Sunday, November 25, 2012

၂၀၁၂ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ရန် စတင်ဆော်သြနေပြီ

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နန့်ရွှေကျင် တို့အား ရည်စူး၍ ၎င်းတို့၏ သားသမီးများ တည်ထောင်ထားသည့် ဖန်းဖောင်ဒေးရှင်းက ၂၀၁၂ခုနှစ်အတွက် ၅ကြိမ်မြောက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ချီးမြှင့်ရန် စတင်ဆော်သြနေပြီဖြစ်သည်။

အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသားတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ၊ ရိုးရာယဉ်ကျေးမှု ဆိုင်ရာ စသည့်ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အထောက်အကူဖြစ်အောင် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ ကရင်လူ ငယ်များကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။  


၎င်းဆုကို သတ်မှတ်ထားသည့်စံနှုန်းအတိုင်း ကိုက်ညီပါက အသက် ၃၅နှစ်အောက်ရှိ မည်သည့်ကရင်လူငယ်မဆို လူတဦး ချင်းစီဖြစ်စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတခုခုကိုဖြစ်စေ ဆုငွေ အမေရိကန် ဒေါ်လာ (၂၀၀၀)ကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်သည်။


ထိုဆုအတွက် စာရင်းတင်သွင်းမည့်သူများအနေဖြင့် အမည်၊ အသက်၊ မွေးသက္ကရာဇ်၊ နေရပ်နှင့် အဖွဲ့အစည်းနာမည်များ ဖြင့်တကွ မည်သည့်ကရင်အဖွဲ့အစည်း၊ ဆွေမျိုးသားချင်းကိုမဆို နာမည်တင်သွင်းနိုင်သော်လည်း မိမိကိုယ်ကို အဆိုတင်သွင်း ခွင့်မရှိကြောင်း လာမည့် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ  ၃၁ရက် နေ့နောက်ဆုံးထား၍ ကရင်၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာဖြင့် bwabwa.phan@ phanfoundation.org သို့ နာမည်စာရင်း ပို့ဆောင်ပေးရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက www.phafoundation.org တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ဖန်းဖောင်ဒေးရှင်း(Phan Foundation)ကို ကေအဲန်ယူ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခံရ သည့် ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ကျန်ရစ်သူ သားသမီးလေးဦးဖြစ်သည့် စောစေးစေးဖန်း၊ နန့်ဇိုယာဖန်း၊ နန့် ဘွားဘွားဖန်းနှင့် စလုံ့ဖန်းတို့က စတင်တည်ထောင်ခဲ့သည်။
 


အဲခေါင်သောင့်၊ နိုဝင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ် 
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment