Monday, July 2, 2012

မတရား ဖမ်းဆီးခံရသူအတွက် မြစ်ကြီးနားတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်

အဲခေါင်သောင့်၊ ဇူလိုင်လ ၃ရက်၊ ၂၀၁၂ခုနှစ်
ကချင် ပြည်နယ် ဂျန်မိုင်ကောင်း နှစ်ခြင်း အသင်းတော် စစ်ရှောင်စခန်းမှ မြန်မာစစ်တပ်၏ မတရားလာရောက် ဖမ်းဆီးနှိမ့်စက်ခံရသူ ဦးလထော်ဘရန်ရှောင်အား ချွင်းချက် မရှိ လွတ်ပေးရန် လာမည့် ဇွန်လ ၆ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်း ဆန္ဒဖော်ထုတ်မှု တရပ် ပြုလုပ်သွားမည် ဟု သိရှိရသည်။


စစ်ရှောင် ကချင်ဒုက္ခသည်များပုံ
အဆိုပါ ဆနဖော်ထုတ်ပွဲကိုမြစ်ကြီးနားရှိ သိက္ခာတော်ရ ခရဇ်ယာန် ဆရာတော်များနှင့် အခြား သိက္ခာရှိ ကချင် ရပ်မိရပ်ဖများက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များကိုလည်း တင်ပြလျှောက်ထားပြီး ဖြစ်သည်ဟု သိရသည်။
ဆနပြပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဦးလထော်ဘရန်ရှောင်ကို လွတ်ပေးရန်၊ စစ်ရှောင်စခန်းအတွင်းသို့  အဓမ္မ ၀င်ရောက် ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်း မပြုရန်၊ IDPတွေ၏ ဘ၀လုံခြုံရေးနှင့် ရှင်သန်ရေးအတွက် နိုင်ငံတော်မှ ထိရောက်စွာ ကူညီရန်၊ တရားရုံး အမိန့်မရပဲ ၂၄နာရီထက် လူတဦးကို ဖမ်းဆီးချုပ်နှောင်ခြင်းကို ရပ်တန့်ရန်နှင့် ဖမ်းဆီးခံရသူများအား ညှင်းပန်းနှိမ့်စက်ခြင်း မပြုရန်တို့ ဖြစ်သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မနက် ၉နာရီတွင် စတင်မည်ဖြစ်ပြီး ခန့်မှန်းလူဦးရေ တထောင်ခန့် တက်ရောက်နိုင်မည်ဟု စီစဉ်သူများက ခန့်မှန်းပြောဆိုကြသည်။


ဓါတ်ပုံ-ဂျိန်းဖောကဆာ
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment