Sunday, December 2, 2012

မြန်မာအစိုးရတပ်မှ ဒုက္ခသည်စခန်း မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၁၊ ၂၀၁၂
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဖိုင်ကောင်းကျေးရွာ မန်ဂျေဒုက္ခသည်စခန်းသို့ နိုဝင်ဘာလ (၂၈) ရက်နေ့ တွင် ခလရ (၂၄၀)စစ် ကြောင်းဝင်ရောက်ကာ ဒုက္ခသည်များမှီခိုနေသော တဲ (၁၉) လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
ဒုက္ခသည်စခန်းတွင် ယာယီအသုံးပြု ခရစ်ယာန်ဘုရားရှိခိုးကျောင်းဆောင် ဆောက်လုပ်နေသော တရုတ်နိုင်ငံသား လက်သမားဆရာ (၃)ဦးအပါအ၀င်၊ ခရစ်ယာန်ဓမ္မဆရာ(၂)ဦးနှင့် ဒုက္ခသည်အမျိုးသား (၄) ဦးကိုလည်း ပန်းဆိုင်း (Pang Sai) ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းပင် ဖိုင်ကောင်းကျေးရွာ (Hpai Kawng) နေ ဦးဇိန်ထုံးဆိုင်းအောင် (Salang Zinghtung Seng Awng) ကိုလည်း ရိုက် နှက်နှိပ်စက်ခဲ့သေးသည်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment