Saturday, February 4, 2012

ကရင်ဒေသအတွင်း နောက်ဆုံးရ တိုက်ပွဲ သတင်း

အဲခေါင်သောင့်၊ ဖေဖော်ဝါရီလ ၄ရက်၊ ၂၀၁၂ခုနှစ်
ကေအဲန်ယူနှင့် မြန်မာ အစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပမာဏ လက်မှတ် ရေးထိုးပြီး နောက်ပိုင်း ဇန်န၀ါရီလ ၂၉ရက်နေ့က ကေအဲန်ယူ စစ်တပ်မှ ထောင်ထားသည့် မိုင်းအဟောင်းတွေကြောင့် မြန်မာစစ်တပ်မှ တပ်ရင်းမှူးတဦး အပါအ၀င် အဖွဲ့ဝင် ၁၃ဦး ထိခိုက် သေဆုံးမှု ရှိခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။

ထိခိုက် သေဆုံးသည့် တပ်မှာ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀တပ်ရင်းဖြစ်ပြီး  တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းသန့် အပါ အ၀င် တပ်သား ၆ဦး သေဆုံးကာ ၇ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ရှေ့တန်းမှ နောက်ဆုံး ပေးပို့လာသည့်  သတင်းအရ သိရသည်။

အဆိုပါ ဖြစ်ပွားသည့် နေရာမှာ သံတောင်မြို့နယ်၊ ဘောဂလိ ဒေသရှိ ကလေ့စောခီးရွာ ဖြစ်ပြီး ကေအဲန်ယူ ထောင်ထားသည့် မိုင်းအဟောင်းတွေ ထိခိုက် ပေါက်ကွဲမှုကြောင့် ယခုလို သေဆုံးရခြင်း ဖြစ်သည်။

(အမှန်တကယ် ဖြစ်ပွားသည့် နေ့ရက်မှာ ဇန်န၀ါရီလ ၂၉ရက်နေ့ ဖြစ်ပြီး ယခင် သတင်းအရ ၃၁ရက်နေ့ မဟုတ်ကြောင်း သိရှိရသည်)
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment