Wednesday, July 27, 2011

ကရင့်တော်လှန်ရေးသမား ၅၀ခန့် သတ်ဖြတ်ခဲ့ကြောင်း ထုတ် ဖော်ပြောဆိုလာသူ စောမွန်းဆာ

မိမိကိုယ်ကို စစ်ရာဇဝတ် ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုခဲ့သူ ဦးထူးထူးဟန်ကဲ့သို့ပင် သြစတြေးလျနိုင်ငံတွင် နေထိုင်သည့် ကရင်အမျိုးသားတဦးဖြစ်သူ စောမွန်းဆာကလည်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ထပ်မံ ပြောဆိုလာပြန်သည်။ 

 
 ကရင့်တော်လှန်ရေးသမား ၅၀ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း 
ထုတ်ဖော်ပြောဆိုလာသူ စောမွန်းဆာ
အသက် ၄၄နှစ် အရွယ်ရှိသည့် စောမွန်းဆာသည် သြစတြေးလျား နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပြီး သူ၏၀န်ခံချက်ကို ဆစ်ဒနီ မော်နင်းဟာ ရဲလ်က Sydney Morning Herald တွင် ဖော်ပြပါရှိသည်။ 

၁၉၈၄ခုနှစ်မှ ၁၉၉၇အထိ ကေအဲန်ယူတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာစစ်တပ် သူလျှိုအဖြစ် ဆောင်ရွက်ချိန်တွင် ကရင့်တော်လှန်ရေးသမား ၅၀ခန့် သတ်ဖြတ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ 

ကရင်တော်လှန်ရေးသမားအချင်းချင်း သွေးကွဲအောင် သတင်းမှား ဖြန့်တာ၊ အပြစ်မဲ့ သူများကို အပြစ်ရှိအောင် လုပ်ကြံဖန်တီးမှုတွေကို လုပ်ဆောင်ခဲ့သည့်အပြင် စစ်အစိုး ရထံ သတင်းပေးသည့်အလုပ် လုပ်ဆောင်ရာတွင်လည်း တိရိစ္တာ ကုန်သည် အဖြစ် ဟန်ဆောင်ခဲ့သည်ဟု ဆိုသည်။


မြန်မာစစ်တပ်မှ ကရင်လူမျိုးများကို သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးနောက် စစ်တပ် သူသျှိုအလုပ်ကို စွန့်လွတ်ရပ်ဆိုင်းလိုက်ပြီးမှ ဒုက္ခသည် စခန်းမှတဆင့် သြစတြေးလျားကို ရောက်ရှိလာသူဖြစ်သည်ဟု ပြောဆိုထားသည်။

သူ၏ ပြောဆို ၀န်ခံချက်နှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့်လည်း သူဟာ တပ်ကြပ်ကြီး အဆင့်ဖြင့် ကေအဲန်ယူ တပ်မဟာ ၄လက်အောက်ခံ တပ်ရင်း ၁၂တွင် တာဝန်ထမ်း ဆောင်ခဲ့သူတဦး ဖြစ်သည်။ 

သူ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သြစတြေးလျား အခြေစိုက် ကရင်အဖွဲ့ချုပ် (AKO) က မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားသည်။ စောမွန်းဆာသည် ၁၉၉၈ခုနှစ်တွင် ကေအဲန်ယူမှ ထွက်ခဲ့ပြီး ဒုက္ခသည်စခန်းတွင် နေထိုင်ကာ ၂၀၀၆ခုနှစ်တွင် သြစတြေး လျားနိုင်ငံကို ရောက်ရှိ အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။
ယခုအခါ စောမွန်းဆာသည် သြစတြေးလျားနိုင်ငံ ကွင်းစလန်းပြည်နယ် ဘရစ်ဘန်းမြို့ တွင် ဇနီးနှင့် သားသမီး ၅ဦးနှင့် အတူ အခြေချနေထိုင်ပြီး စစ်ရာဇ၀တ်မှု ကျူးလွန်သူ ဟု ထုတ်ဖော် ပြောဆိုခဲ့သူ ကိုထူးထူးဟန်သည်လည်း အဆိုပါမြို့တွင်ပင် အခြေချနေ ထိုင်လျှက်ရှိသည်ဟု သိရှိရသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment