သြစတြေးလျားနိုင်ငံ၊ နယူးဆော့ဝေး(လ်) ပြည်နယ်၊ ဆစ်ဒနီမြို့တွင် နှစ်စဉ်နှစ်တိုင်း စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည့် ကရင့် ခြည်ဖြူဖွဲ့ ပွဲကို ယခုနှစ် လာမည့် စက်တင်ဘာ ၁ရက်နေ့ (စနေနေ့)တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ ပွဲကို ဆစ်ဒနီမြို့ရှိ သြစတြေးလျား ကရင်ယဉ်ကျေးမှု အဖွဲ့နှင့် ကရင့်ယဉ်ကျေးမှု ထိမ်းသိမ်း မြင့်တင်သူများက ဦးစီး ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
ဆစ်ဒနီ ကရင့်ခြည်ဖြူဖွဲ့ ပွဲကို လွန်ခဲ့သည့် ၁၀နှစ်ကျော်ကတည်းက စတင်အခြေချ ရောက်ရှိလာသည့် ကရင့်အမျိုးသားများက ဦးဆောင်ကျင်းပလာခဲ့သည်မှာ ယနေ့အချိန်ထိပင် ဖြစ်သည်ဟုလည်း သိရှိရသည်။
ဆစ်ဒနီ ခြည်ဖြူဖွဲ့ ပွဲတော်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အောက်က ဖိတ်ကြားစာတွင် ဖော်ပြထားပါသည်။
Karen__Traditional_Wrist_Tying___Ceremony_Flyer