Monday, July 18, 2011

သြစတေးလျရောက် ထူးထူးဟန်ကြောင့် မြန်မာအတိုက်အခံတို့ အခက်တွေ့နိုင်သလား

မိုးမခအထောက်တော် အမှတ် ၀၀၂ ဇူလိုင် ၁၇၊ ၂၀၁၁

မြန်မာပြည်တွင်ရှိစဉ်က အနည်းဆုံး လူ ၁၀၀ ကို သတ်ဖြတ်ခဲ့သည်ဟု သြစတေးလျတွင် ခိုလှုံပြီး နိုင်ငံသား ဖြစ်နေသူ ထူးထူးဟန်က ပြောဆိုကြောင်း သြစတေးလျ သတင်းဌာန AAP သတင်းတပုဒ်တွင် ယနေ့ ဖော်ပြထားသည်။ သူ၏ အသက် ၄၄ နှစ်ရှိပြီ ဖြစ်ပြီး ၁၉၈၇ မှ စတင်ကာ မြန်မာ စစ်ထောက်လှမ်းရေး အဖွဲ့အတွက် လုပ်ကိုင်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း သူနှင့်အတူ မြန်မာပြည် အကျဉ်းထောင်တွင် နေထိုင်ခဲ့ ဖူးသူများကမူ သူ၏ အသက် ၄၀ မကျော်သေးကြောင်း၊ ၁၉၉၈ ၀န်းကျင်က ရန်ကုန်ရှိ သူ၏ မိခင် ဖမ်းဆီးခံရပြီး နောက်ပိုင်း ဘန်ကောက်ရှိ မြန်မာသံရုံးကို အ၀င်အထွက် လုပ်ခဲ့ကြောင်း၊ ထိုင်းသို့ မကြာခဏ သွားရောက် တတ်ကြောင်း ပြောပြကြသည်။
မြန်မာ အတိုက်အခံတို့က CoI ခေါ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ပေါ်ပေါက်ရေး လှုံ့ဆော်နေချိန်တွင် ထူးထူးဟန်၏ ပြောဆိုချက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကုလတွင် ကော်မရှင် ဖွဲ့ပြီး မြန်မာ အာဏာပိုင်များ၏ စစ် ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှုများကို စုံစမ်းရန် အတိုက်အခံတို့က လိုလားလျက် ရှိသည်။ ထိုလှုံ့ဆော်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ကလည်း ထောက်ခံထားသည်။
ထူးထူးဟန်၏ အနည်းဆုံး လူ ၁၀၀ သုတ်သင်ခဲ့သည်ဟူသော ပြောဆိုချက်သည် ထိုလှုပ်ရှားမှုကို အနည်းနှင့် အများ ထိခိုက်စေသည်ဟု အတိုက်အခံတို့က ယူဆနေသည်။
"အခု CoI လုပ်နေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာ ကျနော်တို့အတွက် မကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သတင်းအမှားတွေ ပေးတယ်လို့ နိုင်ငံတကာက ထင်သွားမှာ စိုးရိမ်ရပါတယ်" ဟု ထိုင်းမြန်မာ နယ်စပ်မှ အတိုက်အခံတဦးက ပြောသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment