Monday, December 17, 2012

ဆန္ဒဖော်ထုတ်မှု ဥပဒေနှင့် မကိုက်ညီကြောင်း DKBAထံ ဦးအောင်မင်း စာရေးသား ကန့်ကွက်

အဲခေါင်သောင့်၊ ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၁၂ခုနှစ်။
ကချင်ပြည်နယ်အတွင်း ထိုးစစ်အမြန် ရပ်ပေးရန်နှင့် လက်ပတောင်း အရေး သံဃာနှင့် ပြည်သူတို့၏ တောင်းဆိုချက်များကို လိုက်လျောပေးရန် အတွက် မြ၀တီနှင့် ကော့ကရိတ်တွင် ဆန္ဒဖော်ထုတ် ခဲ့ကြသည့် DKBAအဖွဲ့၏ ဆန္ဒဖော်ထုတ်မှုသည် ဥပဒေနှင့် မကိုက်ညီကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက စာရေးသား ကန့်ကွက်ခဲ့သည်ဟု သိရှိရသည်။

ရေလမ်းခရီးဖြင့် တာဝန်အရ ခရီး သွားနေကြသည့် DKBAတပ်ဖွဲ့ဝင်အချို့

အဆိုပါစာကို DKBAအဖွဲ့ ဆန္ဒဖော်ထုတ်အပြီး DKBAအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စောလားပွယ်ထံ ၀န်ကြီးဦးအောင်မင်းက ကန့်ကွက်စာ ရေးသားပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း DKBAမှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောဆန်းအောင်က ယခုလို ပြောဆိုသည်။

“ဒီလိုဆန္ဒထုတ်ဖော်တာ ဥပဒေနဲ့ မကိုက်ညီဘူးတဲ့ ဦးအောင်မင်းက စာပို့တာရှိတယ်။ ကော့ကရိတ်မှာ ပြတဲ့ကိစ္စကို ဗိုလ်ချုပ်စောလဘွယ်ဆီကို ဦးအောင်မင်းက စာပို့လာတယ်။ ကျနော်ကလည်း ပြန်ပြောချင်တယ်။ ဒီမိုကရေစီဖော်ဆောင်တဲ့အခါ ရဟန်းသံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းပစ်တာကရော၊ ဥပဒေနဲ့ကိုက်ညီသလားလို့ ဦးအောင်မင်းကို ဒီကနေ ကျနော်မေးချင်တယ်နော်။”ဟုလည်း ပြောဆိုသည်။

DKBAဆန္ဒထုတ်ဖော်ထုတ်ပွဲ များ ပြုလုပ်အပြီး DKBAများ အခြေချရာ ဂိတ်နှင့် စခန်း အနီးပတ်ဝန်းကျင်များတွင် မြန်မာစစ်တပ်မှ အထက်အမိန့်ဟု ဆိုကာ တိုးမြှင့် ချထားမှုများ ရှိသည်ဟုလည်း DKBA တပ်မှူးများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိ DKBAတပ်ဖွဲ့ဝင် အများအပြားသည် ယခုလတွင် ကျရောက်မည့်  ဒီကေဘီအေ နှစ်ပတ်လည် နေ့အတွက် ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်တွင် ရောက်ရှိနေကြပြီး သတိရှိကြရန် သက်ဆိုင်ရာ တပ်မှူးများမှ တဆင့် လှုံဆော်ထားသည်ဟု စုံစမ်းသိရှိရသည်။

ထို့အပြင် DKBAနှင့်အတူ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် KNU/KNLAငြိမ်းအဖွဲ့မှလည်း အလားတူ သတိရှိကြရန် လှုံဆော်မှုတွေ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။






Olá! Se você ainda não assinou, assine nosso RSS feed e receba nossas atualizações por email, ou siga nos no Twitter.
Nome: Email:

0 comments:

Post a Comment