Monday, November 12, 2012

ဗိုလ်နှုတ်ခမ်းမွေးက ထိုင်း-မြန်မာနယ်စပ်ဂိတ်(ဝါးလေ)အား ပိတ်ရန် အမိန့်ပေးဟု ထိုင်းသတင်းစာများမှ ဖော်ပြ



ထိုင်းတာဝန်ရှိများ ဖမ်းထားသော ဗိုလ်နှုတ်ခမ်းမွေး၏ ဆွေမျိုးများအား ပြန်၍မလွတ်မချင်း ဂိတ်များကို ပိတ်ထားမည်ဟု ဖော်ပြထားပါတယ်။

ယမန်နေ့က(12/11/12) မဲဆောက်မှ ဝါးလေသို့လာရန် မျိုးမင်းဦိး မောင်းနှင်၍ ဒေါ်စုစု(၇၀နှစ်- ဗိုလ်နှုတ်ခမ်မွေး၏ ယေက္ခမတော်စပ်) ဒေါ်မျိုးကြာ(၇၀နှစ်-ဒေါ်ကြီးတော်စပ်)၊ မသီတာအေး(၂၀နှစ်) နှင
့် မဒါ (၁၈နှစ်) (တူမတော်)တို့ တင်ဆောင်လာစဉ် လမ်းခရီးလုံခြုံရေး ဂိတ်တစ်ခုမှ စစ်ဆေးရာမှ လက်မှတ်များမပါရှိ၍ ထိန်းသိမ်းခံရသည်။ ဒေါ်စုစုနှင့် ဒေါ်မျိုးကြာအား အသက်ကြီး၍ ပြန်လွတ်ပေးသော်လည်း ကျန်နှစ်ဦးအား နယ်ကျော်ခိုးဝင်မှုဖြင့် ဖမ်းဆီးခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေးမှ အကုန်ပြန်လွတ်ပေးရန် တောင်းဆိုသော်လည်း လွတ်မပေးခဲ့၍ နယ်စပ်ဂိတ်(ဝါးလေ)အား ပိတ်ရန် အမိန့်ပေးခဲ့သည်ဟု သတင်းက ဖော်ပြပါသည်။

http://hilight.kapook.com/view/78369
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment