Friday, November 23, 2012

နော်စီဖိုးရာစိန်ထံ ပေးပို့သည့် စောအယ်ကလူထူး ပေးစာ

ရက်စွဲ။ ။ ၂၀၁၂ ခုနှစ၊် နိုဝင်ဘာလ (၁၀)ရက်။

သို့/

နော်စီဖိုးရာစိန်
အထွေထွေအတွင်းရေးမှူးချုပ်
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်

အကြောင်းအရာ ။        ။ ကရင်အမျိုးသားအစည်းအရုံး၏ (၁၅) ကြိမ်မြောက်က်ကျင်းပမည့် ကွန်ကရက်အစည်းအဝေးတွင် တမျိုးသားလုံးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ်ရာတွင် 
တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းစေရန် အကြံပြုတင်ပြခြင်း။

အသိအမှတ်ပြုမှု

(၁) ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးကို လွန်ခဲ့တဲ့ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ (၅)ရက်
နေ့တွင် ကရင်အမျိုးသားရေးကို ဆောင်ရွက်ခဲ့သည် ကရင်အဖွဲ့အစည်း(၄)ဖွဲ့ဖြစ်သည့် (KNA,
BKNA,KCO,KYO) စသည့်အဖွဲ့အစည်းများဖြင့်တည်ထောင်ခဲ့သောကြောင့် တစ်မျိုးသားလုံးကို
ကိုယ်စားပြုသည့် တစ်ခုတည်းသော အမျိုးသားအဖွဲ့အစည်းဖြစ်သည့်ကို လုံးဝခံယူပါသည်။

(၂) KNU သည် အမျိုးသားအဖွဲ့အစည်းဖြစ်သည့်အတွက် တမျိုးသားလုံးဆိုင်ရာအခွင့်အရေးများကို
နိုင်ငံရေးအရသော်လည်းကောင်း၊ တော်လှန်ရေးအရသော်လည်းကောင်း မမှိတ်မသုန် ရ၀ဲံ့စွာရှေ့
တန်းမှ နိုင်ငံရေးကို ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ်လည်း ယတိပြတ်အသိအမှတ်
ပြုပါသည်။

(၃) ဆယ်စုနှစ် (၆) ခုကျော် ကြမ်းတမ်းခက်ခဲတဲ့ တော်လှန်ရေးခရီးကြမ်းတွင် တိုင်းပြည်ကို ခေတ်အ
ဆက်ဆက်အုပ်ချုပ်ခဲ့သည့် အုပ်စိုးသူတို့မှ ကရင်အမျိုးသားအစည်းအရုံးကြီးကို ပြင်းထန်လှသည့်
ထိုးစစ်ကြီးများဖြင့်တဖုံ၊ ကောက်ကျစ်ယုတ်မာသည့်နည်းပရိယာယ်များဖြင့်တလှည့်၊ ငြိမ်းချမ်းရေးကို
ဘန်းပြပြီး အောက်ခြေနှင့်ဗဟို၊ စစ်တပ်နှင့်နိုင်ငံရေးကိုခွဲကာ ကေအဲန်ယူအဖွဲ့ အစည်းကြီးကို ဖြိုခွဲဖျက်
ဆီးခ့သဲ ည့်ကြားမှ ယနေ့အထိ အမျိုးသားရေးအတွက် စွမ်းစွမ်းတမံ ရှေ့ဆောင်နိုင်ခဲ့သည့်မှာ ထက်
မြတ်သည့်ခေါင်းဆောင်ကြီးများ၏ရှေ့ဆောင်မှုနှင့် မှန်ကန်တိကျသော လမ်းစဉ်နှင့် မူဝါဒများကြောင့်
ဖြစ်သည့်ဟု ခိုင်မာစွာယုံကြည်ပါသည်။

လက်ရှိမြန်မာနိုင်ငံရေး အခင်းအကျင်း
(၄) လက်ရှိ မြန်မာပြည်ကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုအခြေခံပြီး ၂၀၁၀ခုနှစ်ရွေး
ကောက်ပွဲမှတဆင့် အုပ်ချုပ်ရေးအဏာကိုရရှိလာသော သမ္မတဦးသိန်းစိန်အစိုးရသည် အဖက်ဖက်
မှချွတ်ခြုံကျနေသော တိုင်းပြည်၏အခြေအနေမှန်ကိုသိရှိသော်လည်း ပြသာနာ၏ဇစ်မြစ်ကို ဖော်ထုတ်
ဖြေရှင်းမှုမှာ အားနည်းပြီး အပေါ်ယံ ထင်သာမြင်သာရှိသော ပြသာနာများကိုသာ ဖြေရှင်းနေသည့်ကို
တွေ့ရှိရပါသည်။

(၅) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို သေချာစွာ လေ့လာကြည်လျှင် မြန်မာပြည်တွင်း မှီတင်း
နေထိုင်ကြသော တိုင်းရင်းသားအခွင့်အရေး၊ အမျိုးသားအခွင့်အရေးများကို အာမခံထားသည့် ဥပဒေ
ပြဌာန်းချက်များတိတိကျကျ ဖော်ပြထားသည်ကို မတွေ့ရှိရပေ။ ထို့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံတွင်
ပြဌာန်းထားသော ဥပဒေပြဌာန်းချက်များကို ပြောင်းသည်ဖြစ်စေ၊ ပြင်သည်ဖြစ်စေ လွတ်တော်အမတ်
ဦးရေး၏ ရ၅ ရာခိုင်းနှုန်းအထက်ထောက်ခံမှုရှိမှ ပြင်ဆင်လို့ရသည်ဟု ဖော်ပြထားပါသည်။ 

လွတ်တော်အမတ်၏ ၂၅ ရာခိုင်းနှုန်းကိုလည်းစစ်တပ်မှ အတိအလင်းယူထားသည့်အတွက် မည်သို့မျှ
လွတ်တော်အတွင်းဝင်ရောက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်မှာ မဖြစ်နိုင်ပေ။

(၆) လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ခက်ရပ်စဲရေး သဘောတူညီ
ချက်ရရှိသော်လည်းဘဲ လက်တွေ့ကျသော ပြသာနာဇစ်မြစ်များကို ဖြေရှင်းရန် ပွင်းလင်းမြင်သာ
တိကျသော သဘောထားများ၊ ဆွေးနွေးမည့် နိုင်ငံရေး အစီအစဉ်(Political Agenda) များဖော် ပြထား
သည်ကိုမတွေ့ရဘဲ စီးပွားရေး၊ ဖွံ့ဖြိုးရေးများကိုသာ ဦးစားပေးလုပ်ဆောင်နေသည်ကို တွေ့ရှိရပါ
သည်။

(၇) ဦးသိန်းစိန်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးပြု
လုပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန် ခင်းထားပေးသော တစ်ခုတည်းသောလမ်းကြောင်းသည်
လွတ်တော်နိုင်ငံရေးဖြစ်သည့် အကွက်ကျကျ စီစဉ်ထားသော ဥပဒေဘောင်အတွင်း ၀င်ရောက်ပြီး
လက်နက်ချသည့် ငြိမ်ချမ်းရေးတည်ဆောက်ရေးပင်ဖြစ်သည်။

(၈) မြန်မာပြည်သူလူထုမှလည်း မြေယာသိမ်းဆည်မှုပြသာနာ၊ အလုပ်လက်မဲ့နှင့် ဆင်းရဲမွဲတေမှု
ပြသာနာ၊ ၀န်ထမ်းအဆင့်ဆင့်အလိုက် လဒ်ပေးလဒ်ယူမှုပြသာနာ၊ ခရိုနီများမှ စီးပွားရေးချုပ်ကိုင်မှု
ပြသာန၊ တရားဥပဒေစိုးမှုမရှိသည့်ပြသာနာ၊ ဒီမိုကရေစီ အခြေခံအခွင့်အရေးသုံးခုဖြစ်သည့် လွတ်
လပ်စွာပြောဆိုမှု၊ လွတ်လပ်စွာစည်းရုံးမှု၊ လွတ်လပ်စွာစုရုံးမှုများကို လည်းအကန့်အသတ်များနှင့်
ပေးထားသည့်ပြသာနာများကို ရင်ဆိုင်နေရပါသည်။

အကြံပြုချက်များ

(၉) ကရင်အမျိုးသားအစည်းအရုံးသည် ကရင်ပြည်သူလူထုတရပ်လုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူ
ညီမျှရေးအခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားသောအဖွဲ့အစည်းဖြစ်သည့်အလျှောက် မြန်မာအစိုး
ရနှင့် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ရန် နိုင်ငံရေး ဆွေးနွေးရေးလုပ်ငန်းစဉ်တွင် လိမ္မာပါးနပ်
ပြီးသတိကြီးစွာဖြင့် ကေအဲန်ယူ၏ချမှတ်ထားသော မူဝါဒလမ်းစဉ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။
အမျိုးသားအတွက် အန္တရာယ်ကြီးသော စွန့်စားရသည့်လမ်းကြောင်း၊ ပိုးဖလံ မီးပုံတိုးရသည်ဘ၀မ
ရောက်ရစေရန်၊ တနည်းအားဖြင့်ပြောရလျှင် အစိုးရမှ ခင်းပေးသည့်လမ်းကြောင်း (legal fold) အ
တိုင်းမ၀င် မိစေရန်အထူးသတိထားရပါမည်။

(၁၀) အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်သောအချိန်တွင် နိုင်ငံရေးအရ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ
ခံဥပဒေတွင် တိုင်းရင်းသားအခွင့်အရေးများကို တိတိကျကျ ပြဌာန်းထားခြင်း မရှိသေးသမျှကာလ
ပတ်လုံး အမျိုးသားအတွက် အန္တရာယ်ကြီးသော ဖွံ့ဖြိုးရေးကို အကြောင်းပြုပြီး စီးပွားရေး လုပ်ငန်းကြီး
များကို မပြုလုပ်မိစေရန် အထူးသတိပြုရပါမည်။

(၁၁) အစိုးရနှင့်အပစ်ခတ်ရပ်ဆဲရေးခိုင်မာအောင်ပြုလုပ်ပြီး နိုင်ငံရေးဆွေးနွေးသည် ကာလတွင် (Civil
Society) အဖွဲ့များ အားကောင်းလာစေရန်နှင့် ကရင်ပြည်သူလူထု အသိပညာအတတ်ပညာများ
ဖွံ့ဖြိုးတိုက်တက်လာစေရန် အရည်အသွေးမြင့် မားလာစေရန် (Capacity Building) သင်တန်းများကို
(Civil Society)များမှတဆင့် ကေအဲန်ယူအနေဖြင့် ရှေ့ဆောင်ရမည်ဖြစ်သည်။ ကရင်ပြည်သူလူထုအ
တွင်းတွင်လည်း ကရင်အမျိုးသားအစည်းအရုံး၏ မူဝါဒများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းများကို
အောက်ခြေအထိ သဘောပေါက်နားလည်စေရန် စည်းရုံးဆောင်ရွက်ရမည်ဖြစ်သည်။

(၁၂) အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရေးလုပ်ငန်းများကို တနိုင်ငံလုံးအတိုင်းအတာဆောင်စေရန် တိုင်း
ရင်းသားအဖွဲ့အစည်းများနှင့် တသံတည်းဖြစ်စေရန် တိုင်းရင်းသားအားလုံးနှင့်စုပေါင်းပြီး မြန်မာနိုင်ငံ
ရေးပြသာနာကို ဆွေးနွေးဖြေရှင်းရပါမည်ဟု ရိုးသားစွာဖြင့် အကြံပြုတင်ပြ ရေးသားလိုက်ရပါသည်။

လေးစားစွာဖြင့်-

စောအယ်ကလူထူး
ပြည်တွင်း ကရင်လူငယ်များ၏ကိုယ်စား
ကိုးဒီသွေး ဘလော့မှ ကူးယူသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment