Saturday, May 5, 2012

ဆီယက်တဲလ်၊ ဝါရှင်တန်မှ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ပထမခြေလှမ်း (ဓါတ်ပုံ)

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တဲလ်မြို့မှာရှိတဲ့ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဟာ ပထမခြေလှမ်းအဖြစ် ဗုဒ္ဓ ဘာသာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို တိပိဋကဘုန်းကြီးကျောင်းမှာ (၀၄၊၂၂၊ ၂၀၁၂) နေ့က ကျင်းပခဲ့ပါတယ်။ ဆီယက်တဲလ်၊ ဝါရှင်တန်ပြည်နယ်တွင် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းကို ဗုဒ္ဓဘာသာကရင်လူငယ်များက (၀၂၊ ၂၂၊၂၀၁၂) နေ့တွင် ပထမဆုံးတည်ထောင်ခဲ့တာဖြစ်ပြီး အခြားသောပြည်နယ်များတွင်လဲ အမာခံအသင်းသားများရှိကြောင်း သိရပါတယ်။ 







ဓါတ်ပုံ- မိုးမခ
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

2 comments:

ဓ၀်.အူရာ် said... at May 6, 2012 at 10:00 PM

သတင်းကောင်းတခုပဲ၊ ကိုယ်ကမစည်းရုံးနိုင် မလုပ်နိုင်တာကတော့ ကိုယ့်အမျိုးသားစာပေယဉ်ကျေးမှုအပေါ်မှာ တာဝန်မကျေသေးတာကတော့ ကိုယ်ကမလုပ်လို့ပဲထင်တယ်။

မင်းစိုးစံ said... at May 6, 2012 at 11:27 PM

မင်္ဂလာရှိတဲ့သတင်းပါ။
ကရင်စာလုံးတလုံးမှ မတွေ့မိတာက ကျုပ်ပဲ ကရင်စာမတတ်လို့ဖြစ်မှာပါ။
ဓါတ်ပုံအောက်မှာ အကြောင်းအရာနဲ့ပတ်သက်တဲ့ စာတမ်းလေးတွေ မတွေ့ရတာကိုလည်း စိတ်မကောင်းဖြစ်မိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သတင်းဖေါ်ပြပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
ကျန်းမာချမ်းသာပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Post a Comment