Saturday, November 19, 2011

ကရင် အမျိုးသားများ၏ ပြည်သူအပေါ် ရပ်တည် ချက်နှင့် ပြည်သူတို့၏ တုန့်ပြန်ချက်များ

လှိုင်ဂူတခု အတွင်းသို့ ရောက်ရှိနေသော လူတဦး တ ယောက်က  ဖြစ်စေ၊ တောင်စဉ် တောင်ကြား အတွင်း သို့ ရောက်ရှိနေ သော တဦးတယောက်က ဖြစ်စေ၊ ကျယ်လောင်စွာ အသံပြုလိုက်ပါက ထိုသူပြုလုပ် လိုက်သော အသံသည် တခြားတဖက် မှနေ၍ အလားတူ အသံတူ အသံတု တန်ပြန် ဖြစ်ပေါ်ကာ ထိုပြုလုပ်လိုက်သော ပုဂိုလ် ထံသို့ ရောက်လာလေ့ ရှိတတ်သည်။ ၄င်းကို ပဲ့တင်သံ ဟု ခေါ်ဆိုကြသည်။

ထိုသဘာဝ တရားအတိုင်း လူ့ပတ်ဝန်းကျင် လူ့လောက၌ တန်ပြန် သက်ရောက်မှု သဘောတရား (ပဲ့တင်သံ) ရှိတတ်ကြသည်။ ကံကံ၏ အကျိုး မည်သူမပြု မိမိမှု ရတနာရှိရာ ရတနာ အလာ အသွားရှိမှ အလာရှိသည် စသည်ဖြင့် လူတွေ ပြောလေ့ ပြောထရှိသည့် အတိုင်း တန်ပြန် သက်ရောက်မှု သဘောတရား (ပဲ့တင်သံ) အထင် အရှားပင် ရှိပေသည်။

ဤသဘော ၀တ္တဓမ္မကို ဆင်ခြင်မှု ဖြစ်ခဲ့ရသည်မှာ တမြန်နေ့က ရန်ကုန်က လာသောဧည့်သည်တဦးနှင့် ဆုံမိရာက တွေးမိခဲ့သော အတွေးတခုသာ ဖြစ်သည်။


ထိုဧည့်သည်က ခုတလော ရန်ကုန်မှာ ကရင်အကျီာင်္ရှားမှ ရှားပဲ၊ ရောင်းမလောက်ဘူး၊ လူတိုင်း ကရင်အကျီာင်္ဖြစ်နေတယ်ဟု ခရီးမဆိုက်ပြောဆိုသည်။ စာရေးသူက ကဲလင်းစမ်းပါဦး၊ ကရင်အကျီာင်္ရှားတဲ့ အကြောင်းကလေးကို မေးမြန်းမိရာ ဒီလိုပါ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သတင်းထောက်တွေရှေ့မှာ ကရင်အကျီာ်ဝတ်ပြီး ကရင်အမျိုးသားအလံ နောက်ခံဘက်က ရောင်းထားပြီးတော့ ရန်ကုန်သားတွေလည်း ဘယ်နေနိုင်တော့မလဲ၊ အားလုံးကရင်အကျီာင်္ပေါ့ ဟု ဆိုသည်။။
ဤကိစ္စက ဤကဲ့သို့ ဖြစ်ပါလိမ့်မည်။

ဒီနှစ်ဆောင်းဦးပေါက်မှာ နအ၀တ(နအဖ)က တပ်ကြီးတပ်မတွေနဲ့ ကရင်နယ်မြေတွေကို ထိုးစစ်ကြီးတဟုန် ထိုးဆင်ခဲ့သည် မဟုတ်လား၊ ကရင်အမျိုးသားများကလည်း ခုခံ၊ ပြည်သူတွေကလည်း ပြေးကြလွားကြ ကမ္ဘာပျက်သလို ဖြစ်ခဲ့ကြသည်။ ယခုလို န၀တ(နအဖ)တပ်တွေ ထိုးစစ်ဆင်ရသည့် အကြောင်းရင်း (၃)ချက်ကို ယခုပါ ရှာဖွေတွေ့ရှိနိုင်သည်။

၁။ မယ်သရောထာတွင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ တိုင်းရင်းသားလူမျိုးအရေး တိုင်ပင်နှီးနှောခဲ့၍ ဖြစ်သည်။
၂။ လာခဲ့စမ်း ခင်ဗျားတို့ ဒီဆိုင်းဘုတ်အောက်ဝင် ဒီလိုလုပ် ဒီလိုပြော ဒီလိုနေ ဒါတွေ သဘောတူ ဖွံဖြိုးရေး လုပ်ပေးမယ် ဆိုသော စေ့စပ်ရေးကို လက်မခံ၍ ဖြစ်သည်။
၃။ ကျွန်ုတို့ ကရင်တွေ ဘယ်တော့မှ လက်နက်မချဘူး၊ ပြည်သူဘက်ရပ်တည်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထေက်ခံတယ်၊ ဒီမိုကေ၇စီကို ထောက်ခံတယ်ဟု သဘောထား ထုတ်ပြန်ထား၍ ဖြစ်သည်။

မှန်ပါသည်။ ကရင်အမျိုးသားများသည် ယနေ့ထိ တော်လှန်သော လမ်းကြောင်းပေါ်မှာ ရှိနေကြသည်။ အာဏာရှင် စစ်အုပ်စုကို ဆန့်ကျင်နေဆဲ ဖြစ်သည်။ ပြည်သူတွေနဲ့ တသားထဲ ရှိနေသည်။ ဒူးထောက်အညံ့ခံခြင်း ယိုင်နဲ့ခြင်း မရှိသေးပေ။
ထို့ကြောင့် ``ဤကဲ့သို့ ထိုးစစ်ကြီးဆင်တော့ ကမ္ဘာ့နိုဘယ်(လ်) ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရော ရန်ကုန်နေပြည်သူတရပ်လုံးကပါ မနေသာတော့ပဲ န၀တ(နအဖ)ထိုးစစ်ကို ဆန့်ကျင်ကြောင်း ကရင်အမျိုးသားများနှင့် သွေးစည်းကြောင်း တိုင်းရင်းသားလူမျိုးများ အားလုံး သွေးစည်းရန် လိုအပ်ကြောင်း ကရင်အမျိုးသားအရေးသည် ပြည်သူ့အရေးဖြစ်ကြောင်း စသည်တို့ကို ပြသသည့်အနေဖြင့် ကရင်အကျီာင်္ဝတ်ကြ ကရင်အမျိုးသားများနှင့် ရင်းရင်းနှီးနှီးနေပြကြ စသည်ဖြင့် လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။

ဤထိုးစစ်ကြီး၏ ဒုတိယအကြောင်းဖြစ်သော စေ့စပ်ရေးကိစ္စသည် ကရင်အမျိုးသားများနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြသော်လည်း ယနေ့ထိ အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိခဲ့ပေ။ န၀တ(နအဖ) ကရင်အမျိုးသားတွေ အပေါ် ဒေါသအကြိတ်အခဲ ဖြစ်ခဲ့ရသည်ကား အခြားမဟုတ်။ ကရင်အမျိုးသားများ၏ နိုင်ငံရေး တော်လှန်ရေးအမြင်ကို လိမ်ညာလှည့်ဖျား၍ မရနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ န၀တ(နအဖ)သည် တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော အပစ်အခတ်ရပ်စဲရေး ဖွံဖြိုးရေးနှင့် လုံးဝဥသုံ ချစ်ကြည်ရေးကိစ္စများကို ရှေ့သို့ မတိုးနိုင်ပဲ ရှိနေရသည်မှာ ကရင်အမျိုးသားများကြောင့်ဟု ကောက်ချက်ချခဲ့သည်။

ထို့ပြင် န၀တ(နအဖ)မှ ဦးစီးကျင်းပလျက်ရှိသည့် အမျိုးသားညီလာခံကို မဖိတ်နိုင်သေးခြင်း၊ ဥပဒေဘောင်တွင်း ၀င်ရောက်ခဲ့ပြီးသော တိုင်းရင်းသားလူမျိုးများလက်ထဲမှ လက်နက်ကို မဖြုတ်နိုင်သေးခြင်း၊ လူမျိုးအားလုံး ချစ်ကြည်ရင်းနှီးစွာ နေထိုင်နေပြီဟု ကမ္ဘာကို မပြသနိုင်ခြင်း စသောအချက်များမှာ ကရင်အမျိုးသားများကြောင့်ဟု ကောက်ချက်ဆွဲထားဟန် တူသည်။

ဤစွပ်စွဲချက်နဲ့ပတ်သက်ပြီး စာရေးသူအမြင်ကတော့ န၀တ(နအဖ)ဟာ
-သံဃာကိစ္စ
-ကျောင်းသားကိစ္စ
-အမျိုးသားညီလာခံ ကိစ္စ
-တိုင်းရင်းသားလူမျိုးများ ကိစ္စ
-ရင်းနှီးမြုပ်နှံမှု ကိစ္စ
-ခရီးသွားလုပ်ငန်းကိစ္စ
-ပြည်ပဆက်ဆံရေး သံတမန်ရေးရာ ကိစ္စ
-ကုန်ဈေးနှုန်းကိစ္စတွေမှာ လုံးလည် ပတ်ချာလိုက်ပြီး တစုံတရာ ပီပီပြင်ပြင် အကောင်အထည်ဖော် လုပ်ဆောင်နိုင်သည်ကို မတွေ့ရသေးပေ။ ကရင်ကို ပုံချလိုက်သည်နှင့် တာဝန်မှ ကင်းလွတ်သွားပြီးဟု ထင်မြင်ယူဆခြင်းသည် လူပိန်းတယောက်၏ ဆင်ခြင်တုံ တရားက် ပိုနိုင်ပါမည်လော၊ အမှန်ပြေရလျှင် န၀တ(နအဖ)လို တဖက်အပေါ် လေးစားမှုမျိုး တန်ဖိုးမထားတတ်သော ပုဂိုလ်တွေနှင့် ဆက်ဆံ ပြောဆိုရမည် ဖြစ်သဖြင့် အရာမရောက်ခဲ့ပေ။

ကရင်အမျိုးသားများသည် ထိုစေ့စပ်ရေး ချောက်ကမ်းပါးမှ ဘေးမသီရန်မခတ် လွတ်မြောက်သွားခြင်းသည် အမျိုးသားအောင်ပွဲ တရပ်ပင် သတ်မှတ်သင့်ပေသည်။ ယင်းအောင်ပွဲသည် ကရင်အမျိုးသားများအတွင်း စည်းလုံးညီညွတ်မှု၊ တော်လှန်သော နှစ်ရှည်အတွေ့အကြုံ၊ ရင့်ကျက်သော နိုင်ငံရေး အတွေးအမြင်၊ ခိုင်မာသော ရပ်တည်ချက်များကြောင့် ရရှိခဲ့သည်ဟု ခံယူရပေလိမ့်မည်။ ထို့ကြောင့်ပင် ကမ္ဘာ့နိုဘယ်(လ်)ငြိမ်းချမ်းရေး ဆုရှင် အပါအ၀င် ပြည်သူတရပ်လုံးက ဂုဏ်ပြုကြသည်ဆိုက လွန်အံ့မထင်ပေ။
အရှင်ခေမာစာရ (ရဟန်းပျိုသမဂ)
၁၉၉၈၊ မတ်လထုတ် သနူးထူးဂျာနယ်မှ ပြန်လည် ကူးယူဖော်ပြသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment