Wednesday, October 24, 2012

ကရင် ဒေသအ တွင်း ကူညီထောက်ပံ့ရေးအတွက် ဂျပန်NGOအဖွဲ့ ကြီးဖြစ်သော JAPAN PLATFORMနှင့် ဂျပန်အခြေစိုက် ကရင်အဖွဲ့ များဆွေးနွေး

ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ဂျပန်အစိုးရမှ ဂျပန် NPO (NON PROFIT
ORGANIZATION )JAPAN PLATFORM အဖွဲ့ ကြီးအား တိုင်းရင်း
သားဒေသများသို့ သွားရောက် ကူညီထောက်ပံ့ရန်
တိုက်တွန်းထားပါသည်။

၎င်းအဖွဲ့ ကြီးတွင် ပါဝင်သောအဖွဲ့ တာဝန်ရှိသူများနှင့် တိုကျိုမြို့ အခြေစိုက် ကရင်အမျိုးသား အဖွဲ့ ချူပ်  JAPAN-KNL , KAREN NATIONAL FOUNDATION JAPAN -KNFမှ တာဝန် ခံများ ဖြစ်သော  စောကျော်ထင်ထူး၊ စောဘလှသိန်း နော်လှဥမ္မာဝင်း၊ KAREN NATIONAL UNION KNU-JAPAN ကရင်အမျိုးသား  အစည်းအရုံး ဂျပန်ဌာနခွဲ တာဝန်ခံများဖြစ်သော စောမျိုးခိုင်ရှင်း၊ ကိုမိုးမင်း သူ နှင့် ပြည်ပရောက် ကရင်အမျိုးသားများ အဖွဲအစည်းဖြစ်သော OVERSEA KAREN ORGANIZATION-JAPAN OKOJ မှ တာဝန်ခံ စောဒယ်နီယယ်လင်းစိန်တို့နှင့် အောက်တိုဘာလ ၁၂ရက်နေ့က ၂နာရီကျော်ကြာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း လက်ရှိ ကရင်ပြည်နယ် အခြေအနေ၊ ကရင်အမျိုးသားများ အခြေအနေ ၊ဒေသတွင်း အခြေအနေ၊ ဒုက္ခသည်များ နေရာပြန်လည် ချထားရေး ၊ကျေးရွာများ ပြန်လည် ထူထောင်ရေး နှင့် ကရင်ပြည်သူများအား ထောက်ပံ့ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့ အစည်းများသည် ယခုအောက်တိုဘာလ ၂၅ ရက်စတင်၍
သက်ဆိုင် ရာ တာဝန်ကျသော နေရာဒေသများသို့ စတင်သွားရောက်မည် ဖြစ်သည်။

NPO JAPAN PLATFORM ၏ ခြေလှမ်းအစသည် ကရင်ပြည်နယ်သို့
စတင် ဝင်ရောက်ထောက်ပံ့ ကူညီဆောင်ရွက်မှုများကို ပြည်တွင်း သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းလက်တွဲကာ အဆင့်ဆင့် ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း သိရှိရသည်။

NPO JAPAN သည် JAPAN NGOအဖွဲ့ ပေါင်း(၂၅) ဖွဲ့ဖြင့် ဖွဲ့ထားသော အဖွဲ့ ကြီး ဖြစ်သည်။

သတင်းပေးပို့သူ. စောကစ်စင်ဂျာ (KNLJapan ၀က်ဆိုက်ဘ်မှ ကူးယူသည်)

Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment