Monday, August 6, 2012

ဒေါက်တာ စိုင်မွန်ရေးတဲ့ ကရင့် ရိုးရာ ခြည်ဖြူဖွဲ့ ဆောင်းပါး


ဒေါက်တာ စောစိုင်မွန်ဟာ ကော်သူးလေ ကရင်နှစ်ခြင်း ကျမ်းစာသင် ကောလိပ် (KKBBC)၏ ကျောင်းအုပ်ဖြစ်ပြီး သူ့၏ ကရင့်ခြည်ဖြူဖွဲ့ ပွဲနှင့် ပတ်သက်ပြီး အမြင် သဘောထား ကို ရေးသားထား တဲ့ ဆောင်းပါးဖြစ် ပါတယ်။ ဒေါက်တာ စောစိုင်မွန်ရေးတဲ့ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ ဆောင်းပါးကို ကရင်တိုင်း ဖတ်ဖို့ အလွန်အရေးကြီးပါတယ်။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ကရင်တချို့ဟာ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲတော် ကို ဘာသာရေး အမြင်နဲ့ ကြည့်ပြီး လက်မခံ
နိုင်သေး တာပဲ ဖြစ်ပါတယ်။ လက်မခံနိုင်ရတဲ့ အကြောင်းရင်းတွေကို လူသိရှင်ကြား ထုတ်ဖော်ရေးသားတာတွေ ပြောဆိုတာတွေ မကြားမိ၊ မဖတ်မိရသော်လည်း ဘာသာရေး အခြေခံ ကြီးတဲ့ ကရင် လူကြီးတချို့ (တချို့)ဟာ ခြည်ဖြူဖွဲ့ပွဲ သွားရောက် ဆင်နွဲနေသူတွေကို ပိတ်ပင် တားဆီးခြင်း၊ အတိုက်အခံ ပြုလုပ်ခြင်းနဲ့ ရိုးရာ ခြည်ဖြူဖွဲ့ ပွဲ ပျက်စီးရာ ပျက်စီးကြောင်းတွေ ပြုလုပ်တာတွေကို နေရာတော်တော်များများမှာ ကြုံတွေ့နေရဆဲပါ။ အထူးသဖြင့် တက်သစ်စ ကရင်လူငယ်တွေကို ကရင့်ခြည်ဖြူဖွဲ့ပွဲကို တနည်းတဖုံနဲ့ လက်မခံနိုင်အောင်   ဆွဲဆောင် စည်းရုံးမှုတွေနဲ့အတူ ပိတ်ပင် တားဆီးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လူကြီးတွေ တချို့ပင် လူငယ်တွေ နည်းတူ ပိတ်ပင် တားဆီးမှုတွေ ခံနေရဆဲပါ။ ဘယ်လိုပဲ ဖြစ်နေပလေ့စေ။ လက်မခံနိုင်ဘူးဆိုရင်လည်း လက်မခံနိုင်တဲ့ အလျောက် ရေးသား ဖော်ထုတ် ပြောဆိုပါ။ ဆွေးနွေး ရေးသား တင်ပြကြပါ။ ဒါမှသာ လက်ချည်ပွဲနဲ့ ပါတ်သက်ပြီး ချင့်ချိန် သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တတ်ကျွမ်းတဲ့ လူတွေနဲ့ အမြင်ချည်းဖလှယ်ကြပြီး ကရင့်ခြည်ဖြူဖွဲ့ပွဲဟာ ဘာသာရေးနဲ့ ဆက်စပ်တဲ့ အထောက်အထား ရှိမရှိ ဆိုတာကို ရဲရဲကြီး အမြန်ဆုံး ဖော်ထုတ်ကြဖို့ လွန်စွာပင် အရေးကြီးပါတယ်။

wrist tying

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment