Wednesday, November 9, 2011

ကျနော့ အီးမေးထဲကို ပေးပို့ပြီး ရောက်လာတဲ့ စာတစောင်

လေးစားအပ်ပါသော အဲခေါင်သောင့်နဲ့ ကရင်ဘလော့ဂါ ညီကိုများသို့ ..
ကျတော်ဖတ်နေကြ ကရင်ဘလော့ တစ်ချို့ ရဲ့ အီးမေးကို သာသိသဖြင့် ယခုကျတော် သိခဲ့တဲ့ အရာတွေကို ဝေဌ လိုက်ပါတယ်. တခြားညီကို ကရင်တွေ လက်ဆင့် ကမ်းချင်ရင်လည်း ရပါတယ်။ ကျတော်အခုပို့  လိုက်ဒါက ကျတော်တို့  ညီကိုအဲခေါင်သောင့် တင်လိုက်တဲ့ ဘုန်းကြီးကျောင်းမီးရှီူ့ ခံရတဲ့ ဗီဒီယို ဖိုင်နဲ့ ပါတ်သက်ပြီး ကျတော် သိခဲ့ဒါတွေ ပြောပြချင်းဖြစ်ပါတယ်။
အားလုံးကို လေးစားစွာဖြင့်
စိုးဒို

အဲခေါင်သောင့်ရဲ့ “ဘုန်းကြီးကျောင်း မီးရှို့ခံရတဲ့ မှတ်တမ်းဟောင်း တခုနဲ့ ကျနော့ရဲ့ အမြင်” နှင့်ပါတ်သက်၍ ကျတော်သိသမျှ


ကျတော်နယ်စပ်မှာနေတုန်းက ဒီဗီဒီယိုဖိုင်ကို ကြည့်ဖူးပါတယ်။ အခြေအနေမှန်တွေကို လည်း အတိုင်းတာတစ်ခုထိ သိခွင့်ရခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို သေချာကြည့်ရင် အရေးပါတဲ့ အချက်နှစ်ခု တွေ့ ရပါမယ်။ တစ်အချက်က ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အချိန်ဖြစ်တယ်။ နှစ်အချက်က ဗိုလ်ချူပ်ကျော်သန်းပြောဒါတွေဟာ နိုင်ငံတကာမှာ ရောက်နေတဲ့ လူတွေကို အသိပေးချင်လို့ အလေးပေးပြောကြားနေဒါကို တွေ့ ရပါမယ်။
ပို့ စ် ရေးသူ အဲခေါင်သောင့်လည်း ရေးထားပါတယ်။ ကေအဲန်ယူပဒိုတစ်ယောက်ပြောကြားချက်အရ တိမသေ ၀ါဒဖြန့် တဲ့ခွေ ဆိုပြီး ရေးထားဒါ တွေ့ ရပါတယ်။ ဒီကိစ္စကို ကေအဲန်ယူထဲမှာတောင် လူကြီးတော်တော်များများမသိကြပါဘူး…
ဒီလိုဆိုရင် အားလုံးကို ခြုံကြည့်ပြီး စဉ်းစားကြည့်ရအောင်.. အခင်းဖြစ်တဲ့နေရာက တပ်မဟာ (၁)နဲ့ (၃)နယ်စပ်ကြားဒေသလို့ ကြားသိခဲ့ရပါတယ်။ တပ်မဟာ(၂)တော့လုံးဝမဖြစ်နိုင်ပါ။ တပ်မဟာ(၂)နယ်မြေမှာ ကရင်ဗုဓဘာသာ ရွာမရှိဘူး.. ခရစ်ယန်နဲ့ နတ်စားကရင်အနည်းငယ်ပဲရှိပါတယ်။
ဘာကြောင့် ဆရာတိမသေ နာမည် ပါလာရသလည်းဆိုဒါ အကြောင်းရှိပါတယ်။ ဆရာတိမသေဟာ ကေအဲန်ယူ ဗဟိုကော်မတီကနေ အဖြူတ်ခံရပြီးနောက် ကေအဲန်ယူကို လုံးဝမကြေနပ်ခဲ့ဘူး.. အဲဒီနောက်ပိုင်းမှာ ဆရာတိမသေက ဒီကေဘီအေရဲ့ နိုင်ငံခြားရေးတာဝန်ခံလုပ်နေတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့အချိန်ဖြစ်တယ်. သူ ကေအဲန်ယူဗဟိုကောင်မတီဝင်တစ်ဦးမဖြစ်ခဲ့လို့  ရန်ကုန်ကို ကေအဲန်ယူ သွားဆွေးနွေးတဲ့အချိန်မှာ သူမပါခဲ့ပါဘူး.. အဲဒီနောက်ပိုင်းမှာ နိုင်ငံတကာကို လှည့်ပြီး ကေအဲန်ယူကို စတင်တိုက်ခိုက်ခဲတယ်။ အဲဒီအချိန်က ယခုလို ကရင်တွေ နိုင်ငံခြားမှာ အများကြီးမရောက်သေးပါဘူး.. အဲဒါကတပိုင်း

နောက်တစ်ခုက ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ဗမာနဲ့ ဆွေးနွေးချိန်မှာ (၂၀၀၅ - ၄- ၃၀) ဒီကိစ္စပေါ်လာဒါ သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ တိုက်ဆိုင်မှုတော့လုံးဝမဖြစ်နိုင်သလို ထိုဒေသတွေမှာ ကေအဲန်ယူနဲ့ ဒီကေဘီတို့ ရောယှက်ပြီး တပ်မဟာ ၇ နဲ ၆ တွေနေရာမျိုးမှာ မကြာခဏ ထိပ်တိုက်တွေ့ တဲ့နေရာမဟုတ်ပါ။ ဘာရန်ငြိုးလည်းမရှိတဲ့နေရာဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် ရန်သူကြားမှာ သွားဆွေးနွေးချိန်မှာ မဟာဗမာတွေထဲမှာ ကရင်နဲ့ ငြိမ်းချမ်းရေးမဖြစ်စေချင်တဲ့အုပ်စုရှိတယ်။ အကယ်၍ ဗမာနဲ့ ကေအဲန်ယူ ငြိမ်းချမ်းရေးရသည့်တိုင်အောင် ကရင်တွေ အချင်းချင်း ကမ္ဘာမကြေ အချင်းချင်းစိတ်ဝမ်းကွဲအောင် ဖန်းတီးထားခဲ့တယ်လို့  လူလတ်ပိုင်း ခေါင်းဆောင်တစ်ဦးက ကျတော့်ကို ပြောဖူးပါတယ်။ အခင်းဖြစ်တဲ့နေရာက တပ်မဟာ (၃)ဖြစ်ဖို့ များတယ်။ အခင်းဖြစ်တဲ့အချိန်က ညသန်းခေါင်ယံလို့ ပြောတယ်။ ဘယ်သူဘယ်ဝါ ၀င်ရှို့ ဒါ ဘယ်သူမှ သက်သက်ကွဲကွဲ မသိရဘူး.. နောက်ဆုံးနာမည်ထွက်လာဒါ ကေအဲန်ယူဖြစ်တယ်။ တပ်မဟာသုံး သက်ဆိုင်သူတွေကို မေးကြည့်တော့ သူတို့ လူတွေမဟုတ်ဘူးလို့ ပြောတယ် လို့ ကျတော်နဲ့ ရင်နီးတဲ့ ပဒိုလူလတ်ပိုင်းက ကျတော့်ကို ပြောဖူးပါတယ်။

-       ဘုန်းကြီးကြောင်းမီးရှို့ ခံရဒါ ကေအဲန်ယူ ရန်ကုန်ဆင်းပြီး ရန်သူနဲ့ ဆွေးနွေးတဲ့အချိန်
-       တိမသေ ကေအဲန်ယူ ဗဟိုကနေ ပြုတ်သွားတဲ့နောက်ပိုင်း အဲဒီနောက်မှာ ထိုအချိန်က တိမသေ ဒီကေဘီအေရဲ့ နိုင်ငံခြားရေးတာဝန်ခံ လုပ်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့အချိန်
-       ဗိုလ်ကျော်သန်းက ဗီဒီယိုထဲမှာ နိုင်ငံခြားရောက် ကရင်တွေကို ပဲ focus ပြီး ပြောသွားခြင်း
 စတဲ့ ဒီအချက်ကြီးသုံးချက်ကို ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ရန်သူရဲ့လက်ကွက်ဖြစ်ကြောင်း မပေါ်လွင်နေဘူးလား ဆိုဒါ ကျနော်တွေးမိခဲ့ပါတယ်။။
ဘာပဲဖြစ်ဖြစ် အဲခေါင်သောင့်မှ အကြံပေးပါလို့ ပြောထားတဲ့အတွက် ကျတော်သိခဲ့ရဒါတွေကို ပို့ ပေးလိုက်ပါတယ်။
စည်းလုံးညီညာစွာဖြင့်
အားလုံးကို လေးစားလျက်
စိုးဒို
၇-၁၁-၂၀၁၁
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment