Tuesday, February 7, 2012

မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ. ပတ်သက်၍ BURMA VJ Media သတင်း အသုံးအနှုန်းကြောင့် ငြင်းခုံနေကြ

 အဓိက ငြင်းခုံနေသည့် အသုံးအနှုန်းကို မှင်နီဖြင့် ဟိုင်လိုက် ပေးထားသည်။

အောက်ပါ ဘာမားဗီဂျေသတင်းက သုံးနှုန်းထားသည့် အသုံးအနှုန်းကို မရှင်းမလင်း ဖြစ်နေကြသည်၊ အစိုးရ နှင့် မွန်ပြည်သစ် ပါတီ ငြိမ်းချမ်းရေး ဆွေးနွေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ရောစ ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ Strand Hotel ၌ နံနက် ၉း၀၀ နာရီတွင် စတင် တွေ့ဆုံခဲ့ပါသည်။ အဲ့ဒီ အစည်းအဝေး အတွင်း အပစ်အခတ် ရပ်စဲရေးကို သဘောတူ ဆွေးနွေး လက်မှတ် ရေးထိုးခဲ့ကြပြီး အခု ဆွေးနွေးပွဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါသည်။ ပထမအကြိမ်မှာတော့ ထိုင်းနိုင်ငံ တွင်း ဆခရဘူရီမြို့၌ အထက်ပါ နှစ်ဖွဲ့မှာ ဆွေးနွေးပြီး ဖြစ်ပါသည်။ 
By: Burma VJ Media Network
အောက်ပါ  ငြင်းခုံနေကြသည့် အသံများ၊ 
Aow Kou Rot မီဒီယာကို စတုတ္ထမဏ္ဍိုင်လို မျှတချင်တယ် ဆိုရင်တော့ အပြုသဘောနဲ့ ထောက်ပြ သင့်ပါတယ်။ Process တွေကို ရှင်းရှင်း လင်းလင်း နားလည် ရပါတယ်။ သတင်းတွေရဲ့ details တွေကိုလဲ သိနိုင် သလောက် နှိုက်ထုတ်ရပါတယ်။ "နံနက် ၉း ၀၀ နာရီတွင အပစ်အခတ် ရပ်စဲရေးကို သဘောတူ ဆွေးနွေး လက်မှတ် ရေးထိုးခဲ့ကြပါသည်" ဆိုတာ အရမ်းကို မှားနေတဲ့ အရေးအသားပါ။ ကိုယ်စား လှယ်တွေကို အဲလောက်ထိ လုပ်ဆောင်ခွင့် မပေးထားတာ သဘောပေါက် ထားစေလိုပါတယ်။ ကေအန်ယူ ပွဲတုန်းကလဲ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး အဲဒီလို သုံးနှုန်း ရေးသားတာတွေကို တွေ့ရပါတယ်။ နိုင်ငံကို ကောင်းအောင် ငြိမ်းချမ်းအောင် လူတိုင်း ဆန္ဒရှိကြပါတယ်။ မိမိဆန္ဒစွဲနှင့် မရေး သင့်ပါ။ သတင်းကို သတင်းလို ရေးစေချင်ပါတယ်။ လိုရာကို တွန်းပြီး ရေးတာမျိုးဟာ ဝါဒဖြန့်ချီတဲ့ ပုံစံဖြစ် နေလို့ မိမိကိုယ်ကို လွပ်လပ်မျှတတဲ့ မီဒီယာအနေနဲ့ ရပ်တည်မယ်ဆိုရင် အသုံးအနှုန်းတွေ အချက်အလက် တွေကအစ တိကျ သေချာဖို့ လိုပါတယ်လို့ အကြုံ ပြုပါရစေ။ မီဒီယာကို အစဉ်လေးစားလျက် 
Thandar Phyu အရမ်းမှန်တာဘဲ။ အရေးအသားတွေက ကိုယ်လိုရာ ဆွဲပြီးရေးနေသလိုဘဲ။ 
Nyan Lin Oo ဘာလို့လဲ? ဆွေနွေးပြီး လက်မှတ်ထိုးတာ တကယ်မဟုတ်ဘူးလား? KNU လဲလက်မှတ် ထိုးပြီးပြီလေ။ ဘာတွေကိုဆိုလိုချင်တာလဲ? 

Nyan Lin Oo ဒါဆို KNU က အတု လက်မှတ်ထိုးတာပေါ့။ ဗညာ ဃံင်သာင်ဇေတ်ဍာံ ဟာ ရှုပ်ကုန်ပီကွာ ၊ မြန်မာစစ်အစိုးရရဲ့လှည့်ကွက်အောက်မှာ တော်တော်ကြောက်ဖို့ကောင်းတယ်နော်၊ တိုင်ရင်သား လက်နက် ကိုင်အဖွဲ့တွေ သတိထားပြီး လက်မှတ်ထိုးပါလို့ အကြံပြုချင်တယ်။ 

ow Kou Rot ကိုဥာဏ်လင်းဦး ဒီအချက်အပေါ်ကို စိတ်ဝင်းစားမယ်ထင်လို့ ပြန်ဖြေလိုက်ပါတယ်။ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ထိုးခဲ့တဲ့လက်မှတ်ဟာ အပစ်အခတ် ရပ်စဲရေး အတွက် မဟုတ်ပါ။ နောက်တစ်ကြိမ် အပစ် အခတ် ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူတဲ့လက်မှတ် ရေးထိုးခြင်းပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကေ အဲန်ယူနဲ့ ကိုယ်စားလှယ် အဖွဲ့တွေရဲ့ ဘောင်ကျော် လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်လို့ ပြသနာ တက်နေဆဲပါ။ ဘယ်လိုပြန်လည် ဖြေရှင်းရမလဲဆိုတာ ကေအန်ယူ ဗဟိုမှာ အရေးပေါ် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ပြီး ဆွေးနွေး ခဲ့ကြ တယ်။ နောက်တစ်သုတ် အတွက် ကိုယ်စားလှယ်လည်း ရွေးခဲ့တယ်။ လုပ်ပိုင်ခွင့်တွေကိုလည်း သတ်မှတ် ချထားခဲ့တယ်။ ဆိုတော့ အရင် ပြည်တွင်း မီဒီယာတွေရဲ့ အရေးအသားကို ပြန်ကြည့်မယ်ဆိုရင် "အပစ်အခတ်ရပ်စဲဖို့ သဘောတူ လက်မှတ်ရေးထိုးတယ်" ဆိုတဲ့ အရေးအသားဟာ အစိုးရဘက်က ဝါဒဖြန့်ချီဖို့ ရေးတာလား၊ ဒါမှမဟုတ် သတင်းထောက်တွေ ကိုယ်တိုင်က ဒီအချက်အပေါ် မရှင်းလို့ ရေးကြတာလားတော့ ကျွန်တော် မသိပါ။ အရေးကြီး မှတ်သားစရာ တစ်ချက်က " ကိုယ်စား လှယ် တွေကို အာဏာကုန်အပ်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်" လို့ ဘယ် နိုင်ငံရေး ပါတီကမှ ချမှတ်ထားခြင်း မရှိဘူး ဆိုတဲ့အချက်ပဲ။ ဆွေးနွေးချက်တွေကို သူ့ဘက်ကိုယ့်ဘက် ညှိုပြီး ရရှိတဲ့ သဘောတူညီချက်ကို အထက်ကို တင်ပြဖို့ပဲ ရှိပါတယ်။ အဲဒါကို နားလည် စေချင်ပါတယ်။ 

Tineyintharvoice Ethnicnationalitiesvoice မီဒီယာတိုက်ပွဲအောက်မှာ နာမည်ပျက်နိုင်တယ်ဆိုတာ သက်သေ အထောက်အထားရှိခဲ့သည့် အတွက်ကြောင့် ဆွေးနွေးပွဲများနဲ. ပတ်သက်၍ အမှန်အတိုင်း ဖော်ပြရန် ကေ အိုင်အိုရော၊ ကေအန်ယူပါ တောင်းဆိုခဲ့သည်၊ ဒါကြောင့်၊ တိုင်းရင်းသား မီဒီယာများအနေနဲ. ပိုမို လုပ် ဆောင် ဖို. လုပ်အပ်ပါသည်၊ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ မွန်ပြည်သစ်ပါတီက တရားဝင် ထုတ်ပြန် လိမ့်မည်လို. မျှော်လင့်ပါလျက် 
တိုင်းရင်းသား အသံ ဘလော့မှ ပြန်လည် ကူး.ယူသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment