Sunday, October 14, 2012

မကြာမီက ကွယ်လွန်သွားသော (ပဒို စောဒေးဗစ်ထောအတွက်)…..



၁။ အမိန့်ပြန်တမ်း……
၂။ မိတ်ဆွေများ..အဖွဲ့အစည်း အသီးသီးတို့ထံမှ..လွှမ်းသူ့ ပန်းခွေများ…
၃။ အဖွဲ့အစည်း အသီးသီးမှ ပေးပို့လာသော..၀မ်းနည်းကြောင်း သ၀ဏ်လွှာနှင့် ချီးမွမ်းသံ..မှတ်တမ်းတင်သံများ.
၎။ လည်းကောင်း၏ နောက်ကွယ်တွင် အသံ အမျိုးမျိုးများထဲမှ.. ၀မ်းနည်းခြင်း အသံတွေက.. ပို၍ ကျယ်လောင်နေမည်လော..
ပြည်တွင်းစစ် နှစ်ပေါင်း(၆၀)ကျော်ကာလ အတွင်းမှာ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးသည် ဖြတ်သန်းလာခဲ့သော အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ အဆက်ဆက်တွင် ပေးဆပ်ခဲ့သော သွေး..ချွေး…စည်းလုံးဖြိုခွဲခြင်းတို့မှသည် လက်ရှိဖြစ်ရှိနေသော ကိစ္စရပ်သည် နောက်ဆုံးအကြိမ်သာ ဖြစ်ပါ၏။ သို့ဖြစ်ပါ၍ မိမိတို့ ဆင်နွဲနေသော အမျိုးသား ထုတစ်ရပ်လုံးအတွက် လွတ်မြောက်ရေး တိုက်ပွဲတွင်…… ကရင်အမျိုးသားထု တစ်ရပ်လုံး မိမိတို့ဘ၀ ဖြစ်ပေါ်တိုးတက်မှုများ အမြန်ရရှိပြီး အေးအေးချမ်းချမ်း နေထိုင်နိုင်ကြပါစေ……..
ကရင့်အမျိုးသား၏ အလံတော်အောက်တွင် ကရင်အမျိုးသားအချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုများ ပြန်လည်တည်ဆောက်နိုင်ကြပါစေ……..
 
ပဒို- စောဒေးဗစ်ထော၏ ထမ်းဆောင်ခဲ့သော တာဝန်များ(အကျဉ်းချုပ်) -
၁။ ဖားအံခရိုင် (သူးမွဲမြို့နယ်)တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသည်။
၂။ (မဲ့တလေစခန်း)တွင် ဒီအေဘီ တပ်ပေါင်းစု ဌာနချုပ်တွင် ဒု-ရုံးအုပ်နှင့် ရုံးအုပ်အဖြစ် ထမ်းဆောင်ခဲ့ဘူးသည်။
၃။ ကေအဲန်ယူ-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး-စောဘိုမြ၏ အကြံပေး (ပီအေ) ထမ်းဆောင်ခဲ့ဘူးသည်။
၎။ ကေအဲန်ယူတွင် ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (နိုင်ငံခြားရေးဌာနတာဝန်ခံ)
၅။ ကေအဲန်ယူ- ဗဟိုတရားရေး တာဝန်ခံ အဖြစ် ထမ်းဆောင်ခဲ့သည်။
၆။ အမျိုးသား ကျန်းမာရေးနှင့် ပညာရေးကော်မတီ (NHEC)တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၇။ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ကောင်စီ(NCUB)တွင် အတွင်းရေးမှူးအဖွဲ့ဝင်၊ နိုင်ငံခြားရေး ကော်မတီတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
 
မန်းလှအေး
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment