Saturday, October 13, 2012

ရန်ကုန်တွင် ရောက်နေသည့် ပဒိုစောဒေးဗစ်ထော ကျန်းမာရေး အခြေအနေ ဆိုးရွားနေ

အဲခေါင်သောင့်၊ အောက်တိုဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်
ရန်ကုန်ကို ရောက်ရှိနေသည့် ပဒိုစောဒေးဗစ်ထော ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ကုတင် တထောင်ဆန့် မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရှိရသည်။


ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ကိုညိုအုန်းမြင့်၏ Facbookထဲတွင် ပဒို စောဒေးဗစ်ထော ကျန်းမာရေး အခြေအနေ ဆိုးရွားနေပုံကို ယခုလို ရေးထားပါသည်။

ပဒိုစောဒေးဗစ်ထောသည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသ ခံနေရကြောင်း၊ Aအမျိုးအစား သွေးသွင်းရန် လိုအပ်သဖြင့် လိုအပ်သည့် သွေးများကို Myanmar Egress ကျောင်းသားနှင့် ၀န်ထမ်း ၈ယောက်က လှူခဲ့ကြောင်း၊ မြန်မာ စံတော်ချိန် ညနေ ၄နာရီထိ အခြေအနေ ထူးခြားမလာပဲ ICUအခန်းတွင်သာ ရှိနေသေးကြောင်း ဖော်ပြထားသည်။

ပဒိုဒေးဗစ်ထောသည် လွန်ခဲ့သည့် လ ၂၉ရက်နေ့က ဖားအံတွင် ဖွင့်လှစ်ခဲ့သည့် ဆက်ဆံရေး ရုံးအပြီးတွင် ဗိုလ်ချုပ်မူတူးစေးဖိုးနှင့် အတူ ရန်ကုန်အထိ ဆက်သွားခဲ့ခြင် ဖြစ်ပြီး ယခုလို ကျန်းမာရေး ဆိုးရွားနေချိန်အထိ ရန်ကုန်တွင် ကျန်နေခဲ့သည်။

အဆိုပါ ရန်ကုန်ရောက်နေကြစဉ်အတွင်း သူတို့ကို အဖွဲ့ စည်းမျှည်းစည်းကမ်း လိုက်နာရန် ပျက်ကွက်မှုဖြင့် ထုတ်ပယ်ခံရကြောင်း ကေအဲန်ယူဗဟိုမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။



Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment