Sunday, August 5, 2012

Chaeki Chaeue အမည်ရသည့် ပထမဆုံး ထိုင်းကရင် ဗီဒီယိုဇတ်ကားသစ်

Chaeki Chaeue အမည်ရသည့် ပထမဆုံး ထိုင်းကရင် ဗီဒီယို ဇတ်ကားသစ်ကို ထိုင်းနိုင်ငံ ရောက် ကရင်များမှ ရိုက်ကူးထားခြင်း ဖြစ်သည်။ အဆိုပါ ဇတ်လမ်းကို ရိုက်ကူးရာတွင်လည်း Chiabgrai Rajabhat University တက္ကသိုလ်မှ တကယ့် အဖြစ်အပျက်ကို ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ဒီဇတ်လမ်းတွင် ကရင် (စကော) ဘာသာနှင့် ထိုင်းဘာသာကို အဓိကထား ပြောဆိုပြီး အင်္ဂလိပ်စာတမ်း ထိုးထားသည့် ဇတ်လမ်းကောင်း တပုဒ်ဖြစ်သည်။ အချိန်ပေးပြီး ထိုင်းကရင်တို့၏ ကြိုးစားမှုကို အသိအမှတ်ပြု ကြည့်ရှူကြရန်နှင့် ထိုမှတဖန် ထိုင်းနိုင်ငံဖွား ကရင်လူမျိုးတို့၏ ဘ၀အခြေအနေမှန် တချို့ကိုလည်း ဒီဇတ်လမ်းကနေ ခံစားခွင့်တွေ သိရှိခွင့်တွေ ရရှိကြမည်ဟု မျှော်လင့်မိပါသည်။ ထို့အပြင် မိမိလူမျိုး၏ ကိုယ်ပိုင် ဘာသာစကား၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ရိုးရာ ယဉ်ကျေးမှုတွေကို တန်ဖိုးထား မြတ်နိုးလာအောင် ဒီဇတ်လမ်းကနေ တစိတ်တပိုင်း တင်ပြထားတာကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။ (အဲခေါင်သောင့်)

ဇတ်လမ်း ပထမပိုင်း

 ဇတ်လမ်း ဒုတိယပိုင်း
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment