Sunday, June 10, 2012

ရခိုင် အရေးအခင်းကို အားလုံး ၀ိုင်းဝန်း ထိမ်းသိန်းကြဖို့ သမ္မတ ပန်ကြား

အဲခေါင်သောင့်(ဇန်န၀ါရီလ ၁၀ရက်၊ ၂၀၁၂ခုနှစ်) 


လက်ရှိ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ဒေသမှာ ဖြစ်ပွားနေသည့်  မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုတွေကို ဘာသာရေး အဖွဲ့အစည်း၊ ဘသရေးခေါင်းဆောင်နှင့် နိုင်ငံရေးပါတီဝင်တွေက လက်ရှိ အစိုးရနှင့် ပူးပေါင်း ပြီး ထိမ်းသိမ်းကြရန် လိုကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်က ပန်ကြားလိုက်သည်။
ယနေ့ည မြန်မာစံတော်ချိန် ၈နာရီတိတိတွင် မြန်မာရုပ်မြင်သံကြားဌာနကနေ တဆင့် ပြည်သူလူထုထံ မိန့်ခွန်းပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 
သမ္မတက လက်ရှိ မြန်မာနိုင်ငံ တည်ငြိမ်းအေးချမ်းရေးနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုတ် ဖြင့် တစိုက်မှတ်မှတ် ဆောင်ရွက်နေကြောင်း၊ ကွဲပြားသည့် ယုံကြည်ကိုးကွယ်မှုတွေ ရှိသော်လည်း အတူယှဉ်တွဲ နေထိုင်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွေနှင့် ပတ်သက်ပြီးး တရားဥပဒေ စိုးမိုးမှုရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ဘာသာရေး အဖွဲ့အစည်း၊ ဘသရေးခေါင်းဆောင်နှင့် နိုင်ငံရေးပါတီဝင်များ၊ လူထု လူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ပြည်သူလူထုများလည်း ပူးပေါင်းပါဝင်ကြရန် သမ္မတမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 
ထို့အပြင် ရခိုင်ဒေသ အရေးအခင်းနှင့် ပတ်သက်ပြီး ယခင်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ထုတ်ပြန်ဆောင်ရွက်မှုသည် ထိရောက်မှု မရှိသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ပုဒ်မ ၄၁၃ ပုဒ်မခွဲ(က)ကို ရခိုင်ပြည်နယ်တွင် ယနေ့မှ စပြီး အရေးပေါ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အင်တာနက်ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသည်။ 
အဆိုပါ ပုဒ်မ ၄၁၂ပုဒ်မခွဲ (က)အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ရှင်းလင်း ဖော်ပြပါရှိသည်။


Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment