Tuesday, November 27, 2012

ကေအဲန်ယူ ကွန်ဂရက် ယနေ့ လပြည့်နေ့ တရက်တာ ရပ်နား


ယမန်နေ့က စတင်ကျင်းပခဲ့သည့် ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကို တရက်တာ ကျင်းပ ပြုလုပ်ရာမှ ယနေ့တွင် ဗုဒဘာသာဝင်တို့ အထွတ်အမြတ်ထားရာ လပြည့်နေ့ ဖြစ်သဖြင့် ကွန်ဂရက်ကို တရက်တာ ရပ်နားခဲ့သည်ဟု ကွန်ဂရက်တက်ရောက်သူတဦး ပြောဆိုချက်အရ သိရသည်။

ယမန်နေ့က စတင်ကျင်းပသည့် ၁၄ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်
၂ပတ်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည့် ကေအဲန်ယူ ကွန်ဂရက်အတွင်း ယခုလို ဗုဒဘာသာဝင်တို့ အထွတ်အမြတ်ထားရာနေ့တွင် ပိတ်ရက်အဖြစ် သတ်မှတ်ပြုလုပ်ပေးသဖြင့် ထူးခြားကြောင်းနှင့် ကြိုဆိုကြောင်းလည်း တပ်မဟာ၆မှ ဗုဒဘာသာဝင် အရာရှိ တဦးက ပြောဆိုသည်။

"ယခင်ကတော့ တော်လှန်ရေးနယ်မြေမှာ စနေ့နေ့တို့ တနင်္ဂနွေနေ့တို့ပဲ အများစု ပိတ်တာ များတယ်။ ယခုတော့ လပြည့်နေ့တွေဘာတွေ ပိတ်ပေးတယ်ဆိုတော့ ကျနော့အတွက် နည်းနည်း ထူးခြားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သာဓုခေါ်ရမှာ ဖြစ်တယ်"ဟု ၄င်းက ဆိုသည်။

ယခုလို လပြည့်နေ့တွင် ကေအဲန်ယူမှ ပြုလုပ်ကျင်းပသည့် ကွန်ဂရက်ကို နားရက်အဖြစ် သတ်မှတ်လိုက်ခြင်းသည် မျိုးနွယ်စု မျိုးစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေသည့် ကရင်တော်လှန်ရေးက မတူညီမှုတွေအားလုံးကို အသိအမှတ်ပြု ပြသသွားခြင်း ဖြစ်ပြီး ပြည်တွင်းပြည်ပ ကရင်များက ကြိုဆိုခဲ့ကြသည်ဟုလည်း စုံစမ်းသိရှိရသည်။

ကေအဲန်ယူတွင် ၁၉၉၄ခုနစ်က ဘာသာရေး တန်းတူညီတူမှု မရှိဟု ဆိုကာ ဒီကေဘီအေဆိုသည့် အဖွဲ့က ကေအဲန်ယူမှ ခွဲထွက်ကာ န၀တအဖွဲ့နှင့် ပူးပေါင်းသွားခဲ့သည်။

အဆိုပါ ခွဲထွက်ပြီးသည့် နောက်ပိုင်း အပြန်အလှန် ဆယ်စုနှစ် တခုကျော်ကြာ တိုက်ခိုက်ခဲ့ကြပြီး ကရင် ရဲဘော်အများအပြားလည်း အသက်စတေးခဲ့ကြရသည်။
အဲခေါင်သောင့်၊ နိုဝင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်


Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment