Tuesday, February 7, 2012

ဒေါ်စု ပုသိမ် ခရီးစဉ်အတွင်း ကရင်လူထုများလည်း ကြိုဆို(ရှားပါး ဓါတ်ပုံ)

ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့ ပုသိမ်ကို ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစု ကြည်အား ပုသိမ်မြို့ခံများ၊ လူထုများက တခဲနက် ကြိုဆိုခဲ့ကြသည်။ ထိုအထဲတွင် ကရင်လူမျိုး အများအပြားလည်း ကြိုဆိုခဲ့ကြသည်။ သို့အတွက်ကြောင့် ကရင်လူမျိုး အ များအပြား နေထိုင်ပြီး မြန်မာပြည်ရှိ ကရင် လူဦးရေ၏ ၄ပုံ ၁ပုံ (ကရင့်ကြေှးမုံမှ ကိုးကား) နေထိုင်ရာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသက ကရင်အမျိုးသားများ၏ ဒီမိုကရေစီအပေါ် တန်ဖိုးထား လေးစားမှုကို အသိအမှတ် ပြုရပါမည်။ တဆက်တည်း တန်းတူ အခွင့်အရေး ရရှိပြီး ငြိမ်းချမ်းရေး ရောင်နီသန်းလာမယ့်တနေ့ ပြန်လာကြမယ့် မျိုးချစ် ကရင့်တော်လှန်ရေး သမားတွေကို မြစ်ဝကျွန်းပေါ်က ကရင်ထုတွေ တခဲနက် ဘယ်လောက်ထိ ကြိုဆိုနေ ကြမည်ဆိုတာ အောက်ပါ ဓါတ်ပုံကနေ တဆင့်ကျော်ပြီး စိတ်ကူးဖြင့် အတွေး နယ်ချဲ့ ကြည့်ကြပါစို့လား။

ကရင်အလံပါသည့် ဦးထုပ် ဆောင်းကာ တဖက်မှာလည်း NLD အလံကို ကိုင်ဆောင်ကာ ကြိုဆိုနေသူ ကရင် အမျိုးသမီးတဦး (ထိပ်ဆုံးလူ)


မြူးမြူး ကြွကြွ ဒုံးယိမ်းအကဖြင့်လည်း အခုလို ကြိုဆိုခဲ့ပါသေးတယ်။


တခြား ကရင်လူထုများလည်း အင်တိုက်အားတိုက်ဖြင့်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment