Tuesday, December 18, 2012

အစောဆုံးသော ကရင့်နှစ်သစ်ကူး ပွဲတော် သြစတြေးလျားနိုင်ငံ ဟိုဘတ်မြို့မှာ ကျင်းပပြီးစီး

ကရင်သက္ကရာဇ် ၂၇၅၂ခုနှစ်အတွက် ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို အစောဆုံးဖြစ်အောင် ကြိုတင် ကျင်းပပြီးစီးသွားခဲ့ တာကတော့ သြစတြေးလျားနိုင်ငံ တောင်ဘက်ပိုင်းမှာ ရှိတဲ့ တက်စ်စမေးနီးယားပြည်နယ် Tasmania. ဟိုဘတ်မြို့ Hobartပဲ ဖြစ်ပါတယ်။ 

တက်စ်စမေးယားပြည်နယ် Tasmania.ဟာ အခြားသြစတြေးလျားနိုင်ငံရှိ ပြည်နယ်များတွင် ကရင်လူမျိုး အခြေချ ရောက်ရှိနေထိုင်မှု အနောက်ကျဆုံးနဲ့ ကရင်လူဦးရေ အနည်းဆုံးပြည်နယ် ဖြစ်ပြီး ကရင်နှစ်သစ်ကူးပွဲတော်ကိုလည်း ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲတော်ကို အဲဒီပြည်နယ်ရောက် တက်ကြွလှုပ်ရှားသူများနဲ့ အခြားပြည်နယ်က တက်ကြွလှုပ်ရှားသူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ပထမဦးဆုံးနဲ့ အစောဆုံးသော ကရင်နှစ်သစ်ကူး ပွဲတော်ကြီး ဖြစ်အောင် ဒီဇင်ဘာလ ၁၅ရက်နဲ့ ၁၆ရက်တွင် အစီအစဉ်တွေ အပိုင်းလိုက် ခွဲပြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တာပါ။

 ကရင်အမျိုးသား အ၀တ်အစားများနဲ့ အခမ်းအနား တက်ရောက်လာသူများ။

 ဒုံးယိမ်းအကဖြင့် ဖျော်ဖြေခဲ့ကြသူတွေရဲ့ အပြုံး။

 ဘ၀တူ စစ်ပြေးဒုက္ခသည်ဘ၀ကနေ သြစီကို အခြေချရောက်ရှိလာတဲ့ အာဖရိက ညီအစ်ကိုတွေနဲ့ ဘောလုံပွဲတွင် တပျော်တပါးဖြင့်။

 ကျော်အဲမွီနဲ့ ကျော်အဲယှူးတို့ရဲ့ အခမ်းအနား အပြင်အဆင်။
 
 တာဝန်ရှိသူတဦးမှ ယဉ်ကျေးမှု ခေါင်းဆောင်တဦးကို လက်ဆောင်ချီးမြှင့်နေတာပါ။ 


 နှစ်သစ်ကူးကြီး ဖြစ်မြောက်အောင် ကြိုးစားလှုပ်ဆောင်သူတွေရဲ့ ပီတိ။

 မပါမပြီးတဲ့ မရိုးနိုင်အောင် ဖြစ်ရပါတယ်ဆိုတဲ့ ကရင်ဒုံးယိမ်း။

 အစားအသောက်တွေနဲ့လည်း ယခုလို တည်းခင်း ဧည့်ခံခဲ့ပါသေးတယ်။ 

 အကူအညီလိုတဲ့ နေရာတိုင်းမှာ စေတနာအပြည့်နဲ့ လိုက်လံဖျော်ဖြေနေသူတွေ ကတော့
 မဲဘုန်းမြို့က ကရင်ယဉ်ကျေးမှု အဖွဲ့တွေပါ။

 သြစတြေးလျားနိုင်ငံအလံနဲ့ ကရင်အမျိုးသားအလံတွေကို ယခုလို သယ်ဆောင်လာခဲ့တာပါ။ 

 အဆိုကျော် အဲမွီရဲ့ မရိုးနိုင်တဲ့ အမျိုးသားရေး သီးချင်း သီဟန်။

ဓါတ်ပုံတွေအားလုံးကိုတော့ စောထွန်းလင်းဖောင်ကနေ ရယူခြင်း ဖြစ်ပါတယ်။
Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment