Monday, July 2, 2012

ရခိုင်ဒေသက အဓိကရုဏ်း ဖြစ်စဉ် (ရုပ်သံ)

ယခုမှတ်တမ်းထဲမှာ အကြမ်းဖက် ဘင်္ဂလီမွန်ဆလင်တွေက ပလီတက် လူစုရုံးအပြီး ရခိုင်ရပ်ကွက်တွေထဲကို ၀င်ရောက်ကာ လူအုပ်ကြီးဖြင့် အကြမ်းဖက် လုပ်ရပ်တွေကို လုပ်ဆောင်သွားတာ တွေ့မြင်ရပါမယ်။ ရခိုင်ဒေသ၊ ရခိုင်တွေရဲ့ နယ်မြေမှာ ကိုယ့်နိုင်ငံဖွား မဟုတ်တဲ့ တခြားလူမျိုးတမျိုးက ယခုလို အတင့်ရဲစွာ အကြမ်းဖက် လုပ်ဆောင်မှုမှန်သမျှကို ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံးက ၀ိုင်းဝန်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဘင်္ဂလီ မွန်ဆလင်တွေ အနိုင်ကျင့် ညှင်းပန်းမှု ခံခဲ့ရရင်လည်း လူသားချင်းပီပီ ၀ိုင်းဝန်းတားဆီးရမည်သာ ဖြစ်တယ်။ တချိန်က ကိုယ့်ထီးကိုယ့်နန်းနဲ့ နေလာခဲ့ပြီး ကိုယ့်မြေကိုယ့်ရေထဲမှာ အေးချမ်းတည်ငြိမ်စွာ နေလာခဲ့တဲ့ ညီအစ်ကို ရခိုင်တွေ ယခုအချိန်မှာတော့ ကျီးလှန့်စာစား ဘ၀နဲ့ နေနေရတာကို ကြည့်ရတော့ စိတ်မကောင်း ဖြစ်မိသလို ကိုယ်ချင်းလည်း စာနာထောက်ထားမိပါတယ်။ တကယ်တော့ ဒီပြသာနာရဲ့ အရင်းအမြစ်ဟာ ဘင်္ဂလီ မွန်ဆလင်တွေရော ရခိုင်တိုင်းရင်းသားတွေ မဟုတ်ပါဘူး။ ဖောက်ပြန်နေသူ မဟာလူမျိုးကြီး အာဏာရှင်တွေကြောင့်ပါ။ သူတို့တွေ ရခိုင်ပြည်ကို မတရား သိမ်းပိုက်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြကာ တဖက်နိုင်ငံက လူတွေ ၀င်ရောက်လာနိုင်ခဲ့တာပါ။ တကယ်လို့ ရခိုင်ဒေသကို ဘယ်မဟာ လူမျိုးကြီးမှ မကျူးကျော် မအုပ်ချုပ်ပဲ ရခိုင်တွေ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေကြမယ်၊ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ ရှိကြမယ်ဆိုရင် အဲဒီ ခုနက လူအုပ်ကြီးတွေ ဘယ်လိုမှ မတရား ၀င်ရောက်နိုင်ခြင်း မရှိသလို  ဘိုးဘွားအစဉ်အဆက်က ကိုယ့်အိမ် ကိုယ့်မြေမှာ တခြားလူမျိုးတွေ ထင်တိုင်း မကြဲနိုင်ဘူးဆိုတာတော့ မြေကြီးလက်ခ မလွဲပါဘူး။ (လူအချင်းချင်း နှိမ့်စက်ချင်း ကင်းဝေးကြပါစေ-အဲခေါင်သောင့်)

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment