Friday, November 4, 2011

ဒီကေဘီအေနှင့် မြန်မာအစိုးရတို့ သဘောတူညီချက် သုံးချက် လက်မှတ်ရေးထိုး

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး အတွက် သွားရောက်တွေ့ဆုံခဲ့သည့် ဒီကေဘီအေ၏ အဆိုအရ တွေ့ဆုံပွဲတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သုံးချက်ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ သဘောတူညီချက် သုံးချက်မှာ---
(၁) နှစ်ဖက်အပစ်အခတ် ရပ်စဲရန်။
(၂) ဆက်ဆံရေး ရုံးပြန်လည်ဖွင့်လှစ်သွားရန်။
(၃) အပြန်အလှန် သတင်းပေးပြီးမှ လက်နက်ကိုင်ဆောင်ပြီး နယ်မြေ ဖြတ်သန်းခွင့် ပေးရန်။

ယခုအချက် သုံးချက်ကို ဖားအုံမြို့တွင် ဒီကေဘီအေမှ ဗိုလ်မှူးကြီး မိုရှေးဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ဦးနှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့မှ ကိုယ်စားလှယ် ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့တို့ လက်မှတ်ရေး ထိုးခဲ့ကြခြင်း ဖြစ်သည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment