Wednesday, November 9, 2011

ငါတို့၏ကျဆုံးရာကား

11/08/2011

E-Mail မှတဆင့် ရရှိလိုက်တဲ့စာတစ်စောင်ကို လက်ဆင့်ကမ်းလိုက်ပါတယ်.......

မိမိဘာသာကိုသော်၎င်း၊ တခြားဘာသာ တရားကိုသော်၎င်းေ လ့လာခြင်း အားနည်းမှု၊ တရားဟောဆရာ ပြောတိုင်းဟုတ်၊ ဘုန်းကြီးဟောတိုင်းမှန် ပင်ကိုယ်ဆင်ခြင် တုံတရား အားနည်းမှု၊ အသုံးမပြုမှုသည် ကရင်အမျိုးသား များကြားဖြစ် ပွားနေသော ဘာသာရေး အစွန်းရောက်မှု၊ တခြားသော ဘာသာအားမသိ၊ မလေးစားမှု ၏အခြေခံအရင်းအမြ စ်ဖြစ်သည်။

ကရင်လူမျိုးများအကြား၌ ဘာသာရေး အမြင်ကျဉ်းမြောင်းမှု၊ ငါ့ဘာသာ၊သူ့ဘာသာခွဲခြားမှု သည် အရှိတရားတခုဖြစ်၍ အငြင်းမပွားနိုင်ပါ။ ယင်းကြောင့်ပင် အချင်းချင်းစစ်ပြိုင် သတ်ဖြတ်ကြသည်မှာ မပြေးသော်လည်း ကန်ရာရှိ ၍ ကရင့်သမိုင်းတွင် ၀မ်းနည်းဖွယ် အမည်းစက်တင် ကျန်ခဲ့ပါသည်

နိုဝင်္ဘာလ ၁၇ ရက်တွင် အဲခေါင်သောင့် ဘလော့၌ တင်ထားသည့် မီးလောင်သွားသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဗီဒီယိုခလစ်ပ်သည် အင်မတန်မှ ၀မ်းနည်းစရာကောင်းပြီး သင်္ခန်းစာ ယူသင့်သော ဖြစ်ရပ်များစွာထဲမှ တခုဖြစ်ပါသည်။ အမျိုးသားရေးနှင့် ဘာသာရေးမကွဲပြားခြင်း၊ မခွဲခြားနိုင်ခြင်း၊ ဘာသာရေးအ စွန်းရောက်ခြင်းများက ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ နိုင်ငံရေး ပျော့ကွက်တ ခုဖြစ်သည်မှာ ငြင်းကွယ်၍ မရနိုင်သောအမှန်တရားတ ခုဖြစ်ပါသည်။

ကရင်အမျိုးသားတို့၏ ဘာသာရေး၊ အမျိုးသားရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဘလော့ပိုင်ရှင် အဲခေါင်သောင့်၏ အမြင်၊ သဘောထားကို စာရေးသူအနေဖြင့် များစွာနှစ်သက်၍ သဘောတူလှပါသည်။

သို့သော် ဤဗီဒီယိုကလစ်ပ် နှင့်ပတ်သက်၍ ရင်မှာဖြစ်လာေ သာမေးခွန်းများစွာကို လည်းဆွေးနွေးလိုပါသည်။ ဤဖြစ်ရပ်သည် ၂၀၀၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွ င်ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ သို့သော် ဘယ်နေရာ၊ ဘယ်သို့ဖြစ်သည်။ ဘာကြောင့်ဖြစ်သည်၊ ဘယ်သူ၊ဘယ်တပ်ကပြုလုပ်သွားသနည်း၊ တမင်ပစ်မှတ်ထား မီးရှို့သွားသည်လား၊ လုပ်ကြံဇာတ်လမ်းအခုလား ဟူသည်ကား ယနေ့ထိ တိကျသေချာမသိရပါ။ မည်သည်ကြောင့်ဖြစ်သည် ဖြစ်စေ၊ ၀မ်းနည်းဖွယ် ဆိုသည် ကိုကား ငြင်းဖွယ်ရာမရှိပါ။

၂၀၀၅ ခုနှစ်ဝန်းကျင်တ၀ိုက်သည် ဒီကေဘီအေ အင်အားတန်ခိုးအာ ဏာကြီးထွားနေဆဲ အချိန်ကာလြ ဖစ်ပါသည်။ ကေအဲန်ယူနှင့် စစ်အစိုးရငြိမ်းချမ်းေ ရးဆွေးနွေးနေသော အချိန်လည်းဖြစ်ပါသည်။ ဗိုလ်ကျော်သန်း၏အဆိုအရ “ယင်းကဲ့သို့ေ သာဖြစ်ရပ်များရှိပါလျက် မိမိတို့မှာ ကေအဲန်ယူကို မကောင်းဝါဒဖြန့်ခြင်း မလုပ်ခဲ့ဟုဆိုပါသည်။

ယင်းသို့ပြုလုပ်ပါက မိဘအားမကောင်းပြောရာ ရောက်မည်စိုးသောကြောင့်ဟုဆိုပါသည်။” သို့သော် ဗီဒီယိုခလစ်ပ် တခုလုံးတွင် ကေအဲန်ယူအားစက်ဆုပ်စွာ အပြစ်တင်ခြင်းကိုသာ ကမ္ဘာချီ အစအဆုံး ပြောနေခဲ့သည်။ ၄င်းပြောသကဲ့သို့ ကရင်လူမျိုးစည်းလုံး ညီညွတ်ရေးကို ရင်ထဲမှလိုလားခဲ့သည် မှန်ကန်ခဲ့ပါက ၂၀၀၅ ခုနှစ်မှ ရိုက်ကူးခဲ့သောယခုဗီဒီယို သည် ဘာကြောင့် ၂၀၁၁ ခုနှစ် ယခုလိုအချိန်မျိုးမှာမှ မီဒီယာပေါ် (တကျော့ပြန်)ရောက်လာရ သနည်း။

စဉ်းစားစရာဖြစ်လာပါသည်။ တချိန်ကပြိုကွဲ၊ လမ်းခွဲခဲ့သော ဒီကေဘီအေနှင့် ကေအဲန်ယူကရင် လက်နက်ကိုင်တပ်များ ပြန်လည်ပူးပေါင်းလာချိန်၊ နားလည်ကျေအေးလာချိန်၊ လက်တွဲညီ ညွတ်လာချိန်မှာမှ ဘာကြောင့် အချိန်ကိုက်ပေါ် လာရသနည်း။ တွေးဆဆင်ခြင်စ ရာဖြစ်ပါသည်။

ကေအဲန်ယူ ၏ဦးဆောင်မှုအောက်တွင် ကရင်အမျိုးသားများ ညီညွတ်ခဲ့စဉ် မြန်မာပြည်၌အင်အားကောင်းသော တော်လှန်ရေးအင်စားစုတခုအဖြစ် ဂုဏ်ယူဖွယ်ရပ် တည်ခဲ့သည်မှာ သမိုင်းဖြစ်ရပ် မှန်ဖြစ်ပါသည်။ သို့သော် ချိနဲ့ အားနည်းသော အုပ်ချုပ်မှု၊ ဘာသာရေး မညီညွတ် မမျှတမှု၊ မြုံနေသော ဘာသာရေး အစာ မကျေမှုများအား လစ်လျူရှုထားမှု၊ အမျိုးသားရေး အသိရှိသော်ငြား နိုင်ငံရေးအသိ အားနည်းမှု စသော စသော အားနည်းမှု များကြောင့် ရန်သူစစ်အစိုးရမှ ငါးကြင်းဆီနှင့် ငါးကြင်းကြော်၍ ကရင့်တော်လှန်ရေး ကိုဖြိုခွဲနိုင်ခဲ့ပါသည်။
 ကရင်တော်လှန်ရေးနှင့် ကရင်တမျိုး သားလုံးအတွက် ဆိုးရွား အထိနာခဲ့သော သမိုင်းသင်္ခါန်းစာဖြစ်ပါသည်။

ဘာသာရေးအစွန်းရောက်သောကေအဲန်ယူခေါင်းဆောင်အချို့ကြောင့် ကရင်ဗုဒ္ဓဘာသာဝင်များ နစ်နာခံစားခဲ့ရသလို ဒီကေဘီအေတခေတ်တွင် ဘာသာရေးအစွန်းရောက်သောဒီကေဘီအေအချို့ကြောင့် ခရစ်ယာန် ဘုရားကျောင်းများစွာ ဖျက်ဆီးခံခဲ့ရပါသည်။

ခရစ်ယာန် ဘုန်းတော်ကြီးအချို့  ညှဉ်းပမ်း သတ်ဖြတ် ခံခဲ့ရပါသည်။ ဗုဒ္ဓဘာသာထဲသို့ ကူးပြောင်းရန်ငြင်းဆို သဖြင့် လူနည်းစု ခရစ်ယာန်နှင့် မိရိုးဖလာကိုးကွယ်သူအချို့  ဆရာတော်အမိန့်ဟု ဆိုကာ မိမိအိမ်နှင့်ရွာမှ အဓ္ဓမစွန့်ခွါ ရွှေ့ပြောင်းစေခဲ့မှုများ ရှိခဲ့ပါသည်။ ဆိုလိုသည်မှာ ဘာသာရေးအစွန်းရောက် အချို့သော ပုဂ္ဂိုလ်များ၊ အမည်ခံအမျိုး သားခေါင်းဆောင်များ၊ အရေခြုံ ဘာသာရေး ခေါင်းဆောင်များကြောင့် ကရင်လူမျိုးများစွာ ဒုက္ခပင်လယ်ဝေခဲ့၊ ငိုကြွေးပူဆွေးခဲ့ရပါသည်။ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရပါသည်။

ထို့ကြောင့်ဒီကေဘီအေ၊ ကေအဲန်ယူဆိုပြီး လုပ်ရပ်တခု၊ အဖြစ်အပျက်တခုကို ဥပမာပေး၍ ဘာသာရေးနှိပ်ကွပ် မှုရှိကြောင်း၊ နားလည်မှု၊ ညီညွတ်မှုရှိရန်လိုအပ်ကြောင်း တင်ပြလာခြင်းသည် စေတနာ မှန်ခဲ့သော်ငြား ကောင်းကျိုးထက်ဆိုးကျိုးသာသက်ရောက်ဖြစ်ပေါ်စေပါမည်။

ဆင်ခြင်ခြင်းတရားထက် နာကျင်ခံစားအညှိုးထားစိတ်သာဖြစ်စေပါမည်။ တခြားသောဘာသာဝင် တဦးဦးက မိမိတို့ ခံစားနစ်နာခဲ့ရမှုကို ဓာတ်ပုံ၊ ဗီဒီယိုဖြင့် ယခုကဲ့သို့ပြန်လည်တင်ပြလာပါက ဤဇာတ်လမ်းဘယ်မှာဆုံးတော့မည်နည်း။ အပြန်အလှန်စွပ်စွဲခြင်း၊ လက်ညှိုးထိုးခြင်း၊ မဆုံးနိုင်သော သံသရာထဲတွင် ကရင်လူမျိုးများမည်သည့်တိုင်အောင် ဘ၀မေ့ပျော်မွေ့နေဦးမည်နည်း။

ကျွန်ုပ်တို့ ခံခဲ့ရသမျှ၊ နာကျင်ဆုံးရှုံးခဲ့ရသမျှ တဦးအပေါ်တဦးလက်ညှိုးထိုးနေ၍ မည်သို့သောအဖြေမှ ရနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ အားနည်းမှု၊ မသိနားမလည်မှုသည်သာ ကျွန်ုပ်တို့၏ ဆုံးရှုံးရာ၊ ကျဆုံးရာဖြစ်သည်။ ကရင်အားလုံး ငါ၊ ငါ့ဘာသာ၊ ငါ့အဖွဲ့အစည်း ဆိုသောအတ္တစိတ်ကိုဖယ်ရှားနိုင်၍ ခိုင်မာမှန်ကန်သောအမျိုးသားရေးအသိ၊ အမျိုးသား ရေးသတိဖြင့် ရှေ့ဆက်လက်တွဲ၍ အမျိုးသားရေးကို ဆောင်ရွက်နိုင်ပါစေ။

ရဲရဲတွေး

Reference: အတွေးအမြင်
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment