဦး​က ​ပြောပါတယ်။
“မ ​နေ့​ည​နေ ၄ နာရီ​လောက်မှာ ဒီ​ကေဘီ​အေ ​နေရာယူထား​တဲ့​ ဝါကလယ်​တောင်မှာ ဘီဒီအက်ဖ်အဖွဲ့​က ဦး​ဖား​နွံဦး​ဆောင်တဲ့​ အဖွဲ့​က လက်နက်ကြီး​တွေနဲ့​ ပစ်တယ်၊​ အခု ​လော​လောဆယ် သူတို့​ ပစ်တုန်း​ပဲ။ ဒါ​ပေမယ့်​ လက်နက်ကြီး​တော့​ မပါ​တော့​ဘူး​ အခု လက်နက်ငယ်။ မြိုင်ကြီး​ငူ ဒီဘက် ၅ မိုင်​လောက် အကွာမှာ နှုတ်ခမ်း​မွေး​တပ်က မဟုတ်ဘူး​လေ၊​ စိုး​စိုး​တို့​ အဖွဲ့​က။ အဲဒီမှာ သူတို့​ ​နေရာယူထား​တယ်​လေ ဝါကလယ်​တောင်မှာ။ အဲဒါ အခု သူတို့​က စခန်း​တက်ရှင်း​တာ​ပေါ့​။ စစ်တပ်နဲ့​ ဘီဒီအက်ဖ် ​ပေါင်း​ပြီး​တော့​ ဝါကလယ်စခန်း​ကို တက်တယ်။”

အဆိုပါ ဝါကလယ်​တောင်မှာ နယ်ခြား​စောင့်​တပ်က​နေ ခွဲထွက်ခဲ့​တဲ့​ ဗိုလ်မှူး​ကြီူး​ ပိုဘိရဲ့​ လက်​အောက်ခံ တပ်ဖွဲ့​တွေ အ​ခြေချထား​တဲ့​နေရာဖြစ်ပါတယ်။

ပြီး ​ခဲ့​တဲ့​ ​မေလကုန်ပိုင်း​က မြိုင်ကြီး​ငူအ​ခြေစိုက် နယ်ခြား​စောင့်​တပ် အမှတ် ၁၀၁၂ တပ်က ဗိုလ်မှူး​ကြီး​ ပိုဘိ ဦး​ဆောင်တဲ့​ အဖွဲ့​ဟာ မြိုင်ကြီး​ငူ​ဒေသကို တပ်အင် အား​နဲ့​ဝိုင်း​ခဲ့​ပြီး​ ဇွန်လလယ်ပိုင်း​ကစပြီး​ မြိုင်ကြီး​ငူရှိ နယ်ခြား​စောင့်​တပ်အား​လုံး​ ဒီ​ကေဘီ​အေတံဆိပ် ပြန်လည်တပ်ဆင်ခဲ့​ပါတယ်။

မြိုင်ကြီး ​ ငူမှာရှိတဲ့​ နယ်ခြား​စောင်တပ်​တွေ ဒီ​ကေဘီ​အေ တံဆိပ်ပြန်တပ်ပြီး​ နယ်ခြား​စောင့်​လက်မခံခဲ့​တဲ့​ ဗိုလ်မှူး​ချုပ် နှုတ်ခမ်း​မွေး​ (​ခေါ်) ​စောလဘွယ်အဖွဲ့​နဲ့​ ပူး​ပေါင်း​လိုက်ပြီး​ ​နောက်ပိုင်း​ သူတို့​ကို ထိုး​စစ်ဆင်ဖို့​ အစိုး​ရတပ်က စစ်​ကြောင်း​ထိုး​ခဲ့​ပါတယ်။

ဒါ့ ​အပြင် ကျန်ရှိ​နေတဲ့​ နယ်ခြား​စောင်တပ်​တွေကလည်း​ အစိုး​ရတပ်နဲ့​အတူ ပူး​ပေါင်း​ထိုး​စစ်ဆင်ဖို့​ ပြင်ဆင်ခဲ့​ပြီး​ မ​နေ့​က​တော့​ စတင်ပြစ်ခတ်မှု ဖြစ်ပွား​ခဲ့​တာ ဖြစ်ပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံး​မှု အ​သေး​စိတ်ကို​တော့​ မသိရ​သေး​ပါဘူး​။
အလား ​တူ မြဝတီမြို့​ရဲ့​ အ​ရှေ့​တောင်ဘက် ၃ မိုင်​လောက်ကွာမှာရှိတဲ့​ ဒီ​ကေဘီ​အေ အ​ခြေချစခန်း​ကိုလည်း​ အစိုး​ရတပ်က လက်နက်ကြီး​တွေနဲ့​ ပစ်ခတ်တဲ့​အတွက် တိုက်ပွဲဖြစ်ပွား​ခဲ့​ပါတယ်။ ဒီတိုက်ပွဲအတွင်း​ အစိုး​ရတပ်ဘက် ၁၀ ဦး​ထက်မနည်း​ ကျဆုံး​တယ်လို့​လည်း​ သိရပါတယ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment